အပိုင်း၅ (unicode)

268 31 0
                                    

ကုမ္ပဏီက လူတွေနဲ့အတူ ထမင်းထွက်စားသည့်
အခိုက် မြင်လိုက်ရသည့် ရေခဲမုန့်ဆိုင်လေး။

အရောင်စုံလှသည့် ရေခဲမုန့်လေးတွေ မြင်မိတော့
အတိတ်က အမှတ်တရတချို့ကို ပြန်အမှတ်ရလာသည်။

ထိုအချိန်က  သွားကျိုးကလေး ရှောင်းငယ်ဟာ ရေခဲမုန့်ဝယ်ကျွေးဖို့ ပူဆာသည်ကို ရိပေါ်က မသိချင်ယောင်ဆောင်ခဲ့သဖြင့် ဆူပူကာ ကောက်ချိတ်သွားသည့် ကလေးငယ်လေး။

နောက်တော့မှ ကောက်တေးလေး အလိုတော်ကျ
ချောကလက် ရေခဲမုန့်လေး ဝယ်ကျွေးခဲ့သဖြင့်
စိတ်ကောက်ပြေခဲ့သူပင်။

ကမ္ဘာပေါ်မှာ ကောကောက ချစ်ဖို့အကောင်းဆုံးဟုဆိုလာသည့် အတတ်ကလေးကြောင့် ရယ်သံလွင်လွင်တို့ ထွက်ပေါ်လာရ၏။

အတတ်ကလေးကလည်း သူရယ်တာကို လိုက်ရယ်လာတာကြောင့်လည်း ထိုလမ်းကလေးမှာ
ရယ်သံတို့ဖြင့် ဖုံးလွှမ်းသွားလေတော့သည်။

အတိတ်အကြောင်း ပြန်တွေးရင်း နှုတ်ခမ်းတို့က
မနေနိုင် ပြုံးမိပြန်၏။

"တကယ် အတတ်ကလေး”

"ဗျာ”

ဘေးက ဝန်ထမ်းလေးကလည်း သူ့ကို ပြောနေသည်ဟု ထင်သွားဟန်တူကာ ဗျာဟု ထူးလေသည်။

ထိုအခါမှ ရိပေါ်တစ်ယောက် ခေါင်းရမ်းရင်း
ဘာမှမဟုတ်ပါဘူးဟုသာ ဖြေလိုက်ရသည်။

အခု သူတို့ ရောက်ရှိနေသည့် ကော်ဖီဆိုင်လေးက
အေးချမ်းသည့် ခံစားချက်ကို ရရှိစေ၏။

အထူးသဖြင့် ဆိုင်မှာ သုတ်ထားတဲ့ ဆေးရောင်က
ရိပေါ်အကြိုက် အစိမ်းရောင် ဖြစ်နေလို့ပင်။

ခဏအကြာမှာတော့ waiter တစ်ယောက်
ရိပေါ်တို့အနား ရောက်လာလေသည်။

"ဘာမှာမလဲရှင့်”

waiterမလေး ရောက်ရှိချိန်၌ ဝန်ထမ်းတွေ
ဖက်ကို လှည့်၍ မေးလိုက်၏။

"ချင်းအာတို့ ဘာသောက်ကြမလဲ”

"ချင်းအာက black coffee”

"ကျွန်တော့်ကိုက green tea”

"ဒါနဲ့ Ceoကရော”

"ကိုယ့်ကိုတော့ ကော်ဖီချိုချိုလေးတစ်ခွက်
နို့ဆီလေးနဲ့ လုပ်ပေးပါ”

အဖြူရောင်နှင်းပန်းငယ်Where stories live. Discover now