(unicode)
ဘုန်းမြတ်တည်ကလပြည့်ဝန်းကိုထိုင်ခုံမှာချပြီးတော့ စကားတစ်လုံးမှမပြောဘဲမျက်စိမိတ်အနားယူနေသည်။
လပြည်ဝန်းကဘုန်းမြတ်တည်ကိုကျေးဇူးတင်ချင်ပေမဲ့ မလိုကြောင်းပြောဖူးတာကိုသိ၍ ငြိမ်နေလိုက်ရသည်။
သို့ပေမဲ့ အမြဲစကားပြောနေသူက အခုလိုတိတ်နေတော့ လပြည့်ဝန်းနေလို့မကောင်း။
ဘုန်းမြတ်တည်လည်း ဘေးမှဂနာမငြိမ်တာကြောင့် မျက်စိဖွင့်ကြည့်လိုက်တော့ လပြည့်ဝန်းကသူ့ကို မျက်လုံးရွှဲကြီးတွေနဲ့ကြည့်လာသည်။
ဘုန်းမြတ်တည် တွန့်သွားကာ ဘာဖြစ်တာလဲ ဟုမေးလိုက်ရသည်။
"ခင်များစိတ်ဆိုးနေတာလား"
"မဆိုးပါဘူး"
"တကယ်လား"
"အင်း"
"တကယ်နော်"
"တကယ်ပါဆို"
"ဟင့်စ်..အီး...ဟီး.."
ဘုန်းမြတ်တည်မှာ လပြည့်ဝန်းဝါးခနဲငိုချလာတာကြောင့်ဘာလုပ်ရမှန်းမသိဖြစ်ကာ လပြည့်ဝန်းကိုသာ ရင်ခွင်ထဲခေါ်လိုက်ရသည်။
ကားကိုလည်းလမ်းဘေးချရပ်၍ ချော့သော်လည်းမတိတ် သူ့လည်ပင်းထဲခေါင်းထည့်ကာ တရှုံ့ရှုံ့ငိုနေသည်။
"ကိုယ့်ကိုကြည့်ပါအုံးကွာ။ဟုတ်ပြီလား"
"အာမင်းကိုယ့်အကျ..မှာနှတ်တွေသုပ်နေတာလား?"
"ကျွန်တော်သုတ်ချင်သုတ်မှာပေါ့"
"အင်းပါအင်းပါ။သုပ်နော်"
ငိုတာရပ်သွားတော့ ဘာဖြစ်လည်းမေးရသည်။
"ကျွန်တော်လည်းမသိဘူး။ခင်များမခေါ်တော့ ရုတ်တရက်ကြီးဝမ်းနည်းပြီးငိုချင်သွားတာ"
"ကိုယ်တို့ ဒေါက်တာထင်လင်းကိုမေးရမလား"
"အင်း"
*တီတီတီ*
*ဟယ်လို*
"ဟယ်လိုဒေါက်တာကျွန်တော်မေးစရာရှိလို့"
"......."
*အာကိုယ်ပြောဖို့မေ့သွာတာ။အဲ့ဆေးကအရမ်းအထိအခိုက်မခံဘူး။သူ့မိတ်ဖက်ကပျော်ရင်သူလည်းပျော်တယ်။သူ့မိတ်ဖက်ကဒေါသထွက်ရင်သူလည်းဝမ်းနည်းလာတာ။အထူးသဖြင့် မခေါ်ဘဲပစ်ထားလိုက်ရင် ငိုပါငိုတတ်တယ်*