ထိုကိစ္စဖြစ်ပြီးသည်ထဲကမြတ်သွယ်ဟာ ကျောင်းကိုမှန်မှန်ပင်မတက်တော့ပဲ တစ်ပတ်လုံး တိမ်းရှောင်နေခဲ့သည်။အတန်းပိုင်ဆရာမနှင့် တခြားဆရာမများကမြတ်သွယ်ကိုစိတ်ပူ၍လာရောက်မေးမြန်းကြသော်လည်း ထိုအထဲတွင်တော့ ဒေါ်မေဂျူလိုင်နှင်းမပါဝင်ခဲ့ပါ။ မြတ်သွယ်သည် စာမေးပွဲဖြေရန်ဘယ်လောက်မှမလိုတော့သောကြောင့် စာတွေပြန်ကူးရန် ကျောင်းပြန်တက်မည်ဟုဆုံးဖြတ်ချက်ချခဲ့သည်။
တနလာၤနေ့မနက်ခင်းတွင် ကောင်းကင်နှင့်တိမ်စိုင်လေးတွေဟာ ကြည်လင်နေသည်။ အတူထိုင်နေကျ "၁၈ကုန်း" bus ကားမှတ်တိုင်လေးဟာ ဒီနေ့မှလှောင်ပြောင်နေသလိုပင် အတိတ်ကပုံရိပ်တွေကိုပြန်မြင်ယောင်နေမိသည်။ မေဝန်း၏ပြောစကားအရ တီချယ်နှင်းဟာ နောက်နေ့တွင်သူ့ချစ်သူလိုက်ပို့သည့်ကားနှင့်ကျောင်း၏မလှမ်းမကမ်းနေရာတွင်ရပ်ခိုင်းပြီး လမ်းလျှောက်လာလေ့ရှိသတဲ့ ။ "အတူစီးနေကျ ၃၁ကားလေးကဒီနေ့လူသိပ်ကြပ်တယ်တီချယ်ရယ် အရင်လို ဘေးကနေကာကွယ်ပေးမဲ့သူမရှိတော့ မြတ်သွယ် ခဏခဏတိုက်မိခံရတယ်ဆိုတဲ့အကြောင်းလည်းပြောပြချင်မိပါရဲ့"
"ဟယ် မြတ်သွယ် နင်ကျောင်းလာပြီလား ငါလွမ်းနေတာဟ"
မေဝန်းသည် မြတ်သွယ်၏ ထမင်းဆွဲခြင်းတောင်းလေးကိုလှမ်းယူ၍ပြောသည်။ ထိုအခါမွ ဆရာမများကသတိထားမိသွားဟန်ရှိသည်။ မြတ်သွယ်ထံသို့ သူတို့၏အကြည့်တွေရောက်လာသည်။ တစ်ယောက်သောသူကတော့အလုပ်ရှုပ်နေဟန်ပင်။"အမေလး မီးငယ်ရယ် ဘာတွေများဖြစ်နေသလဲလို့စိတ်ပူလိုက်ရတာ အဆင်ပြေရဲ့လား"
တီချယ်စုမြတ်က မြတ်သွယ်၏ ပုခုံးတို့ကိုဖက်၍ပြောသည်။
"သမီးကအနားယူနေတာပါတီချယ်ရဲ့"
"final examနီးနေပြီနော် အနားယူနေတယ်လုပ်နေတယ် နောက်နှစ်၁၀တန်းကျောင်းသူကြီးဖြစ်တော့မှာနော် အခုလိုအနားယူလို့မရတော့ဘူး သိလား မီးလေး"
"Yes Teacher"
"ဟယ် လူကြီးကိုရွှတ်နောက်"နဲ့ သြား assemblyစီရမှာဆိုတော့ လွယ်အိတ်မြန်မြန်သွားထား"
"သူပဲ စကားတွေလာပြောပြီးတော့ အခုမှနှင်ထုတ်နေတယ် ဟွန့်"
မြတ်သွယ်သည် တီချယ်စုမြတ်ကိုရန်တွေ့ပြီး အခန်းထဲသို့ဝင်သွားသည်။ ဒေါ်မေဂျူလိုင်နှင်းသည်ထိုမှသာ ခေါင်းလေးမော့လာပြီး အသက်ဝင်လှသောအပြုံးလေးကိုပြုံးလိုက်သည်။ တကယ်တော့နှင်းဟာ မြတ်သွယ်ကို bus မှတ်တိုင်မှာကတည်းကပင်တွေ့ခဲ့သည်ဖြစ်သည်။ နှင်းကြောင့်ထိုကလေးမအခက်တွေ့နေရမည်စိုးသောကြောင့် အလုပ်ရှုပ်နေဟန်ပြခြင်းဖြစ်သည်။
YOU ARE READING
လောင်းရိပ်
Romanceတို့ဘယ်လိုလုပ်ရမလဲကလေးငယ် မင်းကိုတို့ချစ်မိနေပြီ _ဒေါ်မေဂျူလိုင်နှင်း မင်းကငါ့အပိုင်ပဲ မင်းငါ့လောင်းရိပ်အောက်ကရုန်းထွက်ဖို့မကြိုးစားနဲ့_ဒေါ်စုသဉ္ဇာနွယ် တီချယ့်ကိုလေ မြတ်သွယ်သိပ်တန်ဖိုးထားသလို အများကြီးလည်းချစ်မိနေပြီ_မြတ်သွယ်