(unicode)
"ကိုယ်ပြောတာနားထောင်ပါအုံး"
"မင်းယကိုယ်တမင်လုပ်တာမဟုတ်ပါဘူး"
"အခုတောင်ကျွန်တော့်ကိုလိမ်ချင်လိမ်နေမှာ"
"မင်းယမဟုတ်...အသွားပါနဲ့မင်းယ"
ဂျိန်းခနဲပိတ်သွားသော တံခါးတစ်ဖက်နဲ့ ကမ္ဘာပျကမတတ်ဖြစ်နေသောလူတစ်ဦး။
......
လပြည့်ဝန်းဆေးရုံကနေဆင်းခွင့်ရပြီးတော့ ဘုန်းမြတ်တည်ကလည်း ကုမ္ပဏီအလုပ်တွေကို အိမ်ကနေသာလုပ်တော့သည်။
ကိုယ်ဝန်က လေးလပြည့်ပြီးတော့ငါးလထဲဝင်နေပြီ။
ဗိုက်ကလည်းတစ်ဖြည်းဖြည်းပေါ်လာသည်။အရင်တစ်ခေါက် accident ဖြစ်ပြီးကတည်းက လပြည့်ဝန်းက တစ်စိမ်းတွေဆိုသိပ်မကပ်တော့။
အိမ်မှာနေရင်း ချည်ထိုးသင်ကာ ခလေးအတွက် အကျ..ထိုးပေးနေသည်။
"ကိုယ်ပြန်လာပြီ"
လပြည့်ဝန်း ဘုန်းမြတ်တည်အသံကြား၍ ဝမ်းသာသွားကာပြေးထွက်လာသည်။
"အာဘာလို့ပြေးလာတာတုန်း"
ဘုန်းမြတ်တည်ပြောရင်း လပြည့်ကိုပွေ့ချည်လိုက်သည်။
"ကျွန်တော်မှာလိုက်တဲ့ အသီးတွေပါလားဟင်"
"မင်းကိုယ်ကိုလည်းမေးပါအုံးကွာ"
"အသီးတွေရော"
"ဟင်း~ပါပါတယ်ဗျာ"
"ဟီးဟီး။ တော်လိုက်တာ။မွ"
ဘုန်းမြတ်တည်သဘောကျစွာရယ်လိုက်သည်။သူ့ပါးနမ်းသွားသည့်တရာခံလေးကတော့ အသီးတွေရွေးနေသည်။
moonကဆေးပြီး သူတို့ဆီကိုချပေးလာသည်။လပြည့်ဝန်းက ဘုန်းမြတ်တည်ပေါင်ပေါ်ထိုင်ကာ အသီးစားနေသည်။
ဘုန်းမြတ်တည်ကတော့ ဗိုက်ပူလေးကို အဆီလိမ်းပြီးနှိပ်ပေးနေသည်။
"အာ့..ယားတယ်.."
"သည်းခံလိုက်လေ။ကိုယ်ပြီးတော့မယ်"
"အင်း"
"ရော့ အသီး။"
လပြည့်ကခွံ့ကျွေးလိုက်။ဘုန်းမြတ်တည်ကစားလိုက်နဲ့ဧည့်ခန်းထဲ၂ယောက်သားချစ်ကြည့်နူးနေသည်။