'10'Pettish little baby

369 43 2
                                    

10-Luftschloss of an Aster

"ဆောင်းဟန်ဘင်း...အဲ့မှာ ရပ်နေစမ်း"

"ပါး...ဒါ...ဒါက..."

ကျောင်း သန့်ရှင်းရေးအချိန်ကို လစ်၍ ဂယူဘင်းနှင့် ဆောင်းဟန်ဘင်းတို့ ဂိမ်းဆိုင်သွားဖို့ လုပ်နေတာကို ကျန်းဟာအို မိသွားခြင်းဖြစ်သည်။

"အာ...ဆရာကျန်း...တကယ်က ကျွန်တော်...အဖော်ခေါ်တာပါ..."

"ကျွန်တော် စာမေးပွဲမှာ အမှတ်လည်း တက်လာတယ် ဒါပေမဲ့ ပါးက ဂိမ်းဆိုင်လည်း မသွားခိုင်းဘူး အရင်လို အချိန်နဲ့ပဲ ဆော့နေရတာ...တစ်ခါတလေတောင် မလွှတ်တော့ဘူး...ကျွန်တော့်ကို အခန်းထဲမှာ ပိတ်ထားချင်လို့လား..."

"ဆောင်းဟန်ဘင်း အလိုလိုက်လွန်းအားကြီးလို့ ပြန်ပြောနေပြီလား...မင်းနဲ့ အိမ်ရောက်မှ စကားပြောတာပေါ့...အခုမင်းတို့နှစ်ယောက်လုံး သန့်ရှင်းရေးလုပ်နေကြတဲ့ဆီ ပြန်သွား အခုချက်ချင်း"

ဆောင်းဟန်ဘင်းက အနားက တံမြက်စည်းကို ဇက်ခနဲ ဆွဲယူပြီး ကျန်းဟာအိုကို မျက်စောင်းထိုးပြီး ထွက်သွားတော့ ဂယူဘင်းလည်း နောက်ကနေပြေးလိုက်ရသည်။

ကျန်းဟာအို သက်ပြင်းချလိုက်သည် သူဒီထက်ပိုပြီး အလိုလိုက်နေ၍ မရတော့။

ကျောင်းဆင်းတော့ ကျန်းဟာအိုက ကားနှင့်စောင့်နေသည်။ ဒါပေမဲ့ ဆောင်းဟန်ဘင်းလာတော့ ကားတံခါးကို မဖွင့်ပေးချေ။

"ပါး...တံခါးဖွင့်ပေးလေ"

ကျန်းဟာအို ကားမှန်ချပြီး စကားပြောလိုက်သည်။

"လမ်းလျှောက်ပြီး အိမ်ပြန်လာခဲ့...ဂိမ်းဆိုင်ကိုလည်း လမ်းလျှောက်ပြီး သွားတာမလား"

"ပါး..."

"ကလေးကို..."

"ချွမ်းရွေ့ မင်းလည်း အလိုမလိုက်နဲ့...ဆောင်းဟန်ဘင်း...အိမ်ကို ၇ခွဲဆိုရောက်ရမယ်နော် လမ်းလျှောက်ရင် အိမ်နဲ့ကျောင်း ဆယ့်ငါးမိနစ်ပဲကြာတာ"

"ပါးကို တကယ် စိတ်ဆိုးတယ် နေရာတိုင်း လိုက်ချုပ်ခြယ်နေတာ"

"အိမ်ရောက်မှ မင်းနဲ့ သေချာ စကားပြောမယ်"

ကျန်းဟာအိုက မှန်ကို ပြန်တင်လိုက်ပြီးနောက် မောင်းထွက်သွားလိုက်သည်။ ဆောင်းဟန်ဘင်းကို သည်တစ်ခါတော့ သူသေချာတင်းကြပ်ဖို့ ‌တွေးလိုက်မိသည်။ တက္ကသိုလ်ရောက်သည့်အခါ သည်လိုမျိုး ဆက်သွားနေပါက ပျက်စီးသွားလိမ့်မည်။

Luftschloss of an AsterWhere stories live. Discover now