Ch.131

1.7K 121 0
                                    

UNICODE

ဒီနေ့ ရာသီဥတုက အရမ်းမပူပေ။

ပန်းစည်းကိုင်ထားပြီး နေရောင်ထဲမှာရပ်နေသည့် ရဲ့ဖန်သည် သူမရှေ့မှာ ရပ်နေသည့်ဟဲဟန်ကို လှမ်းမြင်လိုက်၏။သူက suite ကို ဝတ်ဆင်ထားပြီး သူမ၏မင်္ဂလာဝတ်စုံနှင့် လိုက်ဖက်သည့် ဖိနပ်ကိုစီးထားသည်။

ဟဲဟန်သည် ပင်လယ်ပြာပြာကို နောက်ခံထားထားသည့် အခမ်းအနားစင်မြင့်ပေါ်တွင် မတ်တပ်ရပ်နေပြီး ရဲ့ဖန်ကို ကြည့်နေသည်။

သူ့မျက်လုံးများက အလွန်နက်မှောင်နေပြီး လေးနက်သည့်မျက်လုံးများက သူ့ကိုဝန်းရံထားသည်။သူတို့နှစ်ဦး၏မျက်လုံးထဲမှာ တခြားမည်သူ့ကိုမျှ မမြင်နိုင်တော့ချေ။

ကျန်းလန်သည် ရဲ့ဖန်ကို ကြည့်နေသည်။ရဲ့ဖန်သည် မင်္ဂလာဝတ်စုံကို ဝတ်ဆင်ထားကာ ရှေ့သို့ တစ်လှမ်းချင်းလျှောက်လှမ်းလာသည်။ကျန်းလန်သည် ချဉ်တူးနေသော နှာခေါင်းနှင့် မျက်ရည်များဖြင့် သူမကို ကြည့်နေလေသည်။

ရဲ့ဖန်သည် သူမဖြတ်သန်းခဲ့ရသော ဘဝတစ်လျှောက်လုံးတွင် ဒုက္ခများစွာကို တွေ့ကြုံခံစားခဲ့ပြီးမှ ဤကဲ့သို့ ထူးချွန်သော လူတစ်ယောက် ဖြစ်လာခဲ့သည်။ကျန်းလန်သည် သူမအတွက် ဂုဏ်ယူမိသလို တစ်ချိန်တည်းမှာပင် စိတ်မကောင်းလည်းဖြစ်မိသည်။

ကံကောင်းထောက်မစွာဖြင့် ရဲ့ဖန်သည် သူမ၏ အချစ်စစ်နှင့်တွေ့ဆုံခဲ့ပြီး လူအများကလည်း သူမကို ဂရုစိုက်ပေးနေကြဆဲဖြစ်သည်။

ကျန်းလန်၏ အတွေးများသည် ရှုပ်ထွေးနေသည်။သူမသည် ရဲ့ဖန် ဖြတ်သန်းခဲ့သောဘဝကို ကြည့်ခွင့်မရခဲ့ချေ။

သို့သော်လည်း ရဲ့ဖန်၏ ပျော်ရွှင်နေသော အနာဂတ်နေ့ရက်များကိုမူ သူမသေချာလေး ကြည့်ရှု‌နိုင်တော့ပေမည်။

အဘွားဟဲသည် ကျန်းလန်ဘေးမှာထိုင်နေပြီး ရဲ့ဖန်နှင့် ဟဲဟန်တို့ကို စိုစွတ်နေသည့် မျက်လုံးများဖြင့် ကြည့်နေသည်။

ပထမတုန်းက ဟဲဟန်မှာ သူသဘောကျနေတဲ့ မိန်းကလေးရှိတယ်‌ဆိုတာ သူမ သိတဲ့ အချိန်က သူမ အလွန်ပျော်ရွှင်ခဲ့သည်။အဘယ်ကြောင့်ဆိုသော် ဟဲဟန် သဘောကျတဲ့လူက အရမ်းကောင်းနေမယ်ဆိုတာ သူမသိနေတာကြောင့်ပဲဖြစ်သည်။

ဗီလိန်လေး၏ မာမီအဖြစ် ရှင်သန်ခြင်း Completed ✓Tahanan ng mga kuwento. Tumuklas ngayon