Unicode;
(အချစ်ရှိရင် vote ပေးသွားကြနော်)
"နေအုံးကျွန်မကရှင့်မိန်းမဆိုတော့ရှင့်ခံစားချက်တွေကိုကျွန်မအပေါ်ခံစားလို့ရတယ် အခြားမိန်းမတွေဆီမှာတော့သွားမခံစားနဲ့"
ဦးထိခေါင်ထွက်သွားခါနီး သူ့မိန်းမစကားကြောင့်ပြန်လှည့်ကာ
"ကိုယ်အဲ့စကားကိုမကြိုက်ဘူးနော် ကိုယ်အခြားမိန်းမတွေကိုထိတွေ့တိုင်းမင်းနဲ့အတူနေသလိုမျိုးဘယ်တုန်းကမှမခံစားခဲ့ဖူးဘူး ဘယ်တော့မှလည်းခံစားမှာမဟုတ်ဘူး "
"အဲ့တော့ဖောက်ပြန်တယ်ဆိုတာ ဝန်ခံတယ်ပေါ့"
"ဝန်မခံဘူး ဝန်ခံစရာမလိုခဲ့အောင်ကိုယ်နဲ့မင်းနဲ့ပြသနာနည်းနည်းရှိတယ်"
"အဲ့တော့အခုကျွန်မက ဘာကြောင့်ဒီလိုခံစားနေရလဲဆိုတော့ ကိုယ့်ကိုယ်ကိုသတ်သေတာမလား"
"အဲ့လိုလည်းမဟုတ်ဘူး"
"အဲ့ဆိုရှင်ကနောက်ထပ်လုပ်ဦးမှာလား"
"ဘယ်တော့မှမလုပ်ဘူး ကိုယ်တို့အစကနေပြန်စကြမယ် ပျော်ရွှင်စရာကောင်းတဲ့မိသားစုဘဝလပြန်ထူထောင်ကြမယ်"
"ကျွန်မကလက်ခံသင့်လား ရှင်ဒီလောက်ဖောက်ပြန်နေခဲ့တာကို ဖောက်ပြန်တယ်ဆိုတာလေဘယ်လောက်ရွံ့စရာကောင်းပြီးစက်ဆုပ်စရာကောင်းလည်းရှင်သိလား"
ပြောနေရင်းနှင့်ပင်သူမမျက်ရည်များကျလာသည်
"ရှင်မကောင်းဘူး"
"ဟုတ်တယ် ကိုယ်မကောင်းဘူးကိုယ် ဘာမှပြောစရာမရှိပါဘူး"
"ငြင်းရမှာမလား ကျွန်မမှမမှတ်မိတာကို သူကလာနှောက်ယှက်ခဲ့ရင်ရှင်ကဘယ်သူ့ဘက်ကပါမှာလဲ သူ့ဘက်ကလား"
"ဘေဘီကိုဘယ်သူကနှောက်ယှက်တာလဲ ဘယ်သူလဲ!"
ဦးထိခေါင်လည်းစိတ်ပူသွားပြီးသူလုပ်ခဲ့တဲ့ကိစ္စတွေကိုသူမအပေါ်သက်ရောက်မှာစိုးရိမ်လာသည်
"ဘာလဲ ရှင်က သူ့ကိုစိုးရိမ်နေတာလား"
"အဲ့ဟာကိုစိုးရိမ်စရာလား မင်းကိုစိုးရိမ်တာကွ သူကမင်းကိုဘာပြောလို့လဲ ခြိမ်းခြောက်တာလားမိုက်မိုက်ရမ်းရမ်းပြောခဲ့တာလား မင်း...."
YOU ARE READING
အိပ်ယာထက်ကအနမ်းပွင့်
Romance"ကျုပ်နားမလည်ဘူးကျုပ်ကဘာလို့ခင်ဗျားကြီးရဲ့မိန်းမလုပ်ရမှာလဲ" ဆောင်းနိုးမေ "ဘာလို့လဲဆိုေတာ့မင်းကိုကိုယ်အပိုင်ဝယ်လိုက်ပြီမို့လို့လေ" မင်းထက်ရာဇာ( or)Alex leo