'8'Papa's Princess

319 45 3
                                    

8-Luftschloss of an Aster

ဆောင်းဟန်ဘင်းကို ပါးပါးရဲ့ မင်းသမီးလေးဆိုပြီး ဝိုင်းစကြစေတဲ့ နောက်ကွယ်က တရားခံကတော့ ကျန်းဟာအိုပဲ။

၁၄ နှစ်သားလေး ဆောင်းဟန်ဘင်း ကျောင်းမှာ ချော်လဲ‌တော့ လာခေါ်တဲ့လူက ကျန်းဟာအို။

၁၅ နှစ်သားလေး ဆောင်းဟန်ဘင်း ပထမဆုံး ရန်ဖြစ်‌တော့ ကျောင်းကို လိုက်ရှင်းခဲ့တာ ကျန်းဟာအို။

၁၆ နှစ်သားလေး ဆောင်းဟန်ဘင်း အမှတ်တွေ နည်းရင်လည်း လိုက်ခဲ့တာ ကျန်းဟာအိုပဲ။

အဖေ ဖြစ်သူရှိနေသည့် အချိန်ကတောင် ကျန်းဟာအိုက ဆောင်းဟန်ဘင်းကို အပြည့်အဝ တာဝန်ယူခဲ့သည်။

ဆောင်းဟန်ဘင်းကသာ ဂိမ်းဆော့လိုက်၊ ရန်ဖြစ်လိုက်နဲ့ လူဆိုးလေးလုပ်နေပေမဲ့ တကယ်တမ်းကျ ဆောင်းဟန်ဘင်းက စိတ်သဘောထားနူးညံ့ပြီး ဖြူစင်တဲ့ ကလေးလေးပါ။

ကျန်းဟာအို သည်းသည်းလှုပ်တာကို အခွင့်အရေးယူတတ်ပေမဲ့ ကျန်းဟာအို သိက္ခာကျစေမှာမျိုးတော့ မလုပ်ဖူးဘူး။

ကျန်းဟာအိုရဲ့ ဆောင်းဟန်ဘင်းကို အမှတ်မကောင်းလို့ ဆူတယ်ဆိုတာမှာ ဆောင်းဟန်ဘင်းရဲ့ အမှတ်က အလယ်အလတ်ပဲ။ ဂျူနီယာ အထက်တန်းတုန်းကထက်စာရင် စီနီယာအထက်တန်းမှာ ဆောင်းဟန်ဘင်း အများကြီး တိုးတက်လာခဲ့သည်။

ဒါပေမဲ့ ပါးပါးဖြစ်သူရှေ့မှာ ဆိုးနွဲ့ချင်သည့် ကလေးစိတ်လေးကတော့ မပျောက်သွား။

လောကဓံရဲ့ ရိုက်ချက်က ပြင်းထန်သည့်တိုင်အောင် ကျန်းဟာအိုက အဲသည်လောကဓံကို ဆောင်းဟန်ဘင်း ဆီ သက်ရောက်မှု မပြင်းထန်စေဖို့ အတတ်နိုင်ဆုံး ကြိုးစားခဲ့သည်သာ။

သို့ပေမဲ့ အသက်တစ်ရာမနေရ အမှုတစ်ရာ ကြုံရ တိုသည့် အတိုင်း အရှုပ်အထွေး တစ်ခုသည် ကျန်းဟာအိုတို့၏ ငြိမ်းချမ်းနေသည့် အိမ်လေးဆီသို့ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ရှိလာခဲ့သည်။

ဆောင်းဟန်ဘင်း၏ အမေအရင်း ဖြစ်သူ ရောက်ရှိလာခြင်းပင်။

"ကျွန်မက မွေးထားရတဲ့ အမေအရင်းပါ သူ့အဖေမရှိတော့ရင် ဒါ ကျွန်မရဲ့သားလေ..."

Luftschloss of an AsterWhere stories live. Discover now