"မြတ်သွယ် ငါ့အန်တီကိုမတွေ့မိဘူးနော် နင်တွေ့မိလား"
ထမင်းစားနေရင်း မေဝန်းကဆိုသည်။ အန်တီဆိုတာ မြတ်သွယ်တို့ ၈တန်းနှစ်က အတန်းပိုင် ဒေါ်ဝတ်ရည်ကိုပြောခြင်းပင်။မေဝန်းဆိုသည့် ကောင်မလေးဟာ တီချယ်ဝတ်ရည်လာရင် ခေါင်းပါသွားမတက်ကိုပင်ကြည့်တက်သည်ကို မြတ်သွယ်သတိထားမိသည်။ ယခုနှစ်တော့မြတ်သွယ်တို့အတန်းကို သူမဝင်ပါ သူမသည်eco ကျောင်းသား/သူတွကိုစာသင်သည်။
"ဝန်းရယ် သူကျောင်းလာမှာပါ ကျောင်းအုပ်ကြီးရုံးခန်းထဲမှာနေမပေါ့"
"ဟုတ်လောက်မယ် အဲ့အုပ်ကြီးကလေ ငါ့ရဲ့အန်တီကိုများကြိုက်နေလားမသိဘူး အမြဲအနားမှာပဲခေါ်ထားနေတယ် ၈တန်းတုန်းကငါတို့ရဲ့အတန်းပိုင်လေးဖြစ်ခဲ့တာကိုတောင်သတိရသွားတယ် "
"အမေလး ငါကတော့နင့်အန်တီကိုကြောက်တယ်ဟေ့ ငါကသူ့သချာင်္တွေကိုကျက်ပြီးဖြေလာတာ နင့်လိုသချာင်္မတော်တော့ သူ့အချစ်တော်လဲဖြစ်မနေဘူးလေ"
"အံမယ် မြတ်သွယ်မလျောက်ပြောပြန်ပြီ နင့်ကိုမှ တီချယ်အေမီတို့ တီချယ်စုမြတ်တို့ကချစ်နေတာလေ အခုဆိုတစ်ယောက်တောင်ထပ်တိုးလာပြီ"မေဝန်းဟာသူ့ထမင်းချိုင့်လေးကိုဆင့်ရင်းနှင့်ပြောသည်။
"ဟင် ဘယ်သူတုန်း ငါလဲမသိရပါလား ဝန်းရယ်"
"နင့်ရဲ့တီချယ် ဒေါ်မေဂျူလိုင်နှင်းလေ စာသင်ချိန်ထဲကနင့်ကိုပဲကြည့်နေတာ အခုလဲငါတို့ထမင်းစားနေတာကိုခိုးကြည့်နေတယ် ဟိုးမှာကြည့်လိုက်"
မေဝန်းမေးငေါ့ပြရာသို့ မြတ်သွယ်ကြည့်မိတော့ မှန်သည်။ မြတ်သွယ်ကြည့်လိုက်မှ ခေါင်းကိုအလျင်အမြန်ငုံ့သွားသောသူမကြောင့် မြတ်သွယ်ပြုံးလိုက်မိသည်။
"အမလေးလေး သေပါပြီ မေဂျူလိုင်နှင်းရယ် နင်လဲသတိမထားပါလား အဲ့လောက်တောင်ကြည့်ရလား"
စားပွဲနှင့်နှဖူးဆောင့်မိသွားသောကြောင့် နှင်းသူမကိုယ်သူမအပြစ်တွေသာပြောနေမိတော့သည်။ ထိုစဉ်
"ဘယ်သူ့ကိုကြည့်နေတာလဲ တီချယ်"
"မြတ်သွယ်ကို ကြည့်နေ ဟင်....."
YOU ARE READING
လောင်းရိပ်
Romanceတို့ဘယ်လိုလုပ်ရမလဲကလေးငယ် မင်းကိုတို့ချစ်မိနေပြီ _ဒေါ်မေဂျူလိုင်နှင်း မင်းကငါ့အပိုင်ပဲ မင်းငါ့လောင်းရိပ်အောက်ကရုန်းထွက်ဖို့မကြိုးစားနဲ့_ဒေါ်စုသဉ္ဇာနွယ် တီချယ့်ကိုလေ မြတ်သွယ်သိပ်တန်ဖိုးထားသလို အများကြီးလည်းချစ်မိနေပြီ_မြတ်သွယ်