"မြတ်သွယ် သူ့ကိုလက်မထပ်နိုင်ဘူးဖေဖေ"
"မရဘူးမြတ်သွယ် ဖေဖေတို့စီစဉ်တာကိုသမီးလက်ခံရမယ် မနက်ဖြန် နွယ် လာခေါ်လိမ့်မယ် သမီးသူနဲ့သွားနေရမယ် ဒါဖေဖေ့အမိန့်ပဲ"
ပြောချင်ရာပြောပြီးထွက်သွားသောသူမဖခင်ကြောင့် မြတ်သွယ် ဝမ်းနည်းမိသည် ဒီ့အပြင်သူမချစ်တဲ့သူတစ်ဦးသည်လဲရှိသည်မလား မချစ်မနှစ်သက်သောသူနှင့်လက်မထပ်ချင်ကြသည်ကလူတိုင်း၏ဆန္ဒမဟုတ်လား သို့သော် မြတ်သွယ်မှာ သူမ၏ဖခင်စကားကိုမလွန်ဆန်နိုင်ပေ။
"တို့ရောက်နေပြီ မြတ်သွယ် မင်းအိမ်ထဲမှာဆိုရင်လဲအဝတ်စားတွေယူပြီး ထွက်လာခဲ့တော့ကွယ်"
"ခဏလေးပဲစောင့်ပါမစု"
မစုဆိုသည်မှာဒေါ်စုသဉ္ဇာနွယ်ဟူသော မြတ်သွယ်နှင့်မကြာခင်စေ့စပ်ရတော့မည့်မိန်းကလေးတစ်ဦးဖြစ်သည် မြတ်သွယ်အဝတ်စားတို့အားယူကာအိမ်အောက်သို့ဆင်းလာစဉ်ပင် ဒေါ်စုသဉ္ဇာနွယ်ကားကိုမြင်သည်နှင့် ကားအတွင်းသို့ဝင်လိုက်သည် ထိုကားလေးသည်စံဂေဟာမြတ်ဆိုသည့် မြတ်သွယ်တို့အိမ်လေးမှ တဖြေးဖြေးချင်းအလှမ်းဝေးသွားသည် တစ်နေရာသို့စူးစိုက်စွာငေးမောနေသည့်မြတ်သွယ်အား နွယ်မှစကားစလေသည်။
"ဂျူးသိပြီးပြီလား တို့တွေစေ့စပ်မဲ့အကြောင်းကိုရော တို့အဲ့ကျောင်းကိုပြောင်းလာမှာကိုရော"
"ဒီမယ် ဒေါ်စုသဉ္ဇာနွယ် ၂နှစ်လောက်လိုသေးတဲ့အကြောင်းရာကိုဘာကိစ္စကျွန်မကကြိုအသိပေးရမှာလဲ အခုလိုကျွန်မရှင်နဲ့အတူလာနေတယ်ဆိုတာ ဖေဖေ့ကိုမလွန်ဆန်နိုင်လို့ ပြီးတော့ဖြစ်မလာသေးတဲ့အရာအတွက်လိုတာထက်မျှော်လင့်မနေပါနဲ့ အတ္တကြီးရင်ပူလောင်ရတယ်ဆိုတါရှင်ကောင်းကောင်းသိမှာပါ"
မြတ်သွယ်ဟာလေ သိပ်ကိုပြတ်သားတဲ့မိန်းမပဲ ငယ်ရွယ်ပုံနှင့်မှမလိုက်ပဲသိပ်ကိုရင့်ကျက်သည့်မိန်းမ ၁၈နှစ်ခန့်သာရှိသည့်မြတ်သွယ်ဟာ နွယ်တွေ့ခဲ့တဲ့လွန်ခဲ့သည့်၇နှစ်ကမြတ်သွယ်ပါပဲ လေယူလေသိမ်း အနေထိုင်ကအစ မည်မျှပင်တစ်စိုးတစ်စိမပြောင်းလဲခဲ့ပေ။ အပြင်ဘက်သို့ငေးနေသောမြတ်သွယ်ကို