(unicode)
ထင်လင်းက လပြည့်ဝန်းကို ပြောစရာရှိ၍ လာရှာသော်လည်း အဲ့တစ်ယောက်က နေရာမှာတင် သုတေသနကို စမ်းသပ်နေလိမ့်မယ်လို့ ဘယ်သူထင်မှာလဲ။
သူအရှေ့မှ ကျောက်ရုပ်ကြီးသဖွယ်ရပ်နေသော သက်တော်စောင့်ကို ကြည့်လိုက်သည်။အရပ်ရှည်ရှည် ဘော်ဒီတောင့်တောင့်နှင့် ကြည့်ပျော်ရှုပျော်ရှိသည်။
ဌာနက ဒီလိုယောကျာ်းကောင်းမျိုးကိုလည်း ရှာသင့်သည်ဟုထင်လိုက်သည်။
လပြည့်တို့ ပြန်ထွက်လာတော့ ထင်လင်း၏ လူတစ်ယောက်ကို ခွဲခြမ်းစိတ်ဖြာနေပုံကို တွေ့လိုက်ရသည်။
"အာ..မင်းလမ်းလျှောက်နိုင်သေးတယ်ပေါ့"
"ဘာတွေပြောနေတာလဲ။ကျွန်တော်ကအကောင်းကြီးပါ"
"ဒါနဲ့ဘာလာလုပ်တာလဲ အကိုက"
"ကိုယ်က ငါးယောက်ကိုတာဝန်ယူရတယ်။
မင်းလည်းပါတယ်ဆိုတာပြောမလို့""ခွဲတမ်းချပြီးပြီလား?"
"အင်း။ရော့ ဒီေဆးကပ်ကိုညတိုင်းသောက်ပေး ငါနေ့တိုင်းလာစစ်မယ်"
ထင်လင်းထွက်သွားပြီးနောက် လပြည့်ဝန်းလည်းဘုန်းမြတ်တည်ရဲ့နေရာကိုလိုက်သွားရသည်။
ကြီးမားကျယ်ပြန့်သောတိုက်ခန်းကြီး၌ လပြည့်ပါလာသမျှကိုနေရာချကာ ပေါင်မုန့်လုံးလေးပါ ပျော်မြူး၍ လှည့်ပတ်နေသည်။
"ကျွန်တော် ခွေးခေါ်လာခဲ့တယ်။ခင်များစိတ်မရှိဘူးမလား"
"မင်းကခေါ်ပြီးပြီကို ကိုယ်ဘာပြောနိုင်တော့မှာလည်း?"
"ဟီးဟီး ကျွန်တော် ခွင့်မတောင်းမိဘူး။မေ့သွားလို့"
ဘုန်းမြတ်တည်ပါးချိုင့်တွေပေါ်အောင်ပြုံးရင်း ရကြောင်းပြောလိုက်သည်။ ထို့နောက်လပြည့်ဝန်းကိုနှုတ်ဆက်ကာ ကုမ္ပဏီသို့ပြန်လာခဲ့သည်။
မင်းယလည်း သူဌေးနောက်လိုက်ရင်း ကျန်ရှိသောအလုပ်များကိုပြောနေခဲ့သည်။
ထိုအချိန်ရုံးခန်းတံခါးကန်ဖွင့်ခံလိုက်ရ၍ နှစ်ယောက်လုံးကြည့်လိုက်ရာ ဘုန်းမြတ်တည်ရဲ့ အဖေ စိုင်းမြတ်တည် ကိုတွေ့လိုက်ရသည်။