အပိုင်း၇(zawgyi)

192 5 4
                                    

ရိပ်မိနေပြီးသား ကိစ္စရပ်တစ်ခုပါပဲ။

သို့သော် ချစ်ရသူရွှေနှုတ်တော်က ဖွင့်ပြောလာလေတော့ ပိုလို့နာကျင်ရတာပေါ့ ရှောင်းငယ်။

"ဒါ......ကျွန်တော့်ရဲ့ ချစ်သူလေ။
နာမည်က Angelတဲ့

ကိုယ်ပြန်မရနိုင်တော့တဲ့ သူ့ရဲ့အပြုံးတို့က သူမကို
မိတ်ဆက်ပေးချိန်မှာတော့ ဖောဖောသီသီပြုံးလို့ပင်။

ကိုယ်ပင်မရနိုင်တဲ့ ချစ်ခြင်းတို့ကို ပိုင်ဆိုင်သွားလေတဲ့ သူမလေးနာမည်က Angelတဲ့လား။

Angel ဆိုတဲ့ နာမည်နဲ့လိုက်အောင် နတ်သမီးလေးလို ကံကောင်းမှုမျိုး သူမရရှိလေတယ်။

ရှောင်းငယ်ဆိုတဲ့ အဖိုးတန်လေးရဲ့ အချစ်......
တစ်နည်းအားဖြင့် သူ ဘယ်တော့မှ မရရှိနိုင်တော့
သော အချစ်တွေကို သူမပိုင်ဆိုင်ရလေတယ်။

ရှောင်ကျန့် မိတ်ဆက်ပေးချိန်၌ မသိမသာပျက်ယွင်းသွားတဲ့ မျက်နှာကိုကြည့်ပြီး သူ့ရည်
ရွယ်ချက် အောင်မြင်သွားပါ၏။

ကြည့်လိုက်စမ်း ဝမ်ရိပေါ်။
နားထောင်လိုက်စမ်း ဝမ်ရိပေါ်။

ရှောင်ကျန့်ဆိုတာ မိန်းကလေးတွေကိုပဲ စိတ်ဝင်
စားတယ်ဆိုတာ။

မိန်းကလေးတစ်ယောက်နဲ့ပဲ ချစ်ကြိုက်ပြီး အိမ်
ထောင်ပြုမယ့် လူမျိုးဆိုတာ။

ဝမ်ရိပေါ်ဆိုတဲ့ လူကို လုံးဝစိတ်မဝင်စားဘူးဆိုတာ။

ချစ်ခြင်းနဲ့ မုန်းခြင်း အားပြိုင်ပွဲမှာ အဘယ်အရာက နိုင်လိမ့်မည်နည်း။

သေချာတာကတော့.......အချစ်နဲ့အမုန်း အားပြိုင်
ပွဲမှာ.....နှစ်ဖက်စလုံး အထိနာစေမှာကတော့ မြေကြီးလက်ခတ်မလွဲ။

တစ်ဖက်မှာ ပျော်ရွှင်ခြင်း၊ သို့သော် တစ်ဖက်မှာတော့ နာကျင်ခြင်းတို့သာ မင်းမူနေပေသည်။

အရှုံးပေးနေသူကိုမှ အနိုင်ယူချင်နေသလား
ရှောင်းငယ်။

ချစ်ရသူသာ အနိုင်ယူမယ်ဆို ဒီလူက နာကျင်
ခြင်းတို့ကို လျစ်လျူရှူပြီး အရှုံးပေးပါမယ်။

အနိုင်ယူပါ ရှောင်းငယ်။

"Angel တဲ့လား။
လူနဲ့ နာမည်လေးနဲ့က လိုက်ပါတယ်။
ညီမလေးက ချစ်စရာကောင်းလွန်းလို့ အစ်ကို့ညီလေးက သဘောကျသွားတာနေမယ်

ရင်နာနာနဲ့ ပြောတဲ့စကားပါ ရှောင်းငယ်။

"အဟီး~~~
ကောပြောတာ ဟုတ်လောက်မယ်

"ဟုတ်တယ်မလား မောင်

ရိပေါ်ကို ပြောရင်းနဲ့မှ ရှောင်ကျန့်ဖက်ကို လှည့်မေးလာတဲ့ ချစ်ရသူ။

"အဟင်း~
ဟုတ်တာပေါ့......Angelရဲ့
ကိုယ်က Angelကို သိပ်........ချစ်တာ

သိပ်ချစ်တာဆိုတဲ့ နေရာမှာ သူ့မျက်နှာကို ကြည့်
ပြီး ပြုံးပြုံးကြီး ပြောလာတဲ့ ရှောင်းငယ်ကြောင့်
ရင်ထဲမှာဆစ်ခနဲပဲ။

ယိုင်နဲ့နေပြီးသား အသည်းနှလုံးပေမို့ နာကျင်စရာ
စကားလုံးတို့ အပိုလောင်းထပ်ဆောင်း၍ တိုက်
စားလေသောအခါ ရူးရချေပြီ။

ရှောင်းငယ်ရဲ့ စကားကြောင့် သူမလေးက ရှက်သွားဟန်။

မူပိုကာ ချွဲနွဲ့လေသော စကားတို့က သူမနှုတ်မှ
ထွက်ကျလာ၏။

"မောင်ကလည်းကွာ
ခစ်ခစ်~~~

"အဟား~
ကိုယ့်ရဲ့ Angelက ချစ်စရာလေးပါကွာ
အဟားဟားဟားးးးးးးးးး

"မောင်နော်

မောင်နော် ဆိုကာ သူမရဲ့ မျက်စောင်းတို့က
ရှောင်ကျန့်ထံသို့ ဒိုင်းခနဲ။

သူမရဲ့ ချစ်စရာ အမူအရာလေးကြောင့် ရှောင်ကျန့်တစ်ယောက် မထိန်းနိုင် ရယ်မိသွားလေသည်။

"အဟားဟားးးးးးးးးး

"အဟားဟားးးးးးးးးး

မောင်က သဘောတကျ ရယ်လေတော့ Angel
လည်း မောင်နောက်က လိုက်ရယ်မိလေသည်။

ဝမ်အိမ်တော်၏ စံအိမ်ကြီးထဲ၌ ရယ်မောသံတို့
ဖြင့် ဆူညံသွားလေသည်။

ချစ်ကြည်နူးကာ ပျော်ရွှင်နေကြပါသော ရှောင်းငယ်နဲ့ သူမဟာ နတ်ဖက်တဲ့စုံတွဲလို။

ကိုယ် နာကျင်နေရတာကို မင်းမသိလည်း ဖြစ်ပါတယ်။

အတောင်စုံလို့ ပျံသွားတဲ့အခါ ဒီရင်အစုံကို မင်း
လှည့်မကြည့်လည်း ဖြစ်ပါတယ်။

ပျော်ရွှင်မယ်ဆို ရင်ကိုခွဲလို့ နင်းချေလှည့်ပါ။
ဒီလူ မင်းအတွက် စောင့်ကြိုလျှက်ပါ.............။









အဖြူရောင်နှင်းပန်းငယ်Where stories live. Discover now