Unicode;
ဟော်တယ်ခန်းမရဲ့ ရွှေေရာင်တံခါးကြီးကပွင့်လာခဲ့ရာ ထိုနေရာမှာရပ်နေခဲ့သောသတို့သားနှင့်သတို့သမီးသည်"နေနဲ့လ ရွှေနှင်မြ"သဖွယ်လိုက်ဖက်လွန်းလှသည်သူတို့နှစ်ဦးရှေ့တွင်အင်မတန်မှစပိန်နိုင်ငံရဲ့ပြည်သူတို့ယုံကြည်အားကိုးရသော ဘုန်းတော်ကြီးတစ်ဦးရပ်နေခဲ့ပြီး မဂ်လာဆုတောင်းကျမ်းစာဆိုပေးနေခဲ့သည်
"ဒီလင်နဲ့ဒီမယား ဘဝနိဒါန်းကုန်ဆုံးသည့်နေ့ထိတိုင်အောင်အချင်းချင်း ဖေးမရင်း နိဂုံးချုပ်ကြရပါစေ ဘုရားသခင်ရဲ့အရိပ်အာဝါသအောက်တွင်ရှိနေကြသောထို ဇနီးမောင်နှံနှစ်ယောက်ရဲ့အိမ်ထောင်ရေးကိုသာယာ ဝပြောအောင်စောင့်ရှောက်ပေးတော်မူပါ ဘုရားသခင်အာမန် သတို့သားနဲ့သတို့သမီး တစ်ဦးကိုတစ်ဦး မေတ္တာစစ်မှန်ကြောင်း ပြသနိုင်အောင်ကျမ်းစာ စရွတ်ပေးလို့ရပါပြီ"(စပိန်စကား)
"ဘုရားသခင်အလိုတော် ကျပါ အာမန်"(စပိန်စကား)
ထိုသို့ဦးရာဇကပြန်ဖြေလိုက်လေသည်
ဘာမှမသိသောသူမလေးက သူ့နောက်ကနေကြည့်ပြီးလိုက်လုပ်နေရတာလုပ်ပုံကိုင်ပုံတွေအားလုံးတစ်ခုေလးမှတောင် နားမလည်ပေ
သူမကဗုဒ္ဓဘာသာဝင်တစ်ယောက်ဖြစ်ပြီး သူယူတဲ့ထိုလူကြီးကခရစ်ယာန်ဘာသာဝင်တစ်ယောက်ဖြစ်နေသည်
သူမသည်ဘာသာရေးကိုလိုက်စားသူဖြစ်တာကြောင့်ပဲသူ့ဘာသာကိုယ့်ဘာသာ မကြည့်နေပဲအကုန် လိုက်ေလျာပေးနေသော်လည်းစိတ်ထဲမှာတော့ ကျဉ်းကျပ်နေခဲ့တာကတော့အမှန်ပင်
သူမကသူနဲ့ယူလိုက်တာနဲ့အရာအားလုံးပြောင်းလဲနေရသလို သူမနဲ့လုံးဝမသက်ဆိုင်နေတဲ့အရာေတွကိုအစိမ်းသက်သက်လုပ်နေသလိုပင် သူ့ဘဝကအဲ့သလောက်တောင် တင်းကြပ်ရလား သူမသူ့ကိုယူဖို့လက်ခံခဲ့တာမှားသွားပြီလား
သူ့ကို တစ်ခဏငေးကြည့်နေရင်းဦးရာဇကသူမကို
"ဆောင်းကိုယ်တို့ရွတ်ကြရအောင် ဆောင်းဘာမှနားမလည်လဲ ကိုယ်နောက်ကလိုက်ဆိုလို့ရတယ်နော်"
"ဦးမင်းထက်ရာဇ ကျုပ် မလုပ်ချင်တော့ဘူး"
"..........."
YOU ARE READING
အိပ်ယာထက်ကအနမ်းပွင့်
Romance"ကျုပ်နားမလည်ဘူးကျုပ်ကဘာလို့ခင်ဗျားကြီးရဲ့မိန်းမလုပ်ရမှာလဲ" ဆောင်းနိုးမေ "ဘာလို့လဲဆိုေတာ့မင်းကိုကိုယ်အပိုင်ဝယ်လိုက်ပြီမို့လို့လေ" မင်းထက်ရာဇာ( or)Alex leo