Ep-2

286 13 0
                                    


Flash back
ဇွန်လပထမနေ့တွင်ပင်တိမ်သားများကမှိုင်းညို့နေသည် မြတ်သွယ်သဘောကျပါသည် မြတ်သွယ်ဆိုသည့်ကျွန်မကမိုးရာသီကိုတော့မကြိုက်ပဲ မိုးအုံ့နေသည်ကိုသဘောကျသည်။တစ်စုံတစ်ဦးနှင့်တွေ့ဆုံခဲ့လို့ထင်ပါရဲ့ မိုးအုံနေသည်ကိုပိုစွဲမက်ခဲ့သည်လေ။
"သမီး မြတ်သွယ် ကျောင်းနောက်ကျလိမ့်မယ်နော် သမီးရေ ဖေဖေအလုပ်ရှိသေးတယ်"
"သမီးလာပါပြီဖေဖေရယ် ဖေဖေလိုက်ပို့စရာမလိုပါဘူး မြတ်သွယ်က၉တန်းကျောင်းသူကြီးဖြစ်နေပါပြီနော် အသက်လဲ၁၇နှစ်ထဲဝင်နေပြီ မြတ်သွယ်ကလေးမဟုတ်တော့ပါဘူး
"ကေလးသာမဟုတ္တာ လှေကားကဆင်းလာတာ ဒ့ုံးကျည်ထက်ပိုမြန်တယ် သမီးကအရွယ်ရောက်နေပြီနော် နူးနူးညံ့ညံ့လေးနေ ဝုန်းဒိုင်းမကြဲရဘူးကြားလား
"အာ ကြားပါတယ်ဖေဖေရယ် မြတ်သွယ်မုန့်လဲစားပြီးပြီဆိုတော့သွားတော့မယ် ထမင်းချိုင့်ကိုနေ့လည်မှ ဦးဘမောင်ကိုလာပို့ခိုင်းလိုက်တော့ဖေဖေ
"အေးအေးဂရုစိုက်သွားအုန်း
    မြတ်သွယ်အိမ်နှင့် ကားဂိတ်ကမဝေးသည်မို့လမ်းလျှောက်ပြီးသာထွက်ခဲ့သည်။မြတ်သွယ်သည်အမြဲလိုလိုပင်လိုင်းကားစီးတက်သည်။သူမအိမ်တွင်လိုက်ပို့ပေးမည့်ကားရှိသော်လည်းအရှိန်ဝါနှင့်မနေတက်သည့်မြတ်သွယ်ကလိုင်းကားကိုသာရွေးချယ်စီးဖြစ်သည်။စောနေသေးသည်ထင်ပါရဲ့ကားဂိတ်တွင်မြတ်သွယ်တစ်ယောက်ထဲရှိသည်။ ထိုစဉ်အဖြူစိမ်းနှင့်ဆရာမလေးတစ်ဦးမြတ်သွယ်ဘေးတွင်လာထိုင်သည်။ ထိုအမျိုးသမီးသည်လှသည်။အပြုံးရယ်မရှိသော်လည်းကြည့်၍ပင်လှသည်။အသားအရည်စိုပြေပြီး ခန္ဓာကိုယ်လေးမှာပြည့်ပြည့်လေးဖြစ်သည်။အလွန်ပင်မဝသောကြောင့်ကြည့်၍ကောင်းသည်ဟုဆိုရမည်။သို့သော်ထိုအမျိုးသမီးမျက်ဝန်းများဟာတစ်စိုးတစ်စိမျှမတောက်ပနေပဲတစ်ခုခုကနှောင့်ယှက်ထားသလိုညိုးငယ်သောမျက်နှာထားနှင့်မျက်ဝန်းများကိုတော့မြတ်သွယ်မကြိုက်ပါ။
"ဒီ ဆရာမကဘာဖြစ်နေတာလဲ ပန်း ဟုတ်တယ်ပန်း အမျိုးသမီးတွေကိုပျော်စေတာပန်းပဲ
     မြတ်သွယ် စိတ်ထဲမှထိုစကားများကို ပြောလိုက်သည်။ ရုတ်တက်ဂျူးရှေ့ရောက်လာသော ပန်းတစ်ပွင့်ကြောင့် ထိုပေးသူအားကြည့်လိုက်မိသည်။ကျောင်းသူလေးတစ်ဦးသည်ဘာလို့သည်လောက်တောင်ကြည့်၍လှရသလဲ မိမိကိုပြုံးပြနေသောမျက်ဝန်းလေးနှင့်နှုတ်ခမ်းပါးလေးသည်ဂျူးကိုရင်ခုန်စေခဲ့သည်။ထို့ပြင်ထပ်မံထွက်ပေါ်လာသောစကားလေးတစ်ခု
