Ch.144 Extra

1.1K 71 0
                                    

UNICODE

တံခါးနားမှာ ရပ်နေသည့် ကလေးတွေအားလုံးဟာ တူးတူးလေးတို့ သူငယ်တန်းကျောင်းမှ ကလေးတွေဖြစ်၏။တူးတူးတို့အတန်းထဲက ကလေးတွေအားလုံးနီးပါး ရောက်လာကြပေသည်။

ညအမှောင်အောက်တွင် ဖြူဖွေးသော လရောင်က ဖြာကျနေကာ ကလေးတစ်ယောက်ချင်းစီ၏ လက်ထဲတွင် ရွှေဖရုံသီးမီးအိမ်လေးတွေကို ကိုင်ဆောင်ထားပြီး ရွှေဖရုံသီးမီးအိမ်မှ နူးညံ့သော အဝါရောင်အလင်းတန်းများသည် တောက်ပနေသည်။

ကလေးတိုင်းသည် ဟောလဝင်း ပွဲတော်အတွက် အမျိုး‌မျိုးသော ကာတွန်းဇာတ်ကောင်ဝတ်စုံများနှင့် အခြားဇာတ်ကောင်များ၏ဝတ်စုံများကို ဝတ်ဆင်ထားကြသည်။

သို့သော်လည်း ထိုဝတ်စုံလေးတွေဟာ အထူးသဖြင့် ကလေးလေးတွေဝတ်ဆင်လိုက်သည့်အခါ ပို၍ပင် စိတ်ဝင်စားဖို့ ကောင်းသွားပေသည်။

"မင်္ဂလာပါ ရဲ့အားရီ"
ကလေးလေးတွေဟာ ရွှေဖရုံသီးမီးအိမ်လေးများကို ကိုင်ဆောင်ပြီး သူတို့မိဘများနှင့်အတူ အိမ်ထဲသို့ ဝင်လာကြသည်။

ရဲ့ဖန်သည် ဝတ်ရုံအရှည်ကြီးဝတ်ဆင်ထားပြီး သတိကြီးကြီးထားပြီး လမ်းလျှောက်နေသော ကလေးအချို့ကို ကြည့်ကာ မပြုံးမိဘဲ မနေနိုင်ချေ။

"အားလုံးကြိုက်တဲ့ မုန့်တွေလုပ်ထားတယ်နော်။"
ရဲ့ဖန်၏စကားကိုကြားသည်နှင့် ကလေးများသည် ချက်ချင်းပင် ပျော်ရွှင်သွားကြတော့သည်။

ပထမထပ်ရှိ ဧည့်ခန်းတွင် ကွတ်ကီးများနှင့် သကြားလုံးများ ပြည့်နှက်နေကာ ချိုမြိန်သောအရသာသည် ခြံထဲထိသို့ ပျံ့နှံ့သွားသည်။က‌လေးများသည် မိဘများ၏ထိန်းချုပ်မှုကြောင့် ချိုသောအရာများကို အများကြီးစားရလေ့မရှိပေ။

ယခုအချိန်သည် ဟောလဝင်းပွဲတော်ဖြစ်တာကြောင့် မိဘများသည် သူတို့ကလေးတွေ ဒီနေ့ ကောင်းကောင်းပျော်နိုင်ရန် သူတို့ရဲ့ထိန်းချုပ်မှုများကို ဖြေလျှော့ပေးထားသည့်အတွက် ကလေးများဟာ ရဲ့ဖန်ပြောသည်ကိုကြားသည်နှင့် ဧည့်ခန်းထဲသို့ ပြေးဝင်သွားကြသည်။

တူးတူးလေးသည် ဦးဆောင်သူလေးတစ်ဦးဖြစ်လာပြီး ကလေးများအားလုံးသည် တူးတူးလေးနောက်မှလိုက်သွားကြကာ တူးတူးလေးကလည်း ကလေးများအားလုံးကို အထဲသို့ ခေါ်ဆောင်သွားပေလေသည်။

ဗီလိန်လေး၏ မာမီအဖြစ် ရှင်သန်ခြင်း Completed ✓Where stories live. Discover now