Ch 7

46 2 9
                                    

တည်ကြည်ပြီး ငြိမ်သက်သက် ရေမျက်နှာပြင်လို တစ်သားတည်းဖြစ်နေတဲ့ အသံ...

နန်နန်းရဲ့ အသံ..

"လေဒီယာ..."

ဆယ်စုနှစ် တစ်ခုကြာ စကားမပြောနိုင်ခဲ့တဲ့ သေပြီးသားလူတစ်ယောက်ရဲ့ ပထမဆုံးပြောလိုက်တဲ့ စကားလုံးတွေက ငါ့နာမည်ကို ဖော်ပြနေခဲ့တယ်..

ထူးဆန်းတယ်...ထူးဆန်းလွန်းနေတယ်...ပျော်တယ်...စိတ်လှုပ်ရှားတယ်...အံ့ဩစရာလည်း ကောင်းတယ်...

"ဝိုးးးးးလေဒီယာ ...."

ဘေးနားမှာ ကိုးလ်နဲ့ နီကိုလပ်စ်လည်း ရှိနေခဲ့တယ်...ငါ လုပ်တဲ့ အစီအရင်အောင်မြင်သွားလို့ အံ့ဩပနန်းဖြစ်နေတာပေါ့..

ငါ ကြောင်တောင်တောင်နဲ့ ရပ်ကြည့်နေတာကနေ နန်နန်းဆီ ပြေးသွားပြီး ဖက်လိုက်တယ်..

"နန်နန်း..နန်နန်း စကားပြောလိုက်တယ်...တကယ် စကားပြောလိုက်တယ်...."

နန်နန်းလက်တွေက ငါ့ခေါင်းကို ပွတ်သပ်လာပေးတယ်...သူငါ့နာမည်ကို ထပ်ခေါ်လာတယ်..

"လေဒီယာ...."

၀မ်းသာတဲ့ မျက်ရည်တွေက ငါ့ပါးပြင်ပေါ်မှာ စီးကျနေတယ်...ငါ ဖုံးကွယ်ဖို့ မစဉ်းစား..

"အင်း..ပြောလေ.နန်နန်း..."

နန်နန်းရဲ့ မျက်နှာ အမူအရာကတော့ ပုံမှန်အတိုင်း တည်နေဆဲ...နန်နန်းနှုတ်ခမ်းဖျားကနေ  နောက်ထပ် ထွက်ကျလာမယ့် စကားလုံးတွေကို ငါရင်ခုန်နေမိပြီ..

သူ ငါ့ကို ငုံ့ကြည့်ပြီး ဖြေးဖြေးချင်း ပြောလာတယ်..

"ဒီည..ငါးဟင်း.. စားနော်..."

"...."

ငါ နန်နန်းအပေါ်ထားတဲ့ ခံစားချက်တွေကြောင့်သာ နန်နန်းဘယ်လိုလူဆိုတာကို မေ့မေ့နေခဲ့တာ..

နန်နန်းလက်မောင်းတွေဆီကနေ ခွာလိုက်တယ်..

စိတ်ကို ထိန်းပြီး အရေးကြီးတာကိုပဲ မေးတယ်..

"ဘာတွေ ပြန်မှတ်မိလာသေးလဲ..?ဘယ်လိုသေသွားတာလဲ.?? ပြန်ရှင်ချင်လို့တော့ မရဘူးနော်..."

နှုတ်ဆိတ်နေခဲ့တဲ့ နန်နန်းတစ်ယောက် ခေါင်းခါပြလာပြီး ဖြေတယ်...

Ladia (လေဒီယာ)【Completed】Where stories live. Discover now