Ch 8

34 2 10
                                    

နန်နန်း ဘာလို့ ဆက်မလိုက်လာတာလဲလို့ တွေးနေရင်းနဲ့ပဲ သန့်စင်ခန်းထဲ ၀င်သွားလိုက်တယ်...

ဒါပေမယ့် အထဲက ခေါင်းပြတ်ပြီး လေထဲ တန်းလန်း‌ဖြစ်နေတဲ့ ဗိုက်ကြီးသည် မိန်းမကို မြင်ပြီး တံခါးကို ဆောင့်ခနဲ့ ပြန်ပိတ်ချလိုက်တယ်...

စောက်ကျိုးနည်း သေးဖြောင့်ဖြောင့်ပေါက်ရမယ့် နေရာတောင်မရှိခဲ့..အာ့ကြောင့်လည်း ငါ့မိဘတွေက အိမ်ကနေ ဘယ်ကိုမှ မသွားခိုင်းတာ နေမှာ..

အရမ်းကြီးလည်း မသွားချင်နေသေးတာကြောင့် ဒီအတိုင်းပဲ တခြားအတွဲတွေထဲ လျှောက်ကြည့်ပြီး စပ်စုနေလိုက်တယ်...

ထူးဆန်းတဲ့ အ၀တ်အစားဒီဇိုင်းတွေ၊ အပြုအမူတွေနဲ့ လူတွေ အများကြီးပဲ..

သူတို့ကလည်း ဂါ၀န်တကားကားနဲ့ ငါ့ကို အဆန်းတပြားနဲ့ ကြည့်နေကြသလို ငါလည်း သူတို့ကို အပြူးသား ပြန်ကြည့်‌နေမိတယ်....ကောင်မလေးတစ်ယောက်ကိုဆို မျက်နှာထိ အနီးကပ်သွားကြည့်လိုက်တယ်...နှုတ်ခမ်းကြီးက နီရဲနေပြီး မျက်လုံးထောင့်တွေကလည်း နက်နေလို့လေ...

အဲ့လိုနဲ့ ခရီးသည်တွေက ငါ့ကို တိုင်ကြတော့ ခုနက လက်မှတ်လာစစ်တဲ့ အမျိုးသားက ငါ့ရှေ့ရောက်ချလာတယ်...

"ရထားထဲ အရူးမတစ်‌ယောက် ခရီးသည်တွေကို လန့်အောင် လုပ်နေတယ် ဆိုလို့ ဘယ်သူများလဲ မှတ်နေတာ...တောသားမြို့ရောက် ရွှေပေါ်မြတင် တောသူဌေးမလေးပဲ..."

အဲ့တာ ဘာအဓိပ္ပာယ်လဲ...ငါ့ကို ‌လှောင်နေတာလား...ဒီကလူတွေက ငါ့ကို တိုင်တယ်ဟ..သူတို့ဘေးနားမှာ သတိတောင်မရှိတော့တဲ့ ပုံပျက်ပန်းပျက်အရာတွေ ကပ်ပါလာကြတာကိုသာ မြင်နိုင်ရင် ချက်ချင်း ရထားပေါ်ကနေ ခုန်ဆင်းကြမယ့် ဟာတွေကများ...

"ခင်ဗျားလေးရဲ့ မမကော...နေရာ ပြန်လိုက်ပို့ပေးပါဗျ..."

သူ ငါ့လက်ကို လာဆွဲဖို့လုပ်တယ်လေ.. ငါရှောင်လိုက်တယ်...

"လေဒီယာ့ဘာသာ သွားတတ်တယ်.."

"သဘောပါဗျ...သဘောပါ..."

ဟ!နန်နန်းဆီပြန်တဲ့ တလျှောက်လုံး အဲ့တစ်ယောက် တောက်လျှောက်ကို ပေါက်ပေါက်ဖောက်လာတာပဲ..နေရာတောင် ပြန်မရောက်သေးဘူး သူ့တစ်ဘ၀လုံးအကြောင်းကို သိလိုက်ရတယ်...ရထားပေါ်မှာ ဖြစ်နေလို့သာ..ငါ့စံအိမ်မှာသာ ဆိုရင် သူလျှာပြတ်နေပြီ...

Ladia (လေဒီယာ)【Completed】Where stories live. Discover now