နွယ်သေချာကြည့်မိသည် မြတ်သွယ်ဟာသိပ်ကိုကြည့်၍လှသည့်အမျိုးသမီးပင်ဖြစ်သည်။ မြတ်သွယ်တွင် စူးရှသည့်မျက်လုံးနှင့် မထူမပါးနှစ်ခမ်းတစ်စုံ အနည်းငယ်ရှေ့သိုရောက်နေသည့်နှုတ်ခမ်းပါးအပေါ်လွှာလေးသည် မြတ်သွယ်၏မျက်နှာပေါက်နှင့်အလွန်လိုက်ဖတ်သည်။ မြတ်သွယ်ဟာလေ နွယ်သိပ်ကိုသဘောကျရတဲ့အမျိုးသမီးပင် ဒါ့ကြောင့်လဲ ဆရာမဆိုသည့်ဂုဏ်သိက္ခာကိုတောင်မငဲ့ပဲ ကျောင်းသူဖြစ်သည့်သူမကိုစေ့စပ်ဖို့သွားကမ်းလှမ်းခဲ့သည်လေ။ နွယ်အတွေးနယ်ချဲ့နေသည်နှင့်ပင် အိမ်သို့ရောက်လာသည်ကိုသတိမထားမိ။ ဘေးဘက်တွင်နှစ်ခြိုက်စွာအိပ်ပျော်နေသောကလေးမလေး နွယ် ပါးချိုင့်လေးများနစ်ဝင်သွားသည်အထိနှစ်လိုလက်ရပြုံးလိုက်သည်။
"ကေလးမ မြတ်သွယ် အိမ်ရောက်ပြီ မီးလေး"
ဪ အိမ်တောင်ရောက်ပြီပဲ ပြောစရာရှိတာမို့ ကျွန်မ ဧည့်ခန်းထဲမှာစောင့်နေပါ့မယ်ဒေါ်စုသဉ္ဇာနွယ်"
ဟော ဒီကေလးမအျမဲလိုလို သူပြောပြီးလျှင်ထထွက်သွားတက်သည်ကပင်အကျင့်တစ်ခုပဲလား နွယ်မတွေးတက်တော့ပေ။နွယ်အလျင်မြန်ပဲ အိမ်ထဲသို့ဝင်သွားလိုက်သည်။ ဘေးဘက်ဆိုဖာတွင်ဝင်လိုက်သည်နှင့်ကြားရသည့်စကား နွယ့်ရင်ထဲဆို့နစ်စေသည်။
"ကျွန်မအဖေကို ရှင်ဘယ်လောက်ပေးပြီး ကျွန်မကိုဝယ်လိုက်တာလဲ"
"မင်း တို့ကိုအဲ့လိုမပြောနဲ့မြတ်သွယ် တို့မင်းကိုချစ်လွန်းလို့ နှစ်တွေအကြာကြီးစောင့်လာခဲ့ရတာ"
"အဲ့ဒါနဲ့ပဲ ကျွန်မကိုဝယ်လိုက်တယ်ဆိုပါတော့"
မြတ်သွယ်ဟာ သိပ်ကိုမာထန်တဲ့မိန်းမပဲ မြတ်သွယ်စကားတွေကြောင့် နွယ်ဟာ မျက်ဝန်းထဲ၌မျက်ရည်များအပြည့် နွယ်ထိန်းခဲ့ပါသည် အလိုက်မသိသည့်မျက်ရည်များက ဆက်တိုက်ကျဆင်းလာသည် နွယ်ပါးပြင်ပေါ်ကမျက်ရည်များကိုလက်ဖြင့်ခပ်ကြမ်းကြမ်းဖိသုတ်လိုက်သည်။
"မင်းသိထားသင့်တယ် မြတ်သွယ် တို့ကအခုမင်းပိုင်ရှင်ပဲ မင်းဟာတို့ပိုင်တဲ့အရာပဲ မင်းရဲ့အရာအားလုံးကိုတို့ပိုင်တယ်"
နွယ့်စကားကြောင့် ထိုကလေးမဟာနွယ်ကိုစူးစိုက်ကြည့်သည်။
