14-Luftschloss of an Aster
"ခရမ်းရောင် Asterတွေနဲ့ ပန်းရောင် Aster တွေက သင် ချစ်မြတ်နိုး၊ လေးစားပြီး နက်နက်ရှိုင်းရှိုင်း တန်ဖိုးထား ဂရုစိုက်တဲ့ လူတစ်ယောက်ကို လက်ဆောင်ပေးဖို့ အသင့်တော်ဆုံးပါ။"
ပန်းဆိုင်ရှေ့က ဆိုင်းပုတ်တစ်ခုကို ဆောင်းဟန်ဘင်း ဖတ်လိုက်ပြီး စိတ်ဝင်စားသွားရသည်။
Aster ပန်းစည်းတွေ အများကြီးကို သူအတော်လေး သဘောကျနေမိသည်။ ကျန်းဟာအို သည်ရက်ပိုင်းတွေမှာ စိတ်ရှုပ်နေတဲ့ ပုံစံနဲ့ သူ့ကိုလည်း အမြဲတမ်းလိုလို ရှောင်နေတာဆိုတော့ သည်ပန်းစည်းဝယ်သွားပြီး လက်ဆောင်ပေးရမည်ဟု ဆောင်းဟန်ဘင်းတွေးလိုက်မိသည်။
ဒါပေမဲ့ ပန်းစည်းရဲ့ ဈေးနှုန်းကို ကြည့်လိုက်ပြီးနောက် သူတွေးမိသည်မှာ သူ့ရဲ့ skin ဝယ်ဖို့ စုထားသည့် စုဘူးကို ဖောက်ရတော့မည် ဟူ၍ပင် ဖြစ်၏။
ကျန်းဟာအိုက သူ့ကို final အတွက် စာတွေ ပြန်သင်ပေးတဲ့ အချိန်ကလွဲလို့ ကျန်သည့် အချိန်တွေမှာ သူ့ကို ရှောင်ဖယ်နေတတ်၏။ ချွမ်းရွေ့ကတော့ သူ့ကို စာသေချာ လုပ်ဖို့သာ နှစ်သိမ့်သည်။ သည်လိုဆိုရင် ကျန်းဟာအိုကလည်း သူ့ကို စာသေချာလုပ်စေချင်၍ တသီးတသန့်နေနေခြင်းဖြစ်မည့်ပုံပင်။
"ဘိုးဘေးလေးကြည့်ရတာ ကောင်မလေးက အပစ်ခံထားရသလိုပဲ"
"ဘယ်မှာ ကောင်မလေးရှိလို့လဲ ငါ့ပါးလေ...ဒီရက်ပိုင်း စိမ်းကားသွားလို့"
"ငါတစ်ခုပြောပြကြည့်မယ်ကွာ စိတ်မဆိုးနဲ့"
ဂယူဘင်း ဆောင်းဟန်ဘင်းကို ကျန်းဟာအိုနှင့် ပတ်သက်သည့် ခံစားချက်တွေ တစ်ခုချင်းစီမေးလိုက်သည်။
ကျန်းဟာအိုကို ကျောင်းသူတွေ စာတွေ၊ မုန့်တွေနှင့် ပန်းတွေကို တိုက်ရိုက်ပေးမျသာ ရောက်ပြီး ဆောင်းဟန်ဘင်းက တစ်ဆင့်ပေးခိုင်းကပါ ဆောင်းဟန်ဘင်းက ဖျက်ဆီးပစ်တတ်၏။
ကျန်းဟာအို ကြင်ဖက်သွားတွေ့မှာတို့၊ ဘလိုင်းဒိတ်သွားမှာတို့ ဖြစ်မှာ ဆောင်းဟန်ဘင်း သိပ်ကြောက်၏။
ကျန်းဟာအို အနားမှာရှိနေပါက ဆောင်းဟန်ဘင်းစိတ်လုံခြုံသည်။ သေချာတာတစ်ခုက ကျန်းဟာအိုကို အမြဲတမ်း အနားမှာ ရှိနေစေချင်သည်။ အားကိုးချင်သည်။ ကျန်းဟာအိုရှိနေမှ သူ့ဘဝက ပြီးပြည့်စုံသည်။
![](https://img.wattpad.com/cover/357279806-288-k373345.jpg)
YOU ARE READING
Luftschloss of an Aster
FanfictionLuftschloss - unrealistic dream Aster ပန်းတွေရဲ့ သင်္ကေတက လေးစားခြင်းရောတဲ့ ချစ်ခြင်းမေတ္တာတဲ့။ Centerz HaoBin A gift for my beloved (T▽T)