"မိန်းကလေးတွေကပန်းကိုသဘောကျတယ်တဲ့ ပန်းပေးတာဟာအရှုံးပေးတာဖြစ်ပြီး ပျော်ရွှင်စေလိုသောဆန္ဒတဲ့
     ဂျူး ထိုစကားတက်သည့်ကလေးမထံမှပန်းလေးကိုယူလိုက်သောအခါ အသားချင်းထိသွားသည်မှရလိုက်သောထိုခံစားချက် ဒါဘာလဲ ဒါဘယ္လိုလဲ ဂျူးကရောဘာကြောင့်ရင်ခုန်သွားရတာလဲ
"ကျေးဇူးပါပဲ ကလေးရယ်
   ဟုဆိုပြီး ပြုံးပြသည့်ထိုဆရာမလေး၏အပြုံးသည် မြတ်သွယ်အသက်ရှုရပ်မတက်ပင် ထွက်ပေါ်လာသောသွားတက်လေးနှင့် အပြုံးလေးကြောင့်ကိန်းအောင်းနေသောပါးချိုင့်လေး လှသည် သူမဟာမြတ်သွယ်ထင်တာထက်ပိုမိုလှနေသည်။
"ကေလး နာမည်ဘယ်လိုခေါ်လဲ ဘယ်ကျောင်းကလဲ ဘယ်နှစ်တန်းလဲ"
   မေးခွန်းဆက်တိုက်မေးနေသော သူမကြောင့်မြတ်သွယ်ပြုံးလိုက်သည်။ မေးခွန်းတွေကိုမနှစ်သက်သည့် မြတ်သွယ်ဟာ ယခုအခါတော့ထိူသို့မဟုတ်ခဲ့။
"သမီးနာမည် မြတ်သွယ်ပါ အ.ထ.က(###)ကပါG9ပါတီချယ်"
"အို တိုက်ဆိုင်လိုက်တာကွယ် တို့ကလဲအဲ့ကျောင်းကပဲ ဒီသန်လျင်ကိုအခုမှပြောင်းလာတာ ပထမဆုံးဒီကျောင်းကိုကျတာ တို့နာမည်က ဒေါ်မေဂျူလိုင်နှင်း"
"သမီး မှတ်ထားလိုက်ပါ့မယ်တီချယ် သမီးတို့ကားအတူစီးမလားဟင်"
"အင်း သန်လျင်သူလေးကိုပဲ တို့အားကိုးမယ်နော် တို့ဘာကားစီးရမလဲသေချာမသိဘူးနော် တို့ကိုတော့ရောင်းမစားဘူးမလား"
    သူမဟာခပ်ကျဲကျဲလေးရယ်သည်။ သွားတက်ကလေးနှင့်ပါးချိုင့်လေးဟာ သူမထံတွင်မြတ်သွယ်အနှစ်သက်ဆုံးအရာဖြစ်ရှိနေသည်။
"မြတ်သွယ်ကိုစာသင်မဲ့ဆရာမကိုမရောင်းစားပါဘူး မုန့်ပဲဝယ်ကျွေးခိုင်းမှာ ဟိုးမှာကားလာပြီတီချယ်ရဲ့လာ"
    ထိုကလေးမဟာအတင့်ရဲသည်ဟုဆိုရမလား။ သွက်သည်ဟုဆိုမလား။ အခုပဲကြည့်ဂျူးလက်ကို ကိုင်ရင်းကားပေါ်သို့တက်ခိုင်းနေလေသည်။ ကားစီးနေသည့်တစ်လျှောက် ထိုကလေးမကိုသတိထားမိသည်။ သူမလေးဟာအင်မတန်ချစ်စရာကောင်းသည်။ ညာဘက်တွင်သိုဝှက်စွာရှိနေသည့်ပါးချိုင့်ရေးရေးလေးနှင့်ကလေးလေးသည် အေးချမ်းသည့်အလှရှိသည်။ ငယ်ရွယ်နုပျိုစချိန်မို့ထင်ပါရဲ့လေ။
"တီချယ် ဒါကသမီးအခန်းလေ ဟိုးရှေ့တည့်တည့်ကအခန်းကကျောင်းအုပ်ကြီးရုံးခန်း သမီးလိုက်မပို့တော့ဘူးနော် assemblyစီချိန်နီးနေပြီမို့ "
"ဒီထိလိုက်ပို့ပေးတာပဲ ကျေးဇူးတင်လှပါပြီရှင့်"
"တီချယ် နည်းနည်းတော့သတိထားနော် ကျောင်းအုပ်ကြီးကဒေါသကြီးတယ် အပြောလဲဆိုးတယ် "
