Ch 10

30 1 6
                                    

"တောင်းပန်ပါတယ်..ကျွန်တော် ကေစီကို သဘောကျတယ်ဗျာ..."

ဒီခွေးသတောင်းစား...

နန်နန်းတစ်ယောက် သူ့နှုတ်ခမ်းကို သူ ထိကြည့်နေပြီး ဘာမှ မပြောပဲ နှုတ်ဆိတ်နေတယ်...

ငါကတော့ ခုနက နမ်းလိုက်တဲ့ ကိစ္စကြောင့်ဒေါသတွေ ထွက်ပြီး အသားတွေပါ တဆက်ဆက်တုန်နေတယ်...

ကုတင်ဘေးနားက ခုံပေါ်က ပန်းအိုးကို ယူပြီး နမ့်ဆီကို ပေါက်လိုက်တယ်...သေချာပေါက် သူ့ကို တော့ မထိဘူးပေါ့..ဒီအတိုင်း ဖြတ်သွားပြီး နံရံမှာ အစိတ်စိတ်အမွှာမွှာနဲ့ အဆုံးသတ်သွားတယ်...

နန်နန်းတစ်ယောက် ငါ့ကို သတိပေးလာတယ်..

"လေဒီယာ အဲ့လိုတွေ မလုပ်နဲ့..."

ငါ နန်နန်းကို မျက်စောင်းထိုးပြီး တဖြည်းဖြည်းချင်းကြည့်လာတယ်...

"ဟာ?"

"ဒီအခန်းဆီ တခြားသူတွေ အာရုံစိုက်လာမှာ စိုးလို့ ပြောတော့..."

"စိုက်တော့ ဘာဖြစ်လဲ...?"

ငါ ခုံပေါ်က တခြားပစ္စည်းတွေကိုပါ တွန်းချလိုက်တယ်...

ငါ့လက်ကို လာချုပ်လာတဲ့ နန်နန်းက အကြည့်စူးစူးကြီးတွေနဲ့အတူ စိုက်ကြည့်လာတယ်..

"တော်ပြီလို့ ပြောနေတယ်လေ လေဒီယာ..."

"အင်းလေ...နန်နန်းက သေပြီးသားပဲလေ...အာ