အပိုင်း၂(unicode)

348 30 0
                                    

လွန်ခဲ့သော၁၇နှစ်. . . . . . .။

ပြေးလွှားဆော့ကစားနေကြသော မိဘမဲ့ကလေး
ဂေဟာမှ ကလေးငယ်များကို ပြုံးကာ ရပ်ကြည့်နေသူတစ်ဦး။

ထိုရပ်ကြည့်နေသည့် ကောင်ငယ်လေးရဲ့ နှုတ်ခမ်းထက်မှာတော့ ပီတိပြုံးများ ဝေဆာလျက်။

အပူပင်ကင်းကင်းနဲ့ ဆော့ကစားနေကြသော ကလေးငယ်များကို ကြည့်ပြီး စိတ်လိုလက်ရ ပြုံးလိုက်မိသည်။

တကယ်တမ်းဆိုရလျှင်.....သူ့ဘဝက မိဘနှစ်ပါး
အစုံလင် ရှိနေသည့်တိုင်အောင် မိဘမဲ့နေသလိုပင်။

စီးပွားရေးရှာဖို့ကိုသာ အာရုံရှိကြတဲ့ မိဘတွေကြောင့် သူဟာ ငယ်စဥ်ကတည်းက မိခင်နို့ကိုပင်
အပြည့်အဝ သောက်သုံးခွင့်မရခဲ့။

အိမ်တော်ထိန်းကြီး တစ်ဖြစ်လဲ အန်တီချင်းရီကသာ သူ့ကို နို့ဘူးဖျော်ကာ တိုက်ခဲ့ရ၏။

ထို့သို့သော အကြောင်းတရားတွေကြောင့် မိဘမဲ့ကလေးတွေရဲ့ ဘဝကို သူစာနာ၏။

ဤသို့ဖြင့်........လိုအပ်တာများ လှူဒါန်းရန်ဟူသည့် ရည်ရွယ်ချက်ဖြင့် ဤရောင်ခြည်ဦး မိဘမဲ့ဂေဟာလေးဆီသို့ ရောက်လာရခြင်း ဖြစ်သည်။

ဤသို့.....အတွေးလွန်နေခိုက် ဘောင်းဘီစကို
လာဆွဲသော ကလေးငယ်လေးတစ်ဦး။

ကောကောဟု ခေါ်ဆိုသံနှင့်အတူ သူ့ဆီသို့ ကမ်းပေးလာတဲ့ တုတ်ထိုးချိုချဥ်လေး တစ်လုံး။

"အင့်........ကောကော စားဖို့
ရှောင်းငယ် ပေးတာ”

ရှောင်းငယ်လို့ သူ့ကိုယ်သူ သုံးနှုန်းတဲ့ ကလေးငယ်လေးဟာ သူပေးတဲ့ ချိုချဥ်လုံးလေးကို ရိပေါ် မယူမချင်း ပေးနေမည့် ဟန်ပေါ်သဖြင့် ကလေးငယ်လေး လက်ထဲမှချိုချဥ်လုံးလေးကို ယူလိုက်သည်။

ထိုအခါ......ကလေးငယ်လေးက စိတ်ကျေနပ်သွားဟန် သွားကျိုးလေးများ ပေါ်အောင် ဟီးခနဲ
ရယ်ပြလာသည်။

ဂေဟာမှ လူတွေဆီက ပြန်သိရသည်က ထိုကလေးလေးရဲ့ နာမည်က ရှောင်းရှောင်ကျန့်တဲ့။

သူတို့ အားလုံးက ချစ်စနိုးနဲ့ ရှောင်းငယ်လို့ ခေါ်ကြရင်းနဲ့ ကလေးငယ်က သူ့ကိုယ်သူ ရှောင်းငယ်လို့ သုံးနှုန်းလာတာတဲ့လေ။

သည်လိုနဲ့............ရှောင်းငယ်လို့ ခေါ်တဲ့ ရှောင်းရှောင်ကျန့်ဆိုတဲ့ ကလေးငယ်လေးဟာ ဝမ်ရိပေါ်ဘဝထဲကို အလင်းတန်းလေးအဖြစ် ဝင်ရောက်လို့လာခဲ့သည်။

ရှောင်းငယ်လေး တစ်ဖြစ်လည်း ရှောင်ကျန့်လေးကို ရိပေါ် ခေါ်ယူမွေးစားခဲ့ပါသည်။

ထိုအချိန်က ရှောင်ကျန့်အသက် (၃)နှစ် ၊ ဝမ်ရိပေါ်အသက် (၁၉)နှစ်။

ဒယ်ဒီနဲ့မာမီတို့ကတော့ ရှောင်းငယ်လေးကို မွေးစားသည့် ကိစ္စနှင့်ပတ်သက်၍ ဘာမှတော့ မပြောကြချေ။

ဝမ်ရိပေါ်အနေဖြင့် ရှောင်းငယ်လေးကို သူ့လို
မေတ္တာမငတ်ရလေအောင် အကောင်းဆုံး စောင့်ရှောက်ပေးကာ ကြင်နာယုပေးခဲ့သည်။

ရှောင်းငယ်လေး အသက်(၄)နှစ် ရောက်သည့်အချိန်တွင်တော့ ဒယ်ဒီနဲ့မာမီသည် ကားအက်စီးဒန့်ဖြင့် ဆုံးပါးသွားခဲ့ရသည်။

ထိုအချိန်တုန်းကဆို.......သူလုံးဝကို ပြိုလဲသွားခဲ့ရသည်။

ရှောင်းငယ်လေးရှိသေးသည် ဟူသည့် အသိကြောင့်သာ သူဆက်လက်ရှင်သန်ဖို့ ခွန်အားတွေ ရရှိခဲ့ခြင်းဖြစ်သည်။

ဒယ်ဒီနဲ့မာမီ ဆုံးပါးသွားသည့် နောက်ပိုင်း အခြားမြို့သို့ ပြောင်းရွှေ့ကာ နေထိုင်ခဲ့သည်။

မိဘတွေ တည်ထောင်ခဲ့တဲ့ ကုမ္ပဏီကို လွဲပြောင်းယူပြီးနောက်ပိုင်း အခက်ခဲတွေ အများအပြား ကြုံခဲ့ရ၏။

သို့သော်ငြား......ရှောင်းငယ်ရဲ့ အနာဂတ်လှပဖို့အတွက် သူအကောင်းဆုံး ကြိုးစားဆောင်ရွက်ခဲ့သည်ပင်။

ပတ်ဝန်းကျင်ကိုတော့ ရှောင်းငယ်ဟာ သူ့ရဲ့ညီ​အရင်းဟုသာ သိစေပြီး ရှောင်းငယ်လေးကလည်း
သူ့ကို အစ်ကိုအရင်းဟုသာ ထင်မှတ်ခဲ့သည်။

အလုပ်တွေကြိုးစားရင်း...... ရှောင်းငယ်လေးကို အချိန်ပေးရင်းနဲ့ သူ့ဘဝလေးကို ပျော်ရွှင်စွာဖြတ်သန်းခဲ့၏။

မုန်တိုင်းလာခင် လေပြေဆိုတာရင်လာတတ်ရိုး ထုံးစံလို
ပျော်ရွှင်နေသော ဘဝလေးကို မုန်တိုင်းတစ်စင်း
ဖြတ်တိုက်သွားသောအခါ နှလုံးသားတစ်စုံဟာ
ကွဲကြေလို့ သွားချေပြီ။
ကံကြမ္မာရယ်.........ဆန်းကြယ်လိုက်ပါဘိ

အဖြူရောင်နှင်းပန်းငယ်Where stories live. Discover now