"ရှင် ကျွန်မအချစ်ကိုတော့မရနိုင်ဘူး ကျွန်မချစ်တာ ဒီကမ္ဘာပေါ်မှာတစ်ယောက်ပဲရှိတယ်"
"မင်းကသိပ်ရယ်ရတဲ့ ကေလးမပဲ ဂျူးကမင်းကိုမှမချစ်ပဲ သူ့မှာဆိုင်သူရှိတယ် မင်းမေ့နေပြီလား မြတ်သွယ်"
နွယ်ပြောလိုက်သည်နှင့်တစ်ပြိုင်နက် ချက်ချင်းဆိုသလို နွယ်လည်တိုင်ပေါ်သို့ မြတ်သွယ်လက်တွေက ဖြစ်ညှစ်လေသည် ထိုမျက်ဝန်း ထိုအကြည့်တွေ နွယ့်စကားကြောင့် သူမဒေါသဖြစ်သွားသည်မှာမလွဲပေ။
"တီချယ်ဂျူးဂျူးက ကျွန်မကိုရှင့်ထပ်ပိုချစ်တယ် ကျွန်မက ကျွန်မကိုချစ်တဲ့သူကိုကပ်တွယ်တာ ရှင်ကရှင့်ကိုမချစ်တဲ့လူကို ကပ္တြယ္တာ ဘာကြာလဲသိလား အရှက်သိက္ခာချင်းကွာတယ် ရှင်ကအရှက်မရှိတဲ့မိန်းမပဲ ဒေါ်စုသဉ္ဇာနွယ်"
နွယ့်လည်တိုင်ပေါ်ကမြတ်သွယ်၏လက်များကို ဖယ်လိုက်ပြီး မြတ်သွယ်ကို ဆိုဖာပေါ်သို့ခပ်ကြမ်းကြမ်းတွန်းလိုက်ပြီး အပေါ်မှအုပ်မိုးလိုက်သည်။
"မင်းမေ့နေရင် တို့ပြန်ပြောမယ် မြတ်သွယ် မင်းကဟော့ဒီ့အရှက်သိက္ခာမရှိတဲ့ တို့ကိုလက်ထပ်ရမှာ မင်းကတို့ဇနီးဖြစ်လာရမှာ မြတ်သွယ် ရှင်းရှင်းပြောလိုက်မယ် မင်းကငါ့အောက်မှာနေပြီး မျက်နှာကျက်ကြည့်ပြီးငါ့နာမည်ကိုတောင့်တပြီးခေါ်နေရမှာ အရှက်သိက္ခာမရှိတဲ့ ငါ့လိုလူစီမှာမင်းအသွေးသားတွေအကုန်ပေးရမှာ ဒီနေ့ကစပြီး ညတိုင်း မင်းအသွေးသားမှန်သမျှငါယူမယ် ငါ့စိတ်ကြိုက်ခြယ်လှယ်မယ် မင်းကငါ့လက်ခုပ်ထဲကရေပဲ မြတ်သွယ်"
ထိုမိန်းမ၏မျက်ဝန်း မြတ်သွယ်မကြိုက်သည့်တင်စီးသည့်စကားလုံးတွေ မြတ်သွယ် စကားကြောင့်ထိုမိန်းမဒေါသထွက်သွားသည်မှာအသေချာပင် ထိုမိန်းမ၏မျက်ဝန်းထဲ၌ ဒေါသအရိပ်ယောင်များကို မြတ်သွယ် ကိုယ်တိုင်သတိမူမိလိုက်သည် ထိုမိန်းမပြောချင်ရာပြောပြီး ထွက်သွားဖို့ဟန်ပြင်နေသည် laggaeကိုဆွဲယူလိုက်သော ထိုမိန်းမ၏နောက်ကျောကိုကြည့်၍
"ဒါဆိုအခုပဲ ရှင်လိုချင်တဲ့ အဲ့ဒီအရာကိုလာယူ ရှင်လိုချင်တာကျွန်မခန္ဓာကိုယ်မလား "
