Unicode
အချိန်ညနက်သော်ဦးရာဇအခန်းထဲသို့တိတ်တိတ်လေးပြန်ဝင်လာပြီးနိုးမေဘေးနားမှာဝင်အိပ်နေသည်ထို့နောက်သူမပုခုံးလေးကဖက်လိုက်လေသည်
ရန်ဖြစ်ထားတာကြောင့်မကြည်ဖြူသည့်နိုးမေကချက်ချင်းထပြီး ခေါင်းအုံးကိုမကာအခန်းပြင်သို့ထွက်သွားသည်
ဘာရယ်မဟုတ် ဘုရားခန်းထဲဝင်ကာသွားအိပ်လေသည်
ဦးရာဇကလည်းစိတ်ညစ်နေရပြီးသူ့အစားအသားအနာခံပြီးကာကွယ်ပေးလိုက်သောမိန်းမကိုမညာပဲကြမ်းကြမ်းတမ်းတမ်းပြောခဲ့မိတာကြောင့်နောင်တရနေမိသည်
ထို့နောက်အချိန်အတော်တန်ကြာအောင်စောင့်ပြီး ည ၃း၀၀မထိုးခင်တွင်တိတ်တိတ်လေးထကာဘုရားခန်းထဲသွားပြီးခွေခွေလေးအိပ်ပျော်နေသောသူ့ဇနီးလေးရဲ့ကိုယ်ကိုချီပွေ့ပြီးအခန်းထဲပြန်ခေါ်သွားတော့သည်
အိပ်ပုတ်ကြီးသောဇနီးလေးကတော့နည်းနည်းလေးမှမနိုးပါ
"တောင်းပန်ပါတယ်.."
တိုးညှင်းစွာပြောလိုက်ပြီး သူမလေးကိုဖက်ရင်းအိပ်ပျော်သွားလေသည်
မနက်ရောက်သော်
မျက်နှာပေါ်ကျရောက်လာသောကြမ်းတမ်းသောအရာကြောင့်မွန်းကြပ်လာပြီးနိုးလာခဲ့သည်
ဘာရယ်မဟုတ်ဦးရာဇ၏နှခမ်းမွှေးနှင့်မုတ်ဆိတ်မွှေးများဖြစ်သည်
ကြမ်းတမ်းသောအမွှေးမျှင်များကိုမှအားမနာ အတင်းဖိကပ်နမ်းနေဦးရာဇကြောင့်နိုးမေ စိတ်တိုစွာနိုးလာသည်
"ဘာလုပ်တာလဲ"
"မိန်းမကအိပ်နေတာအရမ်းအသည်းယားစရာကောင်းလို့လေ မနေနိုင်တော့လို့နမ်းလိုက်တာ"
"ဖယ်စမ်းပါ သွား!"
"ဘာလို့လဲကိုယ့်ကိုစိတ်ဆိုးနေတုန်းပဲလား"
"စိတ်မဆိုးဘူးစိတ်နာသွားတာ"
"စိတ်နာသွားတာလားအဲ့လိုမလုပ်ပါနဲ့ကွာမိန်းမကလည်း ကိုယ်ဝမ်းနည်းလာပြီ က်ုယ်ငိုလိုက်ရမလား ဟီး....ဟီး😭"
ငိုချင်ယောင်ဆောင်ကာနိုးမေသနားအောင်လုပ်နေသည်
နိုးမေကတော့ သူ့ကိုအရမ်းဖက်ပြီးငိုချင်ယောင်ဆောင်ကာသနားအောင်လုပ်နေသောသူကိုနည်းနည်းမှမသနားပါ
YOU ARE READING
အိပ်ယာထက်ကအနမ်းပွင့်
Romans"ကျုပ်နားမလည်ဘူးကျုပ်ကဘာလို့ခင်ဗျားကြီးရဲ့မိန်းမလုပ်ရမှာလဲ" ဆောင်းနိုးမေ "ဘာလို့လဲဆိုေတာ့မင်းကိုကိုယ်အပိုင်ဝယ်လိုက်ပြီမို့လို့လေ" မင်းထက်ရာဇာ( or)Alex leo