"ဆရာလေး! ... ဆရာလေး! ...."
အိမ်ရှေ့ကခေါ်သံကြောင့် ထယ်ရယ်နဲ့မက်သရူး ထမင်းစားနေရာက ထကြည့်ရသည်။ အိမ်ရှေ့ထွက်လာတော့ ဟိုတစ်ခါ ကိုယ်ဝန်သည်ရဲ့ ခင်ပွန်း။ လက်ထဲမှာလည်း အထုတ်အပိုးတွေနဲ့ တနင့်တပိုးနဲ့။
"ဪ .. ဘာကိစ္စရှိလို့လဲဗျ ...ကလေးတစ်ခုခုဖြစ်လို့လား .."
ထယ်ရယ်က အရင်မေးလိုက်သည်။ ထိုလူကလက်ခါပြရင်း ...
"မဟုတ်ပါဘူးဗျ ... ကလေးရော၊ လူကြီးရောကျန်းမာတယ် ...အဲဒါ ဆရာလေးတို့ကို ကျေးဇူးတင်လွန်းလို့ လာကန်တော့တာပါ... "
ပြောရင်း ထိုင်ကန်တော့ဖို့ပြင်နေတဲ့လူကြောင့် မက်သရူးရော၊ ထယ်ရယ်ပါ အသည်းအသန်ပြေးဆွဲရတော့သည်။
"အဲ ... ဟာ ဟေ့လူ ..,ဘာလုပ်တာလဲ ထပါဗျ ...ငရဲတွေကြီးကုန်တော့မှာပဲ ... "
ထိုလူအား ရှေ့က ကွပ်ပျစ်ထက်ထိုင်စေပြီး ....သူတို့ပါဝင်ထိုင်လိုက်ရတော့သည်။
"အိမ်ကအဘွားကြီးကပါ ဆရာလေးတို့ကို ကျေးဇူးတင်နေတာ...တကယ်တော့ ဒီကလေးက ကျွန်တော်တို့အတွက် သားဦးလေးပါ .... မိန်းမက အသက်အရွယ်ကြီးမှကလေးရတာဖြစ်တော့ အရမ်းလိုချင်နေတာလေ ... ဆုံးရှုံးရခါနီးလေး ဆရာလေးတို့ကျေးဇူးကြောင့် အသက်ရှင်ရတာ ... တကယ်ကျေးဇူးတင်လို့မဆုံးပါဘူး .... "
"မဟုတ်တာ .... တကယ်တော့ ကျွန်တော်တို့တာဝန်ပဲဟာ ... ဒီရွာမှာတာဝန်ကျတဲ့သူမလို့ ဒီရွာကလူတွေရဲ့ကျန်းမာရေးကအစ ကျွန်တော်တို့မှာတာဝန်ရှိတာပါ .... "
မက်သရူးကပြောတော့ ထိုလူက ခေါင်းငြိမ့်သည်။
"ဒါပေမဲ့ ဒီရွာကလူတွေကခေါင်းမာတယ် ဆရာလေးရဲ့ ..သူတို့ယုံကြည်ရာပဲ ... ဒါဆို ကျွန်တော်သွားတော့မယ်နော် တစ်ခုခုလိုတဲ့အခါတိုင်း အချိန်မရွေးပြောပါ ကျွန်တော်ကူညီပါ့မယ် ..."
"ဟုတ်ကဲ့ပါ ...ဗျ ... "
ထိုလူထွက်သွားခါမှ မက်သရူးတို့အထဲပြန်ဝင်ခဲ့ကြတော့သည်။
" ဟေ့လူ ကျုပ်တို့ဆရာက သူ့ကိုပေးရမှာကျန်တဲ့ ပိုက်ဆံ ဘယ်တော့ပေးမှာလဲ မေးနေတယ် ..."

YOU ARE READING
Unintentional Love
Fanfiction" ရော့ မင်းလိုချင်တဲ့ သစ်ခွ .... လမ်းမှာတွေ့လို့ကောက်လာတာ " " ပန်းပေးရင် အလှမ်းဝေးတတ်တယ် လူ့ဂွစာရဲ့ ....."