ဦးရာဇတို့မိသားစုတွေ အားလပ်ရက်ခရီး ကိုမြန်မာနိုင်ငံကမေမြို့ကို သွားဖို့ဆုံးဖြတ်လိုက်ကြတယ်
အကြောင်းရင်းကတော့ ဦးရာဇအဖေ နိုးမေ
ယောက္ခထီးကြီးက သူ့မြေးမိုးမြင့်ကိုအရမ်းတွေ့လို့
လို့ဆိုတယ်ဦးရာဇက အစကမသွားချင်ပါ ဘာလို့လဲဆိုတော့ ကလေးတွေ စိတ်ဝမ်းကွဲမှာဆိုးသည်
နိုးမေနဲ့ကိုယ်ဝန်ရှိတုန်းက အမွှာကလေးလေးတွေ ရတာတောင် သူ့အဖေကမိုးမြင့်ကိုပဲဦးစားပေးခဲ့တဲ့စကားတွေပြောခဲ့တာကြောင့်အခုသွားမဲ့ခရီးကို သူလုံးဝစိတ်မပါ
မိုးမြင့်ကို သူ့အဖေ ချစ်တာ ဦးရာဇကသဘောကျပေမယ့်ကလေးတွေကိုညီတူညီမျှချစ်စေချင်သည် သူကသားလေးမို့လို့ မိန်းကလေးမို့လို့ဆိုတဲ့ရှေးရိုးစွဲတွေကိုသူမုန်းတာကြောင့်ဖြစ်သည်
Luggage အိတ်ထဲကို အဝတ်စားတွေစိတ်မပါလက်မပါထည့်နေရင်းနိုးမေက သူ့ကိုနောက်ကျောကနေ သိုင်းဖက်လာလေသည်
"ယောကျာ်း မျက်နှာလဲမကောင်းပါလား ဘာဖြစ်လို့လဲ"
ဦးရာဇလည်းသူမိန်းမလည်းသူ့လိုခံစားနေရမှာဖြစ်ပြီး အရင်က သူမအဖိုးနဲ့ပတ်သက်ပြီး အတိတ်ဆိုးတွေရှိခဲ့တာကြောင့်တစ်ပူပေါ်နှစ်ပူမဆင့်စေချင်တာကြောင့်နိုးမေကို သူ့ခံစားချက် တွေဘာမှမပြောတော့ပေ
"ဘာမှမဖြစ်ပါဘူး မိန်းမရောပစ္စည်းတွေအကုန်သိမ်းပြီးပြီလား"
"ပြီးသွားပြီ"
"ကောင်းတယ် "
"ကူသိမ်းပေးမယ်လေ"
"နေပါစေကွာနားနားနေနေ နေပါကလေးတွေကိုလဲ ကူထည့်ပေးရသေးတယ် ကိုယ့်ကိုယ်လဲ ကူထည့်ပေးမယ်ဆိုတော့ ပင်ပန်းနေမှာပေါ့"
"ဘာမှမဖြစ်ပါဘူး ရှင်ကလည်း ကျွန်မက အိမ်ရှင်မပါ မိသားစုအကုန်လုံးတာဝန်က ကျွန်မတာဝန်ပဲ"
"ဒါပေမယ့်ကိုယ်က အိမ်ထောင်ဦးစီးလေ ကိုယ်ပိုင်ဆိုင်တဲ့ချစ်ဇနီးလေးကို ဘယ်တော့မှကိုယ့်ကြောင့်အပင်ပန်းခံခိုင်းမှာမဟုတ်ဘူး ဟိုကိစ္စကလွဲရင်ပေါ့ "
YOU ARE READING
အိပ်ယာထက်ကအနမ်းပွင့်
Romance"ကျုပ်နားမလည်ဘူးကျုပ်ကဘာလို့ခင်ဗျားကြီးရဲ့မိန်းမလုပ်ရမှာလဲ" ဆောင်းနိုးမေ "ဘာလို့လဲဆိုေတာ့မင်းကိုကိုယ်အပိုင်ဝယ်လိုက်ပြီမို့လို့လေ" မင်းထက်ရာဇာ( or)Alex leo