ခပ်သွဲ့သွဲ့တိုက်ခတ်နေသည့် လေပြေလေညှင်းတို့က လှေဦးထိပ်မှာ ထိုင်နေသည့် မက်သရူးရဲ့ဆံပင်တို့အား ကျီစားလို့နေသည်။ မြစ်ကြောင်းရဲ့ တစ်ဖက်ကမ်းက တောင်တန်းတွေမှာတော့ နေဝင်ပြီမို့ နေလုံးကြီးက တောင်တန်းတို့ကြား တစ်ဝက်မြုပ်လို့နေလေသည်။ မက်သရူးက မျက်စိရှေ့မှာမြင်နေရသည့် နေဝင်ဆည်းဆာအလှကို ငေးကြည့်နေမိသည်။ သူ ဒီလိုနေရာကို ရွေးချယ်ရတာ ဒီလိုမြင်ကွင်းကြောင့်လည်းပါသည်။ ကားတွေ၊လူတွေထူထပ်သည့်မြို့ကြီးပြကြီးထက် ဒီလိုဒေသလေးက လေက ပိုမိုလတ်ဆတ်သည်ဟုထင်ရသည်။ အိပ်တန်းတက်ဖို့ပျံနေကြသည့် ငှက်ငယ်တွေရယ်၊ စိမ်းဖန့်နေသည့် တောင်တန်းကြားမှာ မှေးဝင်အိပ်စက်တော့မည့် နေလုံးကြီးရယ်၊ အရောင်ပြန်ထပ်နေတဲ့ မြစ်ရေပြင်ကျယ်ရယ်။ ပန်းချီတစ်ချပ်ဖွယ် လှပလွန်းနေသည်။ မက်သရူး ရှုခင်းတို့အား ကြည့်ရင်း နောက်သို့လှည့်ကြည့်လိုက်သည်။
မော်တော်ဘုတ်ရဲ့ တက်ကိုကိုင်နေသည့် လူ့ဂွစာဟာ တစ်ခုခုကိုတွေးနေဟန်ရှိပြီး အသွားကထက် မျက်နှာတည်တင်းလို့နေကာ မျက်ခုံးနှစ်ခုတို့က ထိစပ်မတတ်ကျုံ့လို့နေသည်။ အရင်နေ့တွေလို ခပ်ရှည်ရှည်ဆံနွယ်စတို့အား တစ်ချို့တစ်ဝက်ကို နောက်လှန်စည်းထားသည်။ ဂျင်းဘောင်းဘီအပွအရှည်နဲ့ လက်ပြတ်အကျီအဖြူတစ်ထည်ကို တွဲလို့ဝတ်ထားသည်။ ဟိုနေရာကို ဝင်လာပြီးကတည်းက မျက်နှာထားက ပုံမှန်ထက်တည်တင်းလို့နေတာမို့ မက်သရူး စကားမစရဲပေ။ တဖြည်းဖြည်းမှောင်လာသည့် ပတ်ဝန်းကျင်နဲ့အတူ ဂျီအွန်းက မော်တော်ဘုတ်အား ရေကြောရှာကာ သတိထားလို့မောင်းနေရသည်။ သို့ပေမဲ့ ခနအကြာမှာ ထူးဆန်းတဲ့အသံနဲ့အတူ ထိုးရပ်သွားသည့် မော်တော်ဘုတ်။"ကျစ်! .... ထင်တယ် .... "
"ဘာဖြစ်တာလဲဟင် ...ရောက်ပြီလား .... "
မက်သရူးက စက်သံရပ်သွားတာမို့ မေးလိုက်တော့ ဂျီအွန်းက ခေါင်းခါပြသည်။
"စက်ပျက်သွားတာ ... ခနလေး ရေထဲဆင်းကြည့်အုံးမယ် ... မင်း အလယ်လာထိုင် .... "
ဂျီအွန်းစကားကြောင့် မက်သရူးမျက်နှာလေး ငယ်သွားရင်း ဒီတစ်ခါတော့ ဂျီအွန်းပြောသလို မော်တော်ဘုတ်ရဲ့အလယ်ကို လာထိုင်လေသည်။ ဂျီအွန်းက ကိုယ်ပေါ်က အကျီလက်ပြတ်အား ချွတ်လိုက်ရင်း ....
![](https://img.wattpad.com/cover/356861533-288-k812773.jpg)
YOU ARE READING
Unintentional Love
Fanfiction" ရော့ မင်းလိုချင်တဲ့ သစ်ခွ .... လမ်းမှာတွေ့လို့ကောက်လာတာ " " ပန်းပေးရင် အလှမ်းဝေးတတ်တယ် လူ့ဂွစာရဲ့ ....."