မက်သရူးရှေ့ထွက်လာတော့ ပစ္စတိုသေနတ်တလက်ကိုင်ထားသည့် လူ့ဂွစာနဲ့အတူ ဂွန်းဝုကတော့ ပျောက်နေသည်။ဒီရွာမှာ လက်နက်ကိုင်ဆောင်ခွင့်ရှိသလား။ မက်သရူးအထိတ်တလန့်ပင် .....
"ဘာဖြစ်တာလဲ ..... ဂွန်းဝုကရော .....ဂွန်းဝုဘယ်ရောက်သွားတာလဲ ..."
မက်သရူးမေးတော့ ထိုလူက သေနတ်ကို ခါးကြားတစ်ချက်ထိုးလိုက်ရင်း ....
"ကိစ္စရှိလို့ အိမ်ပြန်လွှတ်လိုက်တာ မပူနဲ့ .... မင်းလည်းကိစ္စပြီးပြန်တော့ ... ဒီရွာမှာ ညနက်သည်အထိအပြင်မှာမနေနဲ့ ... "
ထိုလူကပြောကာ မက်သရူးဘေးကနေဖြတ်ကာ အိမ်ထဲဝင်ဖို့ပြင်သည်။ မက်သရူးက ထို့လူ့လက်မောင်းကို လှမ်းဆွဲလိုက်သည်။
"အ့ .... "
ထိုလူ့ဆီက ညည်းသံအချို့ကြောင့် မက်သရူးလက်ပြန်ရုတ်လိုက်တော့ လက်ဖျားမှာ သွေးစအချို့.....
"ခန .... ခင်ဗျားဒဏ်ရာရထားတာလား .... "
"မင်းအပူမပါဘူး ပြန် ... "
ပြောပြီးအိမ်ရှိရာဆီဆက်သွားတဲ့ ထိုလူရှေ့ မက်သရူးပိတ်ရပ်လိုက်သည်။ ထိုလူက ဘာလုပ်တာလဲဆိုသည့်ပုံစံဖြင့် မျက်လုံးလှန်ကြည့်လာတဲ့အချိန် ထိုလူရဲ့လက်မောင်းပေါ်ကအက်ျီစကို ဆွဲလှန်ပစ်လိုက်သည်။ ကန့်လန့်ဖြတ်ကာ သွေးထွက်နေသည့် ဒဏ်ရာက မက်သရူး မျက်လုံးကို ဝိုင်းသွားစေသည်။
"ဒဏ် ဒဏ်ရာက !! ...."
"မင်းအပူမပါဘူးလို့!!!!! ......"
"ဆရာဝန်တစ်ယောက်က ဒဏ်ရာမြင်တာတောင် သူ့အပူမဟုတ်တာ ဖြစ်ပါ့မလား လူ့ဂွစာရဲ့ .....လူ့ဂွစာလို့ပြောလည်းမကြိုက်ဘူး .... အိမ်ကိုလိုက်ခဲ့ ချုပ်ရမယ်ထင်တယ် ဆေးထည့်ပေးမယ် ..."
"မလိုဘူး .... ငါ့ဟာငါထည့်မယ် .... "
"ခင်ဗျား!!! ...... နေဗျာ ခင်ဗျားဟာခင်ဗျား သေ သေ.... စေတနာနဲ့မတန်တဲ့လူ ..... "
မက်သရူးစိတ်ဆိုးမာန်ဆိုးဘောက်ဆတ်ဘောက်ဆတ်ပြောကာ ထွက်လာခဲ့လိုက်သည်။ ခြံပြင်ရောက်မှ စုတ်တချက်သပ်လိုက်ရင်း ဆုံးဖြတ်ချက်ချကာ ထိုလူ့ဝင်သွားရာ အိမ်ထဲအထိ အပြေးပြန်လိုက်ဝင်သွားလိုက်တော့သည်။
YOU ARE READING
Unintentional Love
Fanfiction" ရော့ မင်းလိုချင်တဲ့ သစ်ခွ .... လမ်းမှာတွေ့လို့ကောက်လာတာ " " ပန်းပေးရင် အလှမ်းဝေးတတ်တယ် လူ့ဂွစာရဲ့ ....."