နွယ်အံ့သြမိသည် ထိုစကားကြောင့်နွယ် ကျောခိုင်းထားရာမှလှည့်လိုက်သောအခါ မြတ်သွယ်၏ရင်ခွင်ထဲသို့ နွယ်ဟာအံဝင်ခွင်ကျဝင်သွားသည် မြတ်သွယ်သည်နွယ့်၏ခါးကိုသူမ၏လက်ဖြင့်ယှက်နွယ်လာပြီး
"မြတ်...မြတ်သွယ် တို့ကို အဲ့..အဲ့လိုမလုပ်ပါနဲ့ တို့..တို့မကြိုက်ဘူး
အကြောင်းမှာနွယ့်၏တင်ပါးသို့ ဆုပ်ကိုင်လာသော မြတ်သွယ်၏လက်များ နွယ်ထိုသို့ပြောတော့ မြတ်သွယ်ဟာ နွယ်ကိုလှောင်ပြောင်သည့်အကြည့်များဖြင့်
"ရှင့်ရဲ့ရင်သားတွေနဲ့ ဟောဒီ့တင်ပါးတွေကိုကျွန်မကြိုက်သွားပြီ ရှင်သိချင်လားဘယ်သူကမျက်နှာကျက်ကိုကြည့်ပြီး တောင့်တပြီးအော်ရမလဲဆိုတာကိုလေ"
မြတ်သွယ်၏စကားများကြောင့်နွယ်မျက်နှာများအလွန်ပူလာသည်။
"တို့ သွားနားတော့မယ် မြတ်သွယ် တို့ကို...တို့ကိုလွှတ်ပေးပါအုန်းကွယ်"
လွှတ်ပေးဆိုသည်မှပိုမိုတင်းကြပ်စွာယှက်နွယ်လာသောလက်တစ်စုံ
"ဘာလဲရင်ခုန်နေတာလား ဒေါ်phys"
"မင်းတို့ကိုဘာလို့အဲ့လိုခေါ်ရသလဲ မြတ်သွယ် တို့မကြိုက်ဘူး"
"ရှင်ကphysicsသင်တဲ့ဆရာမလေ ဒါ့ကြောင့်Daw physလို့ခေါ်တာမှားသလား "
"တို့မင်းထက်အသက်များကြီးကြီးတယ်မြတ်သွယ် ပြီးတော့တို့ကဆရာမတစ်ယောက်နော် တို့ကိုလေးစားပေးပါ"
နွယ်ထိုသို့ပြောတော့ထိုကလေးမဟာရယ်သည်။
"ဟက် ရှင့်ပါးစပ်ကဒီစကားထွက်တာအံသြစရာပဲ လေးစားစရာကောင်းတဲ့ဆရာမက ကိုယ့်ထက်အသက်အများကြီးငယ်တဲ့မိန်းကလေးကိုပိုက်ဆံနဲ့ပြစ်ပေါက်ပြီး အလိုမတူပဲသိမ်းပိုက်ထားတာကိုသာသိရင် ရှင့်ကိုဘယ်သူကလေးစားနိုင်မလဲ ကျွန်မတင်မဟုတ်ဘူး ရှင့်ကိုဘယ်သူမှမလေးစားတော့ဘူး ဒေါ်စုသဉ္ဇာနွယ်"
မြတ်သွယ်ဟာ နွယ်ရဲ့လက်မောင်းတွေကိုအားနဲ့ဖြစ်ညှစ်ပြီး စောင့်တွန်းလိုက်သည်။
"လွန်းထား လွန်းထား ငါခေါ်နေတယ်လေ လွန်းထား"
လွန်းထားဆိုသည်မှာ မြတ်သွယ်ကိုယ်တိုင်ခေါ်လာသောအိမ်ဖော်ကလေးမပင်ဖြစ်သည်။မြတ်သွယ်ဟာ ငယ်ရွယ်သူဖြစ်သော်ငြားသိပ်ကိုစေ့စပ်သည်မဟုတ်လား နည်းစနစ်တကျပင်လုပ်ဆောင်တက်သည်။ ဒါ့ကြောင့်လဲနွယ့်နှလုံးသားတစ်ခုလုံးကိုအပိုင်ရခဲ့သည်မဟုတ်လား။
