"ဟေ့ .... အလယ်လာထိုင် ... လှိုင်းပုတ်လို့ပြုတ်ကျရင် မိကျောင်းစာမိမှာနော် ...."ဂျီအွန်းက တက်ကိုကျွမ်းကျင်စွာကိုင်ရင်း လှေဦးထိပ်က ဆရာဝန်ပေါက်စအားပြောလိုက်သည်။ မနေ့က မြို့ကိုသွားဖို့ရှိလား လာမေးတာကို သူနဲ့ရန်ဖြစ်ပြီး ပြန်သွားသည့် ဆရာဝန်ဒေါသအိုးလေး။ မနက်ကျမှ ထယ်ရယ်လိုက်ပြောပေး၍ သူနဲ့မလိုက်ချင်လိုက်ချင် ထလိုက်လာပုံရသည်။ အစည်းအဝေးရှိတယ် သဲ့သဲ့ကြားထားတာ ဖြစ်နိုင်လောက်သည်။ စတစ်ရှပ်လက်ရှည်အဖြူလေးကို စတိုင်ပန်အနက်နဲ့တွဲဝတ်ထားသည်။ ဆံပင်ကို အရင်လို ခပ်အုပ်အုပ်ချထားတာမဟုတ်ပဲ အလယ်ခွဲကာ နောက်လှန်ပြီးသပ်တင်ထားတာမို့ ဒီနေ့ကျလူကြီးလူကောင်းလေးနဲ့ တူနေပြန်သည်။ မနေ့ကရန်ဖြစ်ထားတာမလို့ သူ့ကို တွေ့ကတည်းက စကားမပြောသေးပေ။ အခုလည်း သူပြောတာကို အဖက်မလုပ်ပဲ လှေဦးမှာထိုင်နေဆဲပဲမို့ ထပ်မပြောတော့ပဲ ရေလမ်းကြောင်း ရှာရင်း မော်တော်ဘုတ်သာ သေချာမောင်းနေလိုက်တော့သည်။
နှစ်နာရီခွဲလောက်ကြာအောင် သွားလို့အပြီးမှာ ဆိပ်ကမ်းသို့ဆိုက်လေသည်။ ဂျီအွန်းက မော်တော်ဘုတ်အား ကြိုးချည်ပြီးတဲ့နောက်မှာ ဆရာဝန်ပေါက်စအား မော်တော်ပေါ်မှဆင်းဖို့ လက်ကမ်းပေးလိုက်သည်။ သို့သော် သူ့လက်အား လျစ်လျူရှုလို့ သူ့ဘာသာသူခုန်ဆင်းသွားတဲ့ ဆရာဝန်လေးကြောင့် လက်တို့အား ပြန်ရုတ်လိုက်တော့သည်။ သူ့ကို အခုထိစိတ်ဆိုးမပြေသေးဘူးကိုး။ ဂျီအွန်းက ဆိပ်ကမ်းစောင့်အား မော်တော်ဘုတ်အား အပ်လို့ သူ့ကားသော့တောင်းယူလိုက်သည်။ ဆိပ်ကမ်းစောင့်က လက်ထဲကားသော့ ထည့်ပေးကာ အလေးပြုလာရင်း ...
" ဗိုလ်မှူးလာသွားသေးလား ... ဗိုလ်ကြီး ..."
"လာတယ် .... အခုတလော ဒီဘက် အခြေအနေဘယ်လိုရှိလဲ James...."
" Felix တို့လူစုကိုပြောတာဆိုရင်တော့ မြို့ထဲခြေကျင်းလိမ်နေတယ် ... မူးယစ်ဆေးအပြင် လက်နက်တွေပါ မှောင်ခိုလုပ်နေတယ်ကြားတယ် ... ဗိုလ်ကြီး ။ ဗိုလ်ကြီးရော .... "
မေးလာတဲ့မေးခွန်း၊ ကြည့်လာတဲ့အကြည့်တွေက မျှော်လင့်ချက်တွေပါပေမဲ့ ဂျီအွန်း မသိချင်ယောင်ဆောင်ကာ သက်ပြင်းချလိုက်သည်။
YOU ARE READING
Unintentional Love
Fanfiction" ရော့ မင်းလိုချင်တဲ့ သစ်ခွ .... လမ်းမှာတွေ့လို့ကောက်လာတာ " " ပန်းပေးရင် အလှမ်းဝေးတတ်တယ် လူ့ဂွစာရဲ့ ....."