Episode 37 Father and mother 's First Day

4.1K 101 0
                                    

Unicode
"‌အာ့!ယောကျာ်း ..ယောကျာ်း ..ထအုံးလို့"

"ဟင်မိန်းမ"

ညကြီးသန်းခေါင်ကျော် သူ့ကိုအားကိုတကြီးနှိုးနေတာကြောင့် သူအလန့်တကြားနိုးကာ

"ဘာဖြစ်တာလဲ မိန်းမ"

"ဗိုက်နာတယ် ဗိုက်ကအာ့ !!!မရတော့ဘူး နာတယ်"

"ဟုတ်လား ဟုတ်ပြီ ဟုတ်ပြီ ဆေးရုံမြန်မြန်သွားကြမယ် "

"မြန်မြန်လုပ်"

"အေအေ "

ဦးရာဇကားသော့တွေ အဝတ်စားပိုတွေ အကုန်ယူကာ နိုးမေကိုပွေ့ချီပြီးဆေးရုံ သွားတော့သည်

ဆေးရုံရောက်သည်နှင့်

(အခုကစပြီးစပိန်စကားပြောပါပြီ)

"အား အားးးး!"

"ဒေါက်တာ "

"ကိုရာဇ ဘယ်လိုဖြစ်တာလဲ"

"မင်းမရီးမွေးချင်လို့ထင်ပါတယ်ကွာ"

"ဗျာ ဟုတ်ဟုတ် "

ထို့နောက် သားဖွားမီးယပ် ဆရာဝန်စိုင်းက စမ်းသပ်ကြည့်လိုက်သည့်အခါ ကလေး‌မွေးတော့မှာဖြစ်၍

" ခွဲစိတ်ခန်းပြင်ထားလိုက် အခုမွေးတော့မယ်"

နတ်စ်မအားလုံးသည် လျှင်မြန်စွာ ပြေးဝင်သွားကြပြီး ခွဲစိတ်ခန်းအတွက်ပြင်ဆင်ကြသည်

သူမလည်းဗိုက်နာလွန်း၍မျက်လုံးများပြာဝေတဲ့ထိပင်

"အား !!နာတယ် !!အား!!"

"ဆရာရပါပြီ"

"ဟုတ်ပြီ ခွဲမယ်"

သူမကို nurse မလေးများက ဝတ်စုံလဲပေးလိုက်ပြီးခွဲစိတ်ခန်းထဲပို့ကြသည်

သူမက ထုံဆေးနဲ့မွေးရန် လုပ်ထားပြီး မေ့ဆေးနဲ့မွေး လျှင် နောက်ဆက်တွဲဆိုးကျိုးများခံစားရမှာဆိုး၍ဖြစ်သည်

"လူနာရှင်"

"ဟုတ်ကဲ့"

"ကျွန်တော်ထုံဆေးပေးမယ်နော်"

"ဟုတ်ကဲ့ "

"ကလေးတွေက အမွှာလေးတွေဆိုတော့ နာမည်ပေးဆို့စဉ်းစားပြီးပြီလား"

သူမကို အာရုံလွဲရန် စကားအမျိုးမျိုးပြောကြသည်

"မစဉ်းစားရသေးပါဘူးရှင့် "

အိပ်ယာထက်ကအနမ်းပွင့်Where stories live. Discover now