"အခု အဲဒီ့ရွာကို သွားမယ်ပြောလိုက်တာလား မက်သရူး...."
ဆိုင်ထဲဟိန်းခနဲ ထွက်လာသည့်အသံကြောင့် မက်သရူးတို့ကို ဘေးဝိုင်းတို့က လှည့်ကြည့်လာကြသည်။ မက်သရူး အားနာတာရော ၊ရှက်တာရောနဲ့ပေါင်းကာ စိတ်ရှုပ်လာရင်း .....
"အသံလေး တိုးပြော အဲလစ် .... ဘေးဝိုင်းတွေအားနာအုံး ...."
"ခုအချိန်မှာ ဘယ်သူ့မှအားမနာနိုင်ဘူး ...မက်သရူး ...မင်းက အဲရွာကိုသွားမယ်ဆို ကိုယ်တို့လက်ထပ်ဖို့ကရော ....ဟမ် .."
"ဖျက်လိုက်ပေါ့ .... ငါ့ကို မင်းမစောင့်နိုင်ပါဘူး ... ဒါမှမဟုတ် ငါ့ကိုမခွဲနိုင်ရင် ငါတာဝန်ကျတဲ့ရွာလိုက်ခဲ့ပါလား...."
"တော်ပြီ မက်သရူး ... တောကြုံအုံကြားကရွာတော့ လိုက်မနေနိုင်ဘူး ... ကိုယ်ကမင်းနဲ့လက်ထပ်ပြီးရင် ကနေဒါကို အပြီး ခေါ်သွားဖို့တောင် လုပ်ထားတာ ..."
"ငါ့ဘက်ကလည်း မင်းခေါ်တဲ့ ကနေဒါ မလိုက်နိုင်ဘူး .... မင်းနဲ့လက်ထပ်ဖြစ်တောင် ငါ ကိုရီးယားမှာပဲနေမှာ နိုင်ငံရပ်ခြားလိုက်နေဖို့စိတ်ကူးမရှိဘူး ... နောက်ပြီး ငါ အဲရွာမှာ စေတနာ့ဝန်ထမ်းလုပ်မှာ မကြိုက်ရင် လမ်းခွဲကြမယ် အဲလစ် ...."
"ဘာာ .... မက်သရူး မင်း မင်းရဲ့ ဆရာဝန်လခတပဲခြောက်ပြားနဲ့ အနုတ်စုတ်ရွာမှာ အချိန်တွေမဖြုန်းချင်ပါနဲ့ .... ဘာမဟုတ်တဲ့အလုပ်ကိုတွယ်ကပ်မနေပဲ ငါ့လုပ်စာထိုင်စားရင်စား ... ဒါမှမဟုတ် မင်း ကနေဒါလို ဆေးရုံကြီးမှာဆို ဝင်လုပ်ရင် ပိုက်ဆံအများကြီးဝင်- ...."
"ဖြန်းးးးးး "
စားပွဲပေါ်ကရေခွက်ဟာ အခုတော့ မက်သရူးလက်ထဲမှာ။ နောက်ပြီးအဲထဲက ရေတွေကတော့ ကျိန်းသေပေါက် အဲလစ်မျက်နှာပေါ်မှာပေါ့။
"ဆော့မက်သရူးးး "
"မင်းနဲ့ငါ ပြတ်ပြီ ... အဲလစ် .... ငါ့ အလုပ်ကို မစော်ကားနဲ့ ...အဲရွာကို ငါသွားချင်လွန်းလို့ စေတနာ့ဝန်ထမ်းတမင်ရအောင်လျှောက်ထားတာမို့ မရရအောင်သွားမှာ ...နောက်ပြီး အဲလောက်နိုင်ငံခြားကိုခေါ်ချင်နေရင် မင်းရဲ့ ငါမသိအောင် တွဲနေတဲ့ အကောင်ကို ခေါ်သွားလေ ..."

YOU ARE READING
Unintentional Love
Fanfiction" ရော့ မင်းလိုချင်တဲ့ သစ်ခွ .... လမ်းမှာတွေ့လို့ကောက်လာတာ " " ပန်းပေးရင် အလှမ်းဝေးတတ်တယ် လူ့ဂွစာရဲ့ ....."