အပိုင်း၄(unicode)

290 33 5
                                    

အိပ်ပျော်နေတဲ့ ရှောင်ကျန့်မှာတော့ အတိတ်က
အဖြစ်အပျက်တို့ကို အိပ်မက်အဖြစ် ပြန်မြင်ယောင်ရင်း ပြုံးယောင်သန်းလျှက်။

"ကျွတ်စ်! ကျွတ်စ်!”

ညက ဘယ်လောက်တောင် သောက်လိုက်မိမှန်းမသိ။ မနက်နိုးလာတော့ ခေါင်းတွေက ထိုးကိုက်နေသည်။

ဘေးက စားပွဲကို အကြည့်ရောက်မိတော့ သံပုရာရည် ထည့်ထားသည့် ဖန်ခွက်တစ်ခု တင်ထားသည်ကို တွေ့ရသည်။

သေချာတယ်......ဟို လူကြီး ဖျော်ထားတာပဲ နေမယ်။

သူ့စိတ်အတိုင်း ဆိုရင်တော့ ထိုသံပုရာရည်ခွက်လေးက ကြမ်းပြင်ပေါ်ကို မရှုမလှ ရောက်သွားမှာ
အသေအချာပင်။

ဒါပေမယ့်လည်း.....လူက အရက်နာကျနေသည်
ဆိုတော့လည်း ထိုလူဖျော်ထားပေးသည်ကိုပင်
သောက်လိုက်တော့၏။

မျက်နှာသစ်၊ သွားတိုက်ပြီးသည့်နောက် အိမ်အောက်ထပ်ကို ဆင်းလာလိုက်တော့ ဟိုလူကြီးမရှိ။ အိမ်တော်ထိန်းကြီးသာ ရှိ၏။

သူ့ကိုတွေ့တော့ အိမ်တော်ထိန်းကြီးက ပြုံးပြကာ
နှုတ်ဆက်လာသည်။

"သခင်ငယ်လေး...နိုးလာပြီလား”

"ဟုတ်ကဲ့....အိမ်တော်ထိန်းကြီး”

"သခင်လေးက အလုပ်ကိစ္စရှိလို့ဆိုပြီး အစောကြီး
ထွက်သွားပါတယ်။ မသွားခင်
သခင်လေး ကြိုက်တဲ့ ကြက်ဥကြက်အူချောင်းကြော် လုပ်ပေးထားတယ်လို့ ပြောသွားပါတယ်”

မနက်တိုင်း ရှောင်ကျန့်က ကြက်ဥကြက်အူချောင်း
ကြော်ကိုသာ စားနေကျပင်။

ဟိုအရင်ချိန်တုန်းကတော့ ဝမ်ရိပေါ်ဆိုတဲ့ လူကြီး
လုပ်ပေးတဲ့ မနက်စာကို သူမြိန်ရေရှက်ရေနဲ့
စားခဲ့သည်။

အခုတော့ သူ့ကို ကြိုက်နေတယ် ဆိုတာကို သိပြီးကတည်းက ထိုလူကြီး ချက်ပြုတ်ပေးသမျှကို
သူလက်နဲ့ပင် မထိတော့။

ဒါကိုပဲ......ဝမ်ရိပေါ်က နေ့စဥ်နေ့တိုင်း မနက်စာ
ပြင်ပေးနေတုန်းပဲ ဖြစ်သည်။

စားပွဲဝိုင်းပေါ်မှာ ကျကျနန ပြင်ပေးထားသော
စားစရာများအား လျစ်လျူရှူလျက် အပြင်သို့
ထွက်စားလိုက်သည်။

လျစ်လျူရှူခံလိုက်ရသည့် စားစရာများကတော့
စားပွဲပေါ်တွင် အေးစက်လျှက်။

..........................................................

"ရှောင်ကျန့်......ငါ.....ငါနင့်ကို ချစ်တယ်”

"ဝိုး......ဝါး”

တက္ကသိုလ်တစ်ခု၏ ကန်တင်းတစ်နေရာတွင်
လူအများအပြား၏ အာရုံစိုက်ခြင်းကို ခံနေရသည့်
ကောင်လေးနှင့် ကောင်မလေး။

ဆံပင်တစ်ဝက်ကို အမြင့်စည်းကာ တစ်ဝက်ကို
ဖြန့်ချထားလျှက်။
ခါးတိုအက်ျီနှင့် လိုက်ဖက်စွာပင် ဘောင်းဘီဂျင်းပြာရောင်ကို တွဲဖက်ဝတ်ဆင်ထားသည်။

သူမက The Life university ၏ queenတစ်ယောက်ပင်။

ရုပ်ရည်ချောမောရုံမက ခန္ဓာကိုယ်အချိုးအစား
ပြေပြစ်လွန်းလှသည့် သူမသည် ပုရိသတို့ရဲ့
အိပ်မက်မင်းသမီးလေး ဖြစ်၏။

ထိုသို့သော မိန်းကလေးက ယောကျာ်းလေး
တစ်ယောက်ကို ချစ်တယ်လို့ ချစ်ရေးဆိုလိုက်ပေသည်။

သူမ ချစ်ရေးဆိုလိုက်သူမှာလည်း အခြားသူမဟုတ် သူမတို့ကျောင်း၏ The whole king
ဂုဏ်ပုဒ်ကို ပိုင်ဆိုင်ထားသူ ရှောင်းကျန့်ကိုပင်။

ရှောင်ကျန့်ကတော့ သူ့ကို ချစ်ရေးဆိုနေသည့်
ကျောင်း၏ queenဖြစ်သူ angel ကိုကြည့်ပြီး စိတ်လိုလက်ရ ပြုံးလိုက်မိသည်။

အကြောင်းကတော့ သူကိုယ်တိုင်၌ကလည်း သူမလေးကို စိတ်ဝင်စားနေလို့ပင်။

ထို့အပြင်.......သူမလေးက သူ့ရဲ့ငယ်ဘဝ အိပ်
မက်လေးမလို့ပင်။

ထိုနေ့က....ရှောင်ကျန့်နဲ့ သူမလေးရဲ့ first date ကလေး ဖြစ်ခဲ့ပါသည်။




အဖြူရောင်နှင်းပန်းငယ်Where stories live. Discover now