"မင်္ဂလာပါကလေးတို့ ဆရာမနာမည်ကဒေါ်မေဂျူလိုင်နှင်းပါ"
All students -"မင်္ဂလာပါ ဆရာမ"
"ဆရာမေလးကေခ်ာလိုက္တာ" ဟုတစ်ယောက်တစ်ပေါက်ပြောနေကြသည်။ မြတ်သွယ်သိပါသည်။ ထိုအမျိုးသမီးဟာအင်မတန်လှပသည်လေ။
"မင်းတို့လဲ သိလောက်မှာပါ ဆရာမက ဓာတုဗေဒသင်ပေးမှာဖြစ်တယ် စာနဲ့ပက်သက်ပြီးတော့နားမလည်တာ ဒါမှမဟုတ် သိချင်တာရှိလဲ မေးလို့ရပါတယ်နော်"
ထိုစဉ်ကျောင်းသူတစ်ယောက်မှမက်တပ်ထရပ်လိုက်သည်။
"ဆရာမ တစ်ခုမေးချင်လို့ပါ"
မြတ်သွယ်၏မျက်ခုံးများကြုံ့သွားသည်။စိတ်ထဲတွင်"ဘာမှလဲမသင်ရသေးပဲဘာမေးစရာရှိလို့ပါလိမ့်"ဟု တွေးမိသည်။
"အေးကလေး မေးမေး"
"ဆရာမမွာ ကောင်လေးရှိလား ဆရာမက ကောင်မလေးရှိလား"
"အို အလိုတော် ဖြေပါ့မယ် ကျွန်မကကောင်မလေးတွေကိုတော့ ကြည့်တယ် ဒါပေမဲ့ကောင်လေးရှိတယ် "
သူမဟာခက်သွယ်သွယ်လေးရယ်ပြီးပြောလေသည်။ အတန်းထဲမှလူများသည်လဲ သူမ၏ ပါးချိုင့်လေးနှင့် သွားတက်လေးသည် ချစ်စရာကောင်းသည်ဟု မျိုးစုံမှတ်ချက်ပေးနေကြသည်။ မြတ်သွယ်ဟာယခုဆိုထိုကဲ့သို့ပင်မတွေးနိုင်တော့ချေ သူမပြောလိုက်သော "ကောင်လေးရှိသည်"ဟူသည့်စကားမှာပင်အတွေးတို့လွန်မိသည်။
"ကဲ စာစသင်မယ် ဓာတုဗေဒနဲ့ပက်သက်ပြီး သားတို့သမီးတို့ဘာကိုသိကြလဲ"
ကျောင်းသူ ကျောင်းသားများသည် ဆရာမမေးသောအဖြေကိုဖြေနိုင်ရန် စဉ်းစားနေကြလေသည်။
"မြတ်သွယ်ထလေ နင်သိတယ်မလား"
ဟုမြတ်သွယ်သူငယ်ချင်းမေဝန်းမှဆိုသည်။အပေါင်းသင်းရွေးသော မြတ်သွယ်သည် မေဝန်းဆိုသည့်မိန်းကလေးသည် မြတ်သွယ်အယုံကြည်ရဆုံးမိန်းကလေးသူငယ်ချင်းဖြစ်သည်။ မေဝန်းသည် lesbianတစ်ယောက်ဖြစ်သည်။ ဂုတ်ထောက်သောဆံစများကိုမထူမပါးယောကျာ်းကေပုံစံ ညှပ်ထားသည်။ အခြားသူများနှင့်လိုက်ဖတ်ချင်မှလိူက်ဖတ်လိမ့်မည် သို့သော်ထိုပုံစံသည် မေဝန်းနှင့်အတော်လေးပင်လိုက်ဖတ်၍ ကြည့်ကောင်းသည်။
"မထပါဘူး ငါမသိဘူး"
"နင်မထဘူးပေါ့လေ ရတယ်"
"တီချယ် မြတ်သွယ်ကသူသိတယ်တဲ့"
မြတ်သွယ်ဟာ မေဝန်း၏ပေါင်ကိုရိုက်ချလိုက်သည်။ သူမသည် မြတ်သွယ်ထံသို့အကြည့်တို့ပို့လိုက်ပြီးနောက်
"ကဲ မြတ်သွယ် ကလေးလေး ထပါအုန်း"
"ဟုတ်ကဲ့"
"ဓာတုဗေဒနဲ့ပက်သက်ပြီး ဘာတွေဘယ်လိုနားလည်လဲ ဘာတွေသိလဲကလေး"
"ဓာတုဗေဒနဲ့ပက်သက်ပြီးသိတာဆိုလို့ ဓာတုဗေဒသင်တဲ့ ဆရာမေလးပါပဲ တီချယ်"
တစ်တန်းလုံးဟာ မြတ်သွယ်အဖြေကိုသဘောတကျရယ်မောကြသည်။ ထိုရယ်မောသည့်ထဲ သူမလဲပါသည်။
"ကဲ ဒီကေလး ငါmarkerနဲ့ကောက်ပြစ်လိုက်ရမကောင်း ရှိတော့မယ်"
"တီခ်ယ္ကလဲ"
မြတ်သွယ် ထိုမိန်းကလေးဟာနှုတ်ခမ်းလေးဆူကာ ဂျူးကိုပြောသည်။(နှင်း၍ပင်ပြန်လည်ပြင်ဆင်ချက်)
"အို ငါဘာလို့ တစ်ကိုယ်လုံးပူနေသလိုဖြစ်နေရတာလဲ"
ဟုသူမစိတ်ထဲတွင်သာပြောနေမိသည်။
"ကဲ ထိုင် စာစသင်မယ်pg1 ကိုကြည့်မယ်"
မြတ်သွယ်ဟာ စာရှင်းပြနေရင်းသူ့အနားသို့ရောက်လာသော ဆရာမလေးကြောင့် ကြည်နူးစိတ်တို့ဖြစ်ပေါ်လာသည်။ ထိုစဉ်ခုံလေးကိုလက်ကလေးနှင့်ထောက်ထားသောသူမလက်များကို မြတ်သွယ်ကြည့်မိသည်။
"တကယ်လှလိုက်တာ သူ့ကိုပိုင်ဆိုင်ရတဲ့သူကဘယ်လောက် ကံကောင်းလိမ့်မလဲ"
ဟုမြတ်သွယ်စိတ်ထဲတွင်သာပြောမိသည်။ စာသင်နေသည့်တစ်လျှောက် မြတ်သွယ်၏ ဘယ်ဘက်ရင်အုံမှအကောင်ပေါက်လေးဟာ ငြိမ်ငြိမ်နေခြင်းမရှိပါပဲ လှုပ်ရွနေသယောင်။
#Myatchel
vote and follow please
YOU ARE READING
လောင်းရိပ်
Romanceတို့ဘယ်လိုလုပ်ရမလဲကလေးငယ် မင်းကိုတို့ချစ်မိနေပြီ _ဒေါ်မေဂျူလိုင်နှင်း မင်းကငါ့အပိုင်ပဲ မင်းငါ့လောင်းရိပ်အောက်ကရုန်းထွက်ဖို့မကြိုးစားနဲ့_ဒေါ်စုသဉ္ဇာနွယ် တီချယ့်ကိုလေ မြတ်သွယ်သိပ်တန်ဖိုးထားသလို အများကြီးလည်းချစ်မိနေပြီ_မြတ်သွယ်