အချစ်ဆိုတာ ထိုလိုလည်း ပူလောင်တတ်သေးတယ်လားကွယ်။
သို့သော်ငြား.....ထိုပူလောင်တဲ့ အချစ်ကိုပဲ
ဖက်တွယ်ထားမိပြန်တယ်။>>>>>>>>>>>>>>>>>>>>>>>>>
ကြမ်းပြင်ပေါ်တွင် လဲကျကာ ချုံးပွဲချငိုနေသော
သခင်လေးကိုကြည့်ပြီး ချင်းရီတစ်ယောက် စိတ်မကောင်းဖြစ်လွန်း၍ မျက်ရည်ကျမိသည်။"သခင်လေးရယ်......”
သခင်လေးရယ်ဟုသာ နှုတ်ခမ်းဖျားက ရေရွတ်မိသည်။
သနားစရာကောင်းလွန်းလှတဲ့ သခင်လေးအတွက်
သူမတတ်နိုင်တာ ဟူ၍ ဘာမျှမရှိ။သူမတတ်နိုင်တာ တစ်ခုက တုန်ရီနေတဲ့ ခန္ဓာငယ်လေးကို ထွေးပွေ့ပေးရုံသာ။
"ရှောင်းးးးး.......ရှောင်းငယ်က
ကျွန်တော့်ကို မုန်းသွားပြီ ထင်တယ်.....ဟင့်....အင့်!”သူမရင်ခွင်ထဲမှာ ကလေးတစ်ယောက်လို ငိုယိုနေသော သခင်လေးကိုကြည့်ပြီး သူမရင်တွေနာရပါသည်။
ငယ်စဥ်ကတည်းက ထိန်းကျောင်းလာရတဲ့ ကလေးတစ်ယောက်မို့ သူမအနေနဲ့ သခင်လေးကို
သားအရင်းလေး တစ်ယောက်လို ချစ်ပါ၏။မိဘတွေရဲ့မေတ္တာကို မရရှိခဲ့သည့် ကလေးတစ်ယောက်မလို့ ပိုလို့ပင် မေတ္တာပိုခဲ့မိသည်။
မိဘတွေထံမှမေတ္တာတွေ အပြည့်အဝ မရရှိခဲ့တဲ့
သခင်လေးက သခင်ငယ်လေး အပေါ်တွင်တော့
မေတ္တာတွေအပြည့်အဝ ပေးအပ်ခဲ့တာ သူမအသိဆုံးပင်။မိဘတွေ ဆုံးပါးသွားစဥ်က ပြိုလဲသွားခဲ့တဲ့
သခင်လေး။အကယ်၍များ.........သခင်ငယ်လေးသာ ထားသွားခဲ့ရင်ဖြင့် သူမရဲ့သခင်လေး ရူးရချေလိမ့်မည်။
ရူးသွားရပေလိမ့်မည်။
တစ်ဖက်မှာ မျက်ရည်မိုးတွေ စွေနေသလောက်
တစ်ဖက်မှာတော့ ဒေါသမီးတို့ဖြင့် ပူလောင်နေပေသည်။...........................................................
"တောက်!!!!”
ခွပ်ကနဲ ဆောင့်ချသံနှင့်အတူ ထွက်ပေါ်လာသည့်
တောက်ခေါက်သံတစ်ခု။
YOU ARE READING
အဖြူရောင်နှင်းပန်းငယ်
Fanfictionအဖြူစင်ဆုံးအချစ်တို့ မင်းထံပေးအပ်ပါတယ် ရှောင်းငယ်.........။