အပိုင်း 3(u+z)

18.3K 170 0
                                    

(unicode)

အိပ်ရာပေါ်မှ အပုံလေးကို ဘုန်းမြတ်တည် မနိုးလိုသော်လည်း ညကဘာဖြစ်လဲမေးရအုံးမည်။

လိုက်ကာစကိုဆွဲမလိုက်တော့ အလင်းရောင်ကအခန်းတွင်းကျရောက်လာပြီး အိပ်ရာပေါ်မှလူသားလေးလည်း လွန့်လူးလာသည်။

"မင်းနိုးပြီလား?"

"အင်း~"

ဖြေသံကြောင့် ဘုန်းမြတ်တည်ရယ်မိလိုက်သည်။
ဘယ်လိုလေးတုန်း။

"ကိုယ်မင်းကိုနိုးချင်လို့မဟုတ်ပါဘူး။မင်းမနေ့ကဘာဖြစ်သွားလည်းသိချင်လို့"

"ဟင်!မနေ့က?"

"မမှတ်မိဘူးလား"

"အင်း"

လပြည့်ဝန်းပြန်စဉ်းစားတော့ ညကမှတ်ဉာဏ်တွေကမခေါ်ဘဲရောက်လာသည်။
သူမျက်လုံးပြူးသွားကာ သရဲဝင်ပူးသွားသလားသိချင်သွားသည်။

ငထင်လင်းကိုဖုန်းဆက်ပြီး ဘာဖြစ်တာလဲမေးရမည်။

*ဟယ်လို*

"ကိုထင်လင်း ညကကျွန်တော်သောက်တဲ့ဆေးက ဘာဆေးလဲ"

*အာ..အချိန်ကောင်းလေးပိုင်ဆိုင်ခဲ့တယ်ပေါ့*

"ကိုထင်လင်းသိတာလား"

*အင်း။အဲ့ဆေးက အမျိုးသားကိုယ်ဝန်ဆောင်မဲ့သူတွေအတွက်သီးသန့်ထုတ်ထားတာ*

*သူကသောက်လိုက်ရင် မင်းမိတ်ဖက်ရဲ့အနံ့ကိုရရင် heatဝင်လာသလိုမျိုးဘဲ။အမျိုးသားကိုယ်ဝန်မို့လို့ တစ်ခါလောက်အိပ်ပြီးတာနဲ့မရတတ်ဘူးလေ။အာ့ကြောင့် အဲ့ဆေးကအကူအညီပေးအေ င်ထုတ်ထားတာ။မသောက်မနေရ။*

*နောက်ပြီး မင်းမိတ်ဖက်နဲ့အကြာကြီး ခွာခွာမနေနဲ့။အဲ့ဆေးက မင်းမိတ်ဖက်နဲ့မတွေ့ရတဲ့အချိန်ကြာလေ ပိုလိုချင်လေဘဲ*

*မိုက်တယ်မလား*

"ချီးကိုမိုက်။တကယ်လို့တစ်ခြားတစ်ယောက်နဲ့အိပ်မိလိုက်ရင်ရော"

*အဲ့တာကမဖြစ်ဘူး။ဖြစ်ရင်တောင် တစ်သန်းမှာတစ်ယောက်ဘဲ*

*မင်းတို့ ကိုယ်ဝန်ဆောင်တွေက မိတ်ဖက်ရနံ့ဘဲ အနံ့ခံနိုင်တာ။ကျန်တာဆို သူတို့ကမသတီသလိုမျိုး*

🌸Little Full Moon 🌸Where stories live. Discover now