အပိုင်း၆(zawgyi)

107 3 0
                                    

မိသားစုဝင်တွေနဲ့ မိတ်ဆက်ပေးဖို့ ဆိုလာသည့်
ချစ်သူလေးကြောင့် ဝမ်ရိပေါ်နဲ့ မိတ်ဆက်ပေးရန်
သူမကို ဝမ်အိမ်တော်ဆီသို့ ခေါ်လာလိုက်သည်။

ဝမ်ရိပေါ်ကတော့ သူမနေ့ညက ပြောထားသဖြင့်
အလုပ်သွားလိမ့်မည် မဟုတ်။

ဧည့်ခန်းထဲ Angel လက်ကို ဆွဲကာ ဝင်လာလိုက်တော့ စာအုပ်ကို စိတ်ဝင်တစား ဖတ်နေသည့်
ဝမ်ရိပေါ်ကို တွေ့လိုက်ရသည်။

သူ့ရှေ့တည့်တည့် သွားရပ်လိုက်တော့မှ သူတို့နှစ်ယောက် ရောက်လာသည်ကို သတိထားမိသွားဟန်။

ရှောင်းငယ်ရဲ့ လူတစ်ယောက်နဲ့ မိတ်ဆက်ပေးစရာ
ရှိတယ် ဆိုတဲ့ စကားကြောင့် ဝမ်ရိပေါ် ဒီနေ့တော့
ကုမ္ပဏီမသွားဖြစ်တော့ဘဲ အိမ်မှာပဲ နေနေလိုက်သည်။

စောင့်နေရတာ အချိန်ကြာလာသည်နှင့်အမျှ
ပျင်းပျင်းရော ရှိလာသဖြင့် စာအုပ်တစ်အုပ်ယူကာ
ထိုင်ဖတ်နေလိုက်သည်။

စာအုပ်ထဲ စိတ်ရောက်နေခိုက် ရှေ့တည့်တည့် လာရပ်သည့် လူတစ်ယောက်ကြောင့် မော့ကြည့်လိုက်တော့ ရှောင်းငယ်ဖြစ်နေသည်။

ထိုအခါမှ သူလည်း စာအုပ်ချကာ ရှောင်းငယ်ကို
ထိုင်ဖို့ရန် ပြောလိုက်ရသည်။

"ရှောင်းငယ်နဲ့ ဒီက...... ညီမ
ထိုင်ပါဦး

ရှောင်းငယ်ရဲ့ ဘေးမှာ ခပ်ချောချော မိန်းကလေး
တစ်ယောက်လည်း ပါသည်။

ရှောင်းငယ်ရဲ့ လက်ကို အကြည့်ရောက်မိတော့
ထိုမိန်းကလေးရဲ့ လက်ကို ဆုပ်ကိုင်ထားသည်မှာ
တင်းကျပ်စွာပင်။

အဟင်း.........ဒီလောက်ဆို ဝမ်ရိပေါ်တစ်ယောက်
သဘောပေါက်လေပြီ။

သြော်......ရှောင်းငယ်တောင် ချစ်ရသူရှိလေပြီပဲ။

ရုတ်တရက် ရင်ဘတ်ထဲက ထိုးအောင့်လာကာ
နှလုံးအိမ်ကလည်း စူးနစ်လာ၏။

မျက်လုံးအိမ်တို့က ထွက်ကျလာမည့် မျက်ရည်တို့
ကို တားဆီးရန် မျက်တောင်ကို ကြိမ်ဖန်များစွာ
ပုတ်ခတ်ပြစ်လိုက်သည်။

ရှောင်းငယ်မှာ.......ချစ်ရသူ ရှိနေလေပြီ။

ထိုချစ်ရသူကလည်း......သူမဟုတ်သည့် အခြား
သူတစ်ယောက်တဲ့လား....................။

အဖြူရောင်နှင်းပန်းငယ်Where stories live. Discover now