  မဲ့တဲ့တဲ့နှင့်ပြောနေသည့်မျက်နှာလေး အင်မတန်ချစ်စရာကောင်းလှသည်။
"အခုမှပထမဆုံးနေ့နော် ကေလးမေလး အခုကတည်းကစပြီးပြောနေပြီပေါ့"
"ဟီး တီချယ်ကလဲပြန်မတိုင်နဲ့နော် တာ့တာဂရုစိုက်သွားနော်"
       ခပ်သွက်သွက်ကလေးပြေးသွားသော ကလေးမလေးကိုကြည့်ရင်း ဂျူး မျက်လုံးလေးများပိတ်သွားသည်အထိ သဘောတကျပြုံးလိုက်သည်။
"တော်တော် ချစ်စရာကောင်းတဲ့ ကလေးလေးပဲ"
         ဟုစိတ်ထဲမှပြောလိုက်သည်။ပြီးနောက် ကျောင်းအုပ်ကြီးရုံးခန်းကိုသွားရသည်လေ။ ထိုကလေးမပြောသည်ပဲ မွန္သလား မနက်စောစောစီးစီး အခန်းတွင်းမှဆူပူသံများကို ဂျူးကြားလိုက်ရသောကြောင့် မျက်ခုံးတို့ကို တွန့်ချိုးထားလိုက်သည်။
"လက်မှတ်ထိုး စာအုပ်ကို၈နာရီမှာသိမ်းမယ်ဆိုတာ မသိကြဘူးလား စောစောကျမလာချင်ပဲ အခုမှအသည်းသန် လက်မှတ်ထိုးချင်နေတယ် ထြက္သြား!"
      ဆရာမကြီး၏ အော်ထုတ်သံကြောင့် ဂျူး ရှေ့သို့ဆက်သွားရင်ရပါ့မလားဟု တွေးမိသည်။ ထိုစဉ်ဆရာမကြီး၏ မျက်ဝန်းများသည် ဂျူးထံသို့ ဒိုင်းခနဲရောက်လာသည်။
"မင်းက ဆရာမအသစ်ထင်တယ် တို့ရုံးခန်းထဲဝင်ခဲ့"
"ဟုတ်ကဲ့ဆရာမကြီး"
     ဆရာမကြီးသည်   ဂျူးရှေ့တည့်တည့်ထိုင်ခုံတွင် ထိုင်လေသည်။ပြီးနောက်   
ဂျူးထံသို့ စာအုပ်တစ်အုပ်ရောက်လာသည်။
"လက်မှတ်ထိုးစာအုပ်ပါ ဒါနဲ့မင်းနာမည်က"
"ကျွန်မနာမည် မေဂျူလိုင်နှင်းပါ"
"အင်း လက်မှတ်ထိုး ပြီးတော့ မင်းဝင်လာခဲ့တုန်းက ဂိတ်စောင့်တဲ့နေရာမြင်ခဲ့တယ်မလား"
"ဟုတ်ကဲ့ "
"အင်း အဲ့ဂိတ်တံခါးဘေးက သုံးထပ်ဆောင် အောက်ဆုံးထပ် တို့ရုံးခန်းကနေကြည့်ရင် လှမ်းမြင်ရတဲ့ ထောင့်စွန်း အဆောင်ကမင်းသင်ရမဲ့အခန်းပဲ ကျန်တာဇူးဇူးဇော်ကိုမေးလိုက် "
"ဟုတ်ကဲ့ ဆရာမကြီး"
      ဂျူးလဲ လက်မှတ်ထိုးပြီး ရုံးခန်းထဲမှပြန်ထွက်ခဲ့သည်။ ပြီးနေက်G9(A) ဆိုသည့်အတန်းလေးရှေ့တွင် ဆရာမများစုဝေးနေကြသောကြောင့် ထိုနေရာသို့သွားလိုက်သည်။
" အို့ ဆရာမအသစ်လေး ရောက်လာပြီပဲ ကြည့်ပါအုန်း မေအမီ တို့ဆရာမအသစ်လေးက လွလိုက္တာ"
      ထိုမိန်းကလေးသည် ဆရာမကြီးပြောလိုက်သည့် ဇူးဇူးဇော်ဆိုသည့်အမျိုးသမီးများဖြစ်နေမလား။ အလွန်သွက်လက်သည်ကတော့သေချာသည်။ ယခုပဲကြည့်လေ အခုမှတွေ့သည့်လူကို ထိုအမျိုးသမီးက ခါးသို့တင်းကျပ်စွာဖတ်ထားသည်။