"ရှင်မမလေး လွန်းထားလာပါပြီ"
"ငါ့အခန်းကိုလိုက်ပြစမ်း လွန်းထား ငါ့ကိုဒီမိန်းမနဲ့တော့မအိပ်ခိုင်းဘူးထင်ပါရဲ့ "
မြတ်သွယ်ဟာ ရယ်သံသဲ့သဲ့ခနဲ့သံသဲ့သဲ့ပါသောစကားကိုသာထိမိအောင်ပြောသည်။
"ဟုတ်ကဲ့မမလေး မမလေးနွယ်ရဲ့အခန်းဘေးနားကမမလေးအခန်းပါ လွန်းထားလိုက်ပြပါ့မယ်မမလေး"
"ကောင်းပြီရှေ့ကသွား ငါလိုက်လာမယ်"
မြတ်သွယ်ဟာ ကျွန်မကိုမထီမဲ့မြင်ပြုကာပုခုံးသို့တစ်ချက်ဝင်တိုက်ပြီးထွက်သွားသည်။
"ဒါမမလေးအခန်းပါပဲ"
"ကောင်းပြီ ငါခဏနားအုန်းမယ် ဘယ်သူမှပေးမဝင်နဲ့ တစ်စုံတစ်ယောက်များငါမသိပဲအခန်းထဲဝင်လာရင် မင်းအသားနာမယ်ဆိုတာ မင်းသိတယ်မဟုတ်လား လွန်းထား"
မမလေးမြတ်သွယ်ဟာ လွန်းထားအပေါ်မှာအလွန်အာဏာရှိသည်။ လွန်းထားငယ်စဉ်ကတည်းကပင်ကြောက်ခဲ့ရသည်ဆိုလည်းမမှားပေ။
"လွန်းထားနားလည်ပါတယ်မမလေး"
"ကောင်းပြီ သွားတော့"
မြတ်သွယ် မွေ့ယာပေါ်သို့ စိတ်လွတ်လက်လွတ်လှဲချလိုက်သည်။ ပြီးနောက် ဘေးဘက်တွင်တင်ထားသောဓာတ်ပုံလေးအားယူလိုက်ပြီးရင်ခွင်ထဲသို့ထည့်ကာဖတ်ထားလိုက်သည်။
"ကျောင်းပြန်ဖွင့်လို့ တီချယ်သာဒီအကြောင်းတွေကို အကုန်သိခဲ့ရင် မီးငယ်ကိုမုန်းနေမလား ဒါမှမဟုတ်ဘာမှမဖြစ်ပဲနေမလား မီးငယ်ကပဲအတွေးလွန်နေခဲ့တာလား တီချယ်ရယ် မွန်းကြပ်လိုက်တာ"
မြတ်သွယ် ထိုသို့ပြောပြီးခဏအကြာမှာပဲ နှစ်နှစ်ခြိုက်ခြိုက်အိပ်စက်သွားလေသည်။
#Myatchel
စာလုံးပေါင်းတစ်စုံတစ်ရာအမှားရှိပါကစာရေးသူ၏လိုအပ်ချက်သာဖြစ်ပါသည်
YOU ARE READING
လောင်းရိပ်
Romanceတို့ဘယ်လိုလုပ်ရမလဲကလေးငယ် မင်းကိုတို့ချစ်မိနေပြီ _ဒေါ်မေဂျူလိုင်နှင်း မင်းကငါ့အပိုင်ပဲ မင်းငါ့လောင်းရိပ်အောက်ကရုန်းထွက်ဖို့မကြိုးစားနဲ့_ဒေါ်စုသဉ္ဇာနွယ် တီချယ့်ကိုလေ မြတ်သွယ်သိပ်တန်ဖိုးထားသလို အများကြီးလည်းချစ်မိနေပြီ_မြတ်သွယ်