'3'Luftschloss

392 46 8
                                    

3-Luftschloss of an Aster

ကျန်းဟာအိုက ပုစွန်တွေခွာရင်း ဆောင်းဟန်ဘင်း ပန်းကန်ထဲ ထည့်ပေးနေတာမို့ ပန်းကန် တစ်ခုလုံး အပြည့်ဖြစ်လာ‌တာတောင် ထပ်ထည့်ပေးဖို့လုပ်တော့ ဆောင်းဟန်ဘင်း တားရတော့သည်။

"ပါးပါးလည်း စားပါဦး...ကျွန်‌တော့်ထဲမှာ ပုစွန်တွေ အရမ်းများနေပြီ"

ကျန်းဟာအို မသိတာ မဟုတ်ပေမဲ့ သူတို့ ပုစွန်ချက်တိုင်း သူတို့ လူကြီး သုံးယောက်လုံးက ဆောင်းဟန်ဘင်း ပန်းကန်ထဲကိုပဲ ပုစွန်တွေ အပြည့်အသိပ်ထည့်ပေးကြတာ။ အတတ်နိုင်ဆုံး ဖြည့်ဆည်းပေးချင်တဲ့ ဆန္ဒကြောင့် အခုလို လုပ်ပေးမိပေမဲ့ အရင်အချိန်တွေကို သတိရသွားစေမိသည်ထင်။

ထမင်းဝိုင်းကို တိတ်တိတ်ဆိတ်ဆိတ် အဆုံးသတ်လိုက်ကြပြီး ဆောင်းဟန်ဘင်းက ကျန်းဟာအိုကို ပန်းကန်တွေ ဆေးကူသည်။ အရင်အချိန်တုန်းကလို။

"ဒီနေ့ ရန်ဖြစ်တာကလေ ကျွန်တော် စိတ်မထိန်းနိုင်သွားလို့ပါ ပါးပါးကို ဒုက္ခပေးမိသလို ဖြစ်သွားပြီ"

ကျန်းဟာအို ခေါင်းခါလိုက်သည်။ မဟုတ်ဘူး အရင်လို သူ့အပေါ်မှာ ကလေးဆန်ပြီး ဆိုးလို့ရတာမို့ သည်လို မရင့်ကျက်ပြပါနဲ့။

"ဘယ်လိုအကြောင်းအရာပဲရှိရှိ ဟန်ဘင်း မှန်တယ်ထင်တာကိုပဲ လုပ်ပါ...ရန်ဖြစ်လည်းရတယ် ပါးအကုန်လိုက်ရှင်းပေးနိုင်ပါတယ်...အရင်လို လူဆိုးလေးလုပ်နေလည်း ရတယ် ဟန်ဘင်းမှာ ပါးတစ်ယောက်လုံးရှိသေးတယ် ချက်ချင်းလက်ငင်း ရင့်ကျက်အောင် မကြိုးစားပါနဲ့ ဖြည်းဖြည်းချင်းပဲ ကြီးပြင်းလာပေးပါ"

ကျန်းဟာအိုက ထိုစကားတွေကို ပြောရင်း ဆောင်းဟန်ဘင်းရဲ့ ခေါင်းကို ဖွဖွလေး ပွတ်သပ်ပေးသည်။ ကျန်းဟာအို ပခုံးပေါ် ဆောင်းဟန်ဘင်း ခေါင်းတိုးပြီး မှီလိုက်တော့ ကျန်းဟာအို ရယ်မိတော့သည်။

"ပါးပါးပြောတာ မှန်တယ်...ကျွန်တော် နားလည်ဖို့ ကြိုးစားရတာ တကယ် ခက်တယ် ပင်လည်းပင်ပန်းတယ်"

ဆောင်းဟန်ဘင်း ကို ကျန်းဟာအို ဘယ်အချိန်အထိ တာဝန်ယူပေးရမလဲဆိုတာ ကျန်းဟာအို မသိပေမဲ့ အရှင်းဆုံးထိ တွေးထားတာကတော့ ဆောင်းဟန်ဘင်း သူ့ကို မလိုအပ်တော့တဲ့ အချိန်မှသာ ကျန်းဟာအို ထွက်သွားပေးလိုက်မည်။ အဲသည်အချိန်ကိုတော့ မရောက်စေချင်ဘူးဆိုရင် ကျန်းဟာအို အတ္တကြီးလွန်းရာကျနေလောက်မလား။ သူဆောင်းဟန်ဘင်း သတိုးသား ဝတ်စုံ ဝတ်ထားတဲ့အချိန်ထိ စောင့်ရှောက်ချင်တာ။

Luftschloss of an AsterWhere stories live. Discover now