"ဟုတ်ပါ့ အချောလေးပဲ ကျွန်မတို့ပဲချောတယ်မှတ်နေတာ အသစ်ရောက်လာတဲ့ ဆရာမလေးကပိုချောနေတယ်ရှင် နာမည်ဘယ်လိုခေါ်လဲမီး"
"ဟုတ် ဂျူးနာမည်က မေဂျူလိုင်နှင်းပါ အမေအမီ"
"ကဲဒါဆို ဇူးဇူးကပဲ မိတ်ဆက်ပေးမယ်နော် ဇူးနာမည်က ဇူးဇူးဇော်ပါeng သင်တာ မေအမီကေတာ့(A)ခန်းကိုphysicသင်ပေးမှာ နောက်တစ်ယောက်မအိမွန် မအိမြန္က(B)ခန်းphysicသင်ရမှာ Bခန်းအတန်းပိုင်ဆိုလဲဟုတ်တယ် ဒီဘက္ကmathသင်မဲ့ဆရာဦးအောင်မျိုး ဒါကတော့အငယ်ဆုံးလေးAခန်းကိုဇီဝဗေဒသင်မဲ့ဆရာမလေးစုမြတ် ဒါကမြန်မာစာတီချယ်ဒေါ်သင်းသင်းဆွေ တဲ့ အကုန်လုံးကသဘောကောင်းပါတယ် နေရမခက်လောက်ဘူးထင်ပါရဲ့"
"ရှင် အာ ဟုတ်ကဲ့ မခက်ပါဘူး နားနေဆောင်မရှိဘူးလားဟင်"
"မရှိဘူးလေ တို့အုပ်ကြီးက ဆရာမတွေအားနေတာသိပ်မကြိုက်ဘူး ကလေးတွေကိုကြည့်ရင်း ဆရာမတွေကိုလဲကြည့်ချင်တယ်ထင်ပါ့ အခုလိုအတန်းအပြင်ဘက်မှာ ထိုင်ကြဖို့ အမိန့်ထုတ်ထားလေရဲ့"
ဂျူး ခေါင်းသာအသာငြိမ့်မိသည်။ တစ်ဆက်တည်းအတွေးတစ်ခုပါထပ်မံဝင်လာပြီး
"အင်း မြတ်သွယ် ပြောတာလဲမမှားပါဘူး တကယ်အပြောဆိုးပြီး လက်ပေါက်ကပ်တဲ့သူပဲ" ဟုစိတ်ထဲတွင်သာပြောမိသည်။
"ကဲ ဂျူး လာထိုင် အဆင်ပြေပါ့မလားမသိပေမဲ့ နောက်ကျနေ့သားကျသွားမှာပါ"
ဟုအမေအမီက ဂျူးကိုထိုင်ခုံတွင်နေရာချပေးရင်းဆိူသည်။
"ဟုတ် ဂျူးနေတက်ပါတယ်အမ ဒါနဲ့လေ မြတ်သွယ်ဆိုတဲ့ကလေးမက ဘယ်အခန်းကလဲဟင်"
     ဂျူးလဲ ရုတ်တရက်ဆိုသလိုနှုတ်မှထွက်သွားသည်။ သိချင်သည့်စိတ်ကလွှမ်းမို့သွားသည်ထင်ပါရဲ့။
"ဟေ ဂျူးက မြတ်သွယ်ကိုသိသလား"
"ဟုတ်ကဲ့အမ လမ်းအခက်ခဲရှိတာနဲ့ သူကကူညီပေးခဲ့တာပါ"
"ဪ မြတ်သွယ်က ဒီAခန်းကပဲလေ မြတ်သွယ်က စုမြတ်ရဲ့အချစ်တော်လေးလေ စုမြတ်ကမြတ်သွယ်ကို တော်တော်ချစ်တယ် ဟုတ်ရဲ့လား စုမြတ်"
"ဟုတ်တာပေါ့ မအေမီရဲ့ မြတ်သွယ်လို ချစ်စရာကောင်းတဲ့ကလေးကိုမှ မချစ်ဘူးပြောရင် ကျွန်မ မုသာဝါဒကံကိုကျူးလွန်မိမယ်ထင်ပါ့"
     ဟုတ်ပါသည်လေ မြတ်သွယ်ကချစ်စရာကောင်းသည်။ ခဏလေးတွေ့ခဲ့သည့်မိမိတောင် ထိုကေလးမကို ချစ်စရာကောင်းသည်ဟုမှတ်ချက်ချခဲ့သည်မဟုတ်လား။
#Myatchel
အခုမှစရေးတာမို့ လိုအပ်ချက်တစ်စုံတစ်ရာရှိပါကနားလည်ပေးဖို့ မေတ္တာရပ်ခံအပ်ပါသည်။

လောင်းရိပ်Where stories live. Discover now