Intro

131 8 3
                                    

အဲ့နေ့ညက မိုးတွေသည်းကြီမည်းကြီးရွာနေခဲ့တယ် မုန်တိုင်းရှိခဲ့လို့လည်းမဟုတ်ဘူး..ပြောရရင် မိုးရာသီတောင် ဖြစ်မနေခဲ့‌ဘူး.. ဒါပေမယ့် အဲ့နေ့က မိုးလိုမျိုး တူညီတဲ့ မိုးကို ငါနောက်တစ်ကြိမ် မမြင်၊ မကြားရတော့ဘူး...ဒါပေမယ့် ငါရေးရေးလေးတော့ မှတ်မိနေတုန်းပဲ..နာကျင်တဲ့အသံတွေ...ပြန်လာချင်ကြတဲ့အသံတွေ..လမ်းပျောက်နေကြတဲ့သူတွေ...အရွယ်စုံ လူစုံတွေရဲ့ ခြောက်ခြားဖို့ကောင်းတဲ့ ညည်းညူ ငို‌ကြွေးသံတွေ..အဲ့အသံတွေ ‌ ရောယှက်နေခဲ့တဲ့ မိုးပြင်း‌ လေပြင်း တွေ ပြီးသွားတဲ့နောက်မှာ တစ်ယောက်သောသူက ငါတို့အိမ်တံခါးပေါက်၀မှာ ရပ်နေခဲ့တယ်...အဲ့မှာ ငါ့နန်နန်းကို စတွေ့ခဲ့တာပေါ့..ငါ့နန်နီ..ငါ့ကိုလေးနှစ်အရွယ်လောက်ကတည်းက ထိန်းပေးလာတဲ့သူ..ကလေးထိန်း..

ငါ့ နန်နန်းက တခြားကလေးထိန်း‌တွေနဲ့ မတူဘူး..

သိချင်လား သိချင်လား?
သူက ငါ့အတွက်ဆို ဘာမဆို အကုန်လုပ်ပေးတယ်...ထပ်‌ ပြောမယ်နော်..ဘာမဆို အကုန်လုပ်ပေးတယ်..

ငါလိုချင်တာ..ငါခိုင်းတာ မှန်သမျှ မေးခွန်းတစ်ခွန်းမှ မထုတ်ဘူး.. ငါ့နန်နန်းက ငါ့ကို ချစ်လို့လေ..

ဒါမယ့်လည်း .....

အာ့..မေ့တော့မလို့...ငါ့နန်နန်းနဲ့ ပတ်သက်ပြီး သိရမယ့် အချက်ကို ပြောရဦးမယ်

ငါ့နန်နန်း အိမ်ကိုစရောက်တုန်းက သူ့အသက်က 25တဲ့..ဒါပေမယ့် ငါ အပျိုဖြစ်လာပြီး ကြီးကောင်ပေါက်အရွယ်ရောက်တာတောင် သူက 25ပဲ ရှိတုန်း...ဟားဟားဟား....နင်တို့တွေ ငါ့ကို လိမ်နေတယ်လို့ ထင်နေကြတယ်မလား...အခုငါပြောမယ့် စကားကို ကြားရင် နင်တို့တွေ ငါ့ကို ရူးနေတယ်လို့တောင် ထင်ကြမယ်...ဒါပေမယ့် ငါမရူးဘူး...ငါ ဒီနေရာ ရောက်နေပေမယ့် နင်တို့တွေလို မဟုတ်ဘူး...ငါ အခုထိ မှတ်မိနေတုန်းပဲ...အဲ့နေ့ညက ငါ့နန်နန်းဆီက ရတဲ့ အနံ့တွေ..ပုတ်ပွပြီး နှစ်ချီလချီပစ်ထားတဲ့ ကြွက်သေကောင် အသားစိမ်း ငါးစိမ်း အို....အဲ့ဒီ့ အော်ဂလီဆန်စရာကောင်းတဲ့ အနံ့ကြီးကို ဖော်ပြနိုင်ဖို့ စကားလုံးတွေတောင် ငါရှာမတွေ့ခဲ့ဘူး... ငါ တစ်ညလုံး ဆက်တိုက်ထိုးအန်ခဲ့တယ်...ငါ့အထဲက အူတွေ ကလီစာတွေအကုန်ထွက်သွားပြီလို့ ထင်ရတဲ့ အထိတောင် အန်လိုက်ရတယ်.. စိုရွှဲပြီး ခန္ဓာကိုယ်ထဲ ရေတွေ ဖြည့်ထားသလို ဖောင်းဖွ ဖြူစုပ်နေတဲ့ ခန္ဓာကိုယ်ကြီးက ငါ့မျက်စိရှေ့မှာ ရပ်နေခဲ့ပြီး သူ့ရဲ့ မျက်နှာကွယ်နေတဲ့ ဆံနက်ကြီးတွေကြားထဲကနေ ငါ့ကို ဖောက်ထွက်မတတ်ကြည့်နေခဲ့တယ်... အဲ့တစ်ယောက်က ငါပြောနေတဲ့ ငါ့နန်နန်းဆိုတာပဲ...အဲ့လောက်ဆို သဘောပေါက်ရောပေါ့.

ဟုတ်တယ်...

ငါ့ နန်နန်းက လူသေကြီးပဲ..

❖❖❖❖❖❖❖❖❖❖❖❖❖❖❖❖❖❖❖❖❖❖❖

*Writer's note

13 ပိုင်းပဲ ရှိပါတယ်..ငယ်ငယ်ကတည်းက ထိန်းကြောင်းပေးလာတဲ့ နန်နီမမကို အရူးအမူးသံယောဇဉ်တွယ်ခဲ့တဲ့ Ladia (လေဒီယာ)လေး အကြောင်းပေါ့...ကြမ်းတမ်းတဲ့ အသုံးအနှုန်းနဲ့ ဆိုးတဲ့ ဇာတ်ဆောင်မို့ စာရေးသူ သိပ်မရေးနိုင်လိုက်ပါဘူး...ဒါတောင် တော်တော် mood သွင်းပြီး tryထားကြည့်တာပါ...သဘာ၀လွန်၊ သေတာကြေတာမျိုးတွေ မသိမသာပါပါတယ်... warning ပေးတာပါ..စိတ်ကူးယဉ်သပ်သပ်ပါ..အပိုင်းနည်းပြီး ခြုံ့ရေးသလိုဖြစ်သွားတော့ ဖတ်မရတာ အားမရ နားမလည်ဖြစ်သွားရင် ရေးသူရဲ့ လိုအပ်ချက်မို့ ကြိုတင် ‌တောင်းပန်ထားပါတယ်..ဟီးဟီး( မြင်းဇောင်းအပို့ခံရတော့မယ်)

ပုံကတော့ ဒီ ficအတွက် AI ကနေ ထုတ်ထားတာပါ... Censor မနေတော့ဘူး လှလွန်းလို့..

 Censor မနေတော့ဘူး လှလွန်းလို့

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

❖❖❖❖❖❖❖❖❖❖❖❖❖❖❖❖❖❖❖❖❖❖❖

Ladia (လေဒီယာ)【Completed】Where stories live. Discover now