Ep5

269 14 2
                                    

တစ်ယောက်ယောက်ကို
ချစ်မိသွားရင်လေ
ချောက်ကမ်းပါးတစ်ခုပေါ်လမ်းလျှောက်ရသလိုပဲ
တွင်းနက်ထဲကျသွားပြီဆိုရင်တော့
ကျွန်မတို့ဟာ ပြန်လမ်းမရှိတော့ဘူး
လွတ်လမ်းလဲမရှိတော့ဘူး
မြတ်သွယ်လဲ ပြန်လမ်းမရှိတော့ဘူးထင်ပါရဲ့

"မြတ်သွယ်ရေ မြတ်သွယ်"

မေဝန်းအသံကြားကြားချင်းပင် မြတ်သွယ်ရေးလက်စ ဒိုင်ယာရီလေးကိုအံဆွဲထဲထည့်ပြီး မျက်ရည်စများကိုသုတ်လိုက်သည်။

"ဝန်း ငါအခန်းထဲမှာ"

"ငါဝင်လာပြီနော်"

   မေဝန်းသည် မြတ်သွယ်၏မျက်နှာအမူယာအားကြည့်ပြီး သက်ပြင်းလေးတစ်ချက်ရှိုက်ကာ ကုတင်ပေါ်တွင်ထိုင်သည်။

"အခုထိခံစားနေရတုန်းလား မြတ်သွယ်ရယ် ကျောင်းလာတက်ပါတော့ဟာ final exam ကနီးလာပြီ နင်ဒီလိုပဲနေတော့မှာလား တီချယ်နှင်းကလဲ နင်မလာတော့ မျက်နှာညိုးနေတယ် ငါ့ကိုလဲခဏခဏမေးနေတယ် မြတ်သွယ်ရယ်"

"သူနေကောင်းရဲ့လား"

"သူနေကောင်းတာမကောင်းတာထက် နင်ကပိုအရေးကြီးတယ်လေ မြတ်သွယ် ကလေးမဆန်နဲ့တော့"

"ငါလာမွာပါ ငါအဆင်သင့်မဖြစ်သေးလို့"

"ငါ့ကိုမှန်မှန်ပြောစမ်းမြတ်သွယ် တီချယ်နှင်းကို နင်ချစ်မိနေတာမလား"

"ငါမရည်ရွယ်ပါဘူး ဝန်းရယ် ငါအဲ့အထိမရည်ရွယ်ခဲ့ပါဘူး"

   မြတ်သွယ်ဟာ မေဝန်းရင်ခွင်ထဲတွင်မျက်နှာအပ်ပြီး ရှိုက်ကြီးတငင်ငင်နှင့်ငိုနေသည်။ သူငယ်ချင်းဖြစ်သူဝမ်းနည်းနေသည်ကိုကြည့်ရင်း မေဝန်းသနားစိတ်တို့ကြောင့် သူမပါမြတ်သွယ်နှင့်အတူငိုမိသည်။

"မြတ်သွယ်ရယ် ငါအဲ့လိုမှန်းသိခဲ့ရင်လေ အဲ့ဒီ့နေရာကို နင့်ကိုငါမခေါ်ခဲ့ပါဘူး ငါတောင်းပန်ပါတယ်မြတ်သွယ်ရယ်"

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
"ငါလာနေပြီမေဝန်း နင်orangeရှေ့မှာပဲစောင့်နော် "

"လာနေပြီကနောက်ထားအခုအရင်လာခဲ့ ငါနေပူနေပြီ"

"ရန်ကုန်ထဲမသွားပဲ ဒီအောင်ချမ်းသာပဲလာနေတယ် အောင်သားကိုမြောင်းပေါက်အောင်လာလဲ lotteriaကအမကြီးက နင့်ကိုမကြိုက်ဘူးနော် ဝန်း"

လောင်းရိပ်Where stories live. Discover now