"ဒါက ဘယ်လိုဖြစ်တာလဲ ကင်မ်ထယ်ရယ်!! ....မင်းရူးသွားတာလား ...."သတိအနေအထားနဲ့ရပ်နေတဲ့ထယ်ရယ်ဟာ မျက်နှာထက်ပစ်ပေါက်ခံလိုက်ရသော ပုံအချို့ကြောင့် ပါးမှာ ရှရာတစ်ခုဖြစ်လို့လာသည်။ ထယ်ရယ် ထိုင်ခုံထက်က ဗိုလ်မှူးဝတ်စုံအပြည့်နဲ့ လူအား စိုက်ကြည့်လိုက်ရင်း .....
" လူ လူချင်း ချစ်တာ ဘာမှားလို့လဲ ..... "
"လူ လူချင်း ချစ်တာ မမှားဘူး .... အဲလူက မင်းဖြစ်နေလို့မှားတာ.... ထယ်ရယ် .... မင်းရောသူရော တက်လမ်းတွေရာထူးတွေရှိသေးတယ် ...ငါမင်းကိုဘယ်လောက်မျှော်မှန်းထားသလဲ...အခုကိစ္စသာ တပ်ရင်းတစ်ခုလုံးပျံ့ကြည့်....ငါ့သိက္ခာတွေဘယ်ရောက်ကုန်မလဲ ...."
"ဒယ်ဒီက ဒယ်ဒီ့သိက္ခာကျမှာကျလို့ပြောနေတာလေ... နည်းနည်းပါးပါး ကျွန်တော့်ဘက်ကို တွေးပေးပါအုံးလား... အမြဲဒယ်ဒီဖြစ်စေချင်တဲ့အတိုင်းအမြဲနေခဲ့တာပဲ .... အခုပဲဖြစ်ဖြစ် ကျွန်တော့်နေရာက ဝင်တွေးပေးပါအုံးလား .... အဲဒါကြောင့် ဒယ်ဒီ့အတ္တတွေကြောင့် မာမီက ဒယ်ဒီ့ကိုထားခဲ့တာ ..."
"ကင်မ်ထယ်ရယ်!!!! ......... "
ထယ်ရယ့်ရဲ့ စကားအဆုံး ဖြောင်းခနဲ ပါးပေါ်ရောက်လာတဲ့လက်ဖဝါးတစ်ဖက် ....။ ရိုက်ပြီးမှ ထိုလက်ဖဝါးအားမယုံနိုင်သလိုပြန်ကြည့်မိသည်။ ငယ်စဉ်ကတည်းက မိခင်ဖြစ်သူကမျက်နှာတစ်ချက်မပျက်ဘဲ ထားသွားကတည်းက သားဖြစ်သူကို သူဘယ်လိုပျိုးထောင်ခဲ့ရသလဲ။
"ဗိုလ်မှူး!.....ထယ်! ..ရလား "
အထဲကအသံကြောင့် အခန်းရှေ့မှာစောင့်နေရင်းက ပြေးဝင်လာတဲ့သူက ထယ်ရယ့် ပုခုံးအားအသာဖက်လို့သူ့နောက်ပို့ရင်း ဗိုလ်မှူးဖြစ်သူအားခေါ်သည်။ ထယ်ရယ်က အရိုက်ခံရတဲ့ပါးတစ်ဖက်အား အုပ်ရင်း အဖေဖြစ်သူအား နောက်ကနေစူးနေအောင်ကြည့်ကာ ....
"ကျွန်တော်တို့ လုံးဝ လမ်းမခွဲနိုင်ဘူး ......"
ထယ်ရယ့်စကားကြောင့် ဗိုလ်မှူးကသက်ပြင်းအသာချရင်း...
"ရစ်ခီရှန် ...ဒီတစ်ခေါက်စစ်ဆင်ရေးပြီးရင် ရာထူးကနှုတ်ထွက်လိုက် ......."
![](https://img.wattpad.com/cover/356861533-288-k812773.jpg)
YOU ARE READING
Unintentional Love
Fanfiction" ရော့ မင်းလိုချင်တဲ့ သစ်ခွ .... လမ်းမှာတွေ့လို့ကောက်လာတာ " " ပန်းပေးရင် အလှမ်းဝေးတတ်တယ် လူ့ဂွစာရဲ့ ....."