Episode 32

4.9K 123 2
                                    

Unicode;

"မိန်းမ ဘာလို့ငိုတာလဲ"

"ဟင့်! ဟင့်! ကြောက်တယ် ကြောက်တယ်လို့ ဆောင်းတာဝန်မယူနိုင်သေးဘူးဆောင်း မလိုချင်သေးဘူး"

"မိန်းမ အခုက မလိုချင်လို့မရတော့ဘူးလေ‌ကွာ အခု ကလေးလေးကကိုယ်တို့ဘဝထဲရောက်နေပြီဘယ်လိုမှ မယူချင်လို့မရဘူး"

"ဟင့်!! မလုပ်ပါနဲ့ ဆောင်းကိုသနားပါ ဆောင်းအရမ်းကြောက်တယ်ဆောင်း ...."

"မိန်းမ မင်းဘယ်လိုဖြစ်နေတာလဲ မင်းကြောက်စရာမလိုပါဘူး အဲ့ကလေးတစ်ယောက်ကမင်းကို ဘာလုပ်နိုင်မှာမို့လို့လဲ!!"

"ဟင့်ဟင့်...ဟင့်..."

"တိတ်တိတ် မောနေမယ် ကိုယ်ရှိပါတယ်မကြောက်ပါနဲ့ကိုယ် တစ်ယောက်လုံးရှိတယ် မင်းတစ်ယောက်ထဲကိုမခံစားခိုင်းပါဘူး"

"ဟင့်!ဟင့်"

"တိတ်ပါကွာ"

"ဆောင်း လေ ကလေးလေးကိုမချစ်လို့မဟုတ်ပါဘူး ဆောင်းချစ်ပါတယ် ဒါပေမယ့်ဆောင်းယူဖို့ အဆင်သင့်မဖြစ်သေးလို့ပါ"

"အဲ့တော့ဘာလုပ်မှာလဲဖျက်ချမလို့လား ပြောလေ မင်းကလေးမဆန်စမ်းပါနဲ့ကွာ ဒါက ကိုယ်တို့တွေမိဘဖြစ်ရတော့မှာလေ ဘယ်လောက်ပျော်စရာကောင်းလဲ ကိုယ်တို့နှစ်ယောက်နဲ့တူတဲ့ကလေးသေးသေးလေးတွေနဲ့တူတူက‌စားရမယ် မစားတတ်သေးခင်ထမင်းခွံကျွေးမယ်ဘယ်လောက်ပျော်စရာကောင်းလဲ"

"......."

"ဟုတ်လား"

"........"

"ပါးဖောင်းဖောင်းလေးတွေခြေထောက်တုတ်တုတ်လေးတွေနဲ့ပြေးလွှားနေကြတဲ့သူတို့လေးတွေက ဘယ်လောက်ချစ်ဖို့ကောင်းလိုက်မလဲ မင်း‌ကြောက်စရာမလိုပါဘူး ကိုယ်မင်းကိုကာကွယ်ပေးမှာပါ  လာကိုယ်ဖက်ထားပေးမယ်"

"...."

နိုးမေခန္ဓာကိုယ်လေးကိုရင်ခွင်ထဲထည့်ကာသိုင်းဖက်လိုက်လေသည်

..................

"ရှင် ရှင်ဘယ်သူလဲ!!"

"ကိုယ်ကထိခေါင်လေ"

"ဘယ်ကထိခေါင်လဲ"

"မင်းယောကျာ်းထိခေါင်လေကွာ"

အိပ်ယာထက်ကအနမ်းပွင့်Where stories live. Discover now