'6'Who's placing these camellias?

307 45 4
                                    

6-Luftschloss of an Aster

"ဘယ်သွားမလို့လဲ..."

"ပန်းပေးတဲ့ သူကို သွားဖမ်းမလို့"

"သွားတော့လေ မမီဘဲ နေမယ်..."

ကျန်းဟာအို ခေါင်းညိတ်လိုက်သည်။

ချွမ်းရွေ့ မနက် အစောထရတာကို မကြိုက်ပေမဲ့ ပန်းထားတဲ့ သူကို မိချင်တဲ့အတွက်ကြောင့် ကျောင်းကို အစောကြီး ထွက်လာခဲ့တာပင်။

"ပါး...ဦးလေးက ဘယ်သွားတာလဲ..."

"ပန်းပေးတဲ့သူကို ဖမ်းဖို့ လုပ်နေတာ"

"ဪ..."

ဘာလို့ အစောကြီးနိုးနေတာလဲ..."

"ပါးဟင်းချက်နေတာ မွှေးလို့...ပြန်တက်တော့မယ်နော်..."

"ပြန်မအိပ်နဲ့နော်...မနက်စာပြင်ထားလိုက်တော့မယ်"

"ဟုတ်..."

တကယ်တော့ ဆောင်းဟန်ဘင်း အပေါ် အမြန်တက်ရသည်မှာ အကြောင်းအရင်းရှိသည်။ သူငယ်ချင်းဖြစ်သူကို ဖုန်းခေါ်ပြီး သတင်းပေးရမှာ ဖြစ်၍ပင်။

"ဟေ့ရောင်ရေ မင်း အဖမ်းခံထိတော့မယ်..."

~ ~ ~ ~

"အဲ့မှာရပ်လိုက်..."

ချွမ်းရွေ့အခန်းထဲက ခပ်မြန်မြန်ထွက်လာသည့် လူက ကျောင်းသားတစ်ဦးပင်။ ချွမ်းရွေ့ကို ကျောပေးထားတာကြောင့် မျက်နှာတော့ မမြင်ရ။ ထိုကျောင်းသားက ချွမ်းရွေ့ အသံကြားကြားချင်း ခဏရပ်ပြီးသည်နှင့် ပြေးသည်။

"အဲ့မှာ ရပ်နေစမ်း..."

ချွမ်းရွေ့လည်း ပြေးလိုက်ပေမဲ့ ထိုကျောင်သားက ပို၍ပင် အပြေးမြန်သည်။ အမိမခံရအောင် အသားကုန်ပြေးနေသည့် ကျောင်းသား ချော်လဲသွားတော့ ရပ်မည် ထင်ခဲ့ပေမဲ့ ထိုကျောင်းသားကတော့ ကျောင်းခြံစည်းရိုးကိုပါ လွှားခနဲ ခုန်ကျော်သွားသည်မှာ ပုံမှန်လုပ်နေကျ အလုပ်လို။

"မမိပြန်ဘူး...သူဘယ်လို သိသွားလို့ အမြန်ပြေးတာလဲ"

ထုံးစံအတိုင်း camellia ပန်းတစ်ပွင့်က ခုံပေါ်မှာ။

ခြံစည်းရိုး ခုန်ကျော်ပြီးတဲ့ အထိလည်း ရပ်လို့ မရတာကြောင့် ဘောလုံး အသင်းအတွက် ထားရှိသည့် အဝတ်လဲခန်းဆီ ပြေးပြီးမှ ဒဏ်ရာကို ငုံ့ကြည့်ရသည်။

Luftschloss of an AsterWhere stories live. Discover now