16-Luftschloss of an Aster
"Je suis pour toi" means "I am for you"
ကျန်းဟာအို၊ ဆောင်းဟန်ဘင်း၊ ချွမ်းရွေ့နဲ့ ကျန်းဟာအိုရဲ့ အဖေဖြစ်သူ လေးယောက်သား ဆောင်းဟန်ဘင်းတို့ အိမ်ရဲ့ ဧည့်ခန်းမှာ ကျန်းဟာအိုတို့က တစ်ဖက်၊ ကျန်းဟာအို့အဖေဖြစ်သူက တစ်ဖက် မျက်နှာချင်းဆိုင် အနေအထား။
နှစ်ဖက်စလုံးရဲ့ အကြည့်ချင်း စစ်ခင်းနေမှုက အနီးအနားက လေထုကိုတောငိ လေးလံထိုင်းမှိုင်းစေသည်။
"အမေ့ကို တွေ့ပြီးရင် ကျွန်တော် ပြန်မှာ အဲဒီမှာ ကျွန်တော် မနေနိုင်ဘူး အဖေတို့ရဲ့ မိသားစုထဲ ထပ်ပြီး ဆွဲခေါ်တာ မခံနိုင်ဘူး"
"ငါတို့မှာ မင်းပဲ ကျန်တော့တယ် ငါ့ကျန်းမာရေးကလည်း အကျဘက်ပိုင်းကို ရောက်နေပြီ ငါတို့က မင်းမိသားစု မဟုတ်ဘူးလား"
"အဲ့စကားကို ကျဲကိုသွားပြော...ကျွန်တော်က ကျဲကို ခေါ်ပြီး ထွက်လာခဲ့တာ မဟုတ်ဘူး ကျွန်တော်က ကျဲ ကို အဖေတို့လို လူတွေ လက်ထဲက ကယ်လာခဲ့တာ...အိမ်ရဲ့ စီးပွားရေးကောင်းစားဖို့ ကိုယ့်သမီးကို သူများဆီ အတင်းထိုးပေးနေတဲ့ အဖေတို့လို ယုတ်မာတဲ့ လူတွေ လက်ထဲက ကယ်ခဲ့တာလို့"
ကျန်းဟာအို ပြောရင်း ပြောရင်းနှင့် ဒေါသ ပါလာသည့်အလျောက် အသံတွေပါ မတည်ငြိမ်တော့။ ချွမ်းရွေ့နှင့် ဆောင်းဟန်ဘင်းက တစ်ဖက်စီ ကျန်းဟာအိုကို ပင်တိုင် ဆွဲထားရ၏။
"မင်း သူ့ကို ပေးတဲ့ ဘဝက ဘယ်လောက်ကောင်းနေလို့လဲ ကလေးတစ်ယောက် အဖေနဲ့ ယူပြီး အခု အဲ့ကလေးကိုပါ မင်းတာဝန်ယူနေရတာ မဟုတ်ဘူးလား မင်း ကိုယ့်မိသားစုကိုယ်တောင် ပြန်လှည့် မကြည့်နိုင်တာ အဲ့ကလေးကြောင့်လားလို့"
"ကျွန်တော့်သားကိုရော ကျွန်တော့် ယောက်ဖကိုရော အဖေ အဲ့လို ပြောစရာ မလိုဘူး သူတို့ပေးတဲ့ ပျော်ရွှင်မှုမျိုး ကျဲ အဖေတို့ ပေးနိုင်ခဲ့လို့လား"
တင်းကြပ်တဲ့ အုပ်ချုပ်မှုအောက်မှာ ကြီးပြင်းလာခဲ့ရပြီး သည်းမခံနိုင်လောက်တဲ့ ဖိအားတွေကို ခံယူခဲ့ရတာကြောင့် ကိုယ့်ခြေထောက်ပေါ်မှာ ဘယ်လိုနည်းနဲ့ပဲ ရပ်တည်ရ ရပ်တည်ရ သည်မိဘတွေ လက်က လွတ်မြောက်ဖို့ကသာ အဓိကပင်။
YOU ARE READING
Luftschloss of an Aster
FanficLuftschloss - unrealistic dream Aster ပန်းတွေရဲ့ သင်္ကေတက လေးစားခြင်းရောတဲ့ ချစ်ခြင်းမေတ္တာတဲ့။ Centerz HaoBin A gift for my beloved (T▽T)