Ch 2

61 3 13
                                    

ကိန်းဂဏန်း '4' ကို 'shi' လို့လည်း ပြောကြတယ်...ဒါပေမယ့် 'shi' မှာ သူ့အဓိပ္ပာယ်သပ်သပ်လည်းရှိနေတယ်...'သေခြင်း' ဆိုတာပဲ...သေမင်းရဲ့ မျိုးနွယ်ဖြစ်တဲ့ ငါတို့တွေဟာ အသက်4နှစ်မှာစပြီး သေခြင်းနဲ့ ထိတွေ့ထားတဲ့သူတွေနဲ့ ဆက်နွယ်ချိတ်ဆက်နိုင်ခဲ့ကြတယ်...သူတို့တွေရဲ့ ကျန်ရှိနေတဲ့ ဆန္ဒကို ဖြည့်ဆည်းပေးခဲ့ကြတယ်..ငါတို့ ကိုယ်တွေထဲကို ပူးပြီး သူတို့ကို စကားပြောခွင့်ပေးခဲ့ကြတယ်..သူတို့ တွေ့ချင် ထိချင်တဲ့ လူတွေကို ငါတို့ မျက်လုံးတွေ လက်ဖျားတွေကနေတစ်ဆင့် မြင်‌ခွင့် ထိခွင့်ပေးခဲ့ကြတယ်..ငါတို့ ဘိုးဘွားတွေဟာ အဲ့လို လုပ်ပေးနိုင်စွမ်းရှိတာကို ဂုဏ်ယူ၀မ်းမြောက်ခဲ့ကြတယ်...သူတို့တွေ ငါတို့ကို အသုံးမချခင် ထိမှာပေါ့...

သူတို့တွေ ပြန်လာချင်ကြတယ်..သူတို့ရဲ့ ဆန္ဒတွေက ဘယ်တော့မှ မပြီးဆုံးသွားခဲ့ကြဘူး...သူတို့တွေ ငါတို့ ခန္ဓာကိုယ်ကို ပူးပြီးရင် ပြန်မထွက်လာချင်ကြဘူး..ငါတို့ ခန္ဓာကိုယ်ကို ခိုးပြီး ထွက်ပြေးဖို့ ကြိုးစားကြတယ်...ဒါပေမယ့် ဘယ်လောက်ပဲ ထူးခြားဆန်းကြယ်နိုင်စွမ်းပဲ ရှိရှိ သဘာ၀တရားကြီးကို မလွန်ဆန်နိုင်ခဲ့ကြဘူး..သူတို့တွေမှာ ရှင်သန်ခြင်း ဆိုတာ ရှိမနေတဲ့အတွက် သူတို့ ပူးထားတဲ့ ခန္ဓာကိုယ်ကိုလည်း သူတို့ ရှင်သန်ထားနိုင်စွမ်းမရှိကြဘူးလေ..အဆုံးမှာတော့ သူတို့ယူထားတဲ့ ခန္ဓာကိုယ်ကြီးဟာလည်း ပုတ်ပွပြီး နောက်တစ်ခါ ပြန်သေကြရတယ်..ခန္ဓာပိုင်ရှင်တွေလည်း သူတို့ ကိုယ်ကို သူတို့ ပြန်မရနိုင်ခဲ့ကြဘူး..

ပြောရမယ်ဆိုရင် ငါတို့တွေဟာ အားအနည်းဆုံးသူတွေပဲ...သူတို့တွေ ဘယ်အချိန်မှာ ဘယ်လို ၀င်ပူးနိုင်မှန်း မသိနိုင်ကြဘူးလေ ...သေတာကြာပြီး အသိစိတ်လုံး၀ပျောက်နေကြတဲ့ သူတွေကတော့ ငါတို့ကို အန္တရာယ်မပေးနိုင်ကြဘူး..ပြီး‌တော့လည်း ကံကောင်းတာတစ်ခုက ငါတို့တွေ သူတို့ လောကနဲ့ ချိတ်ဆက်နိုင်စွမ်းက အသက်18နှစ်ပြည့်ရင် ရာသက်ပန် ပျောက်ထွက်သွားနိုင်တယ်လေ..

အဲ့လိုနဲ့ ပြဿနာဖြစ်နိုင်တဲ့ 4နှစ်ကနေ 18ကြားမှာ သူတို့တွေရဲ့ ခြေလှမ်းကို သိနိုင်မယ့် သူတို့လိုသူတွေကို အစောင့်အရှောက် ကလေးထိန်းတွေအနေနဲ့ ယာယီခေါ်ထားခဲ့ကြတယ်...

Ladia (လေဒီယာ)【Completed】Where stories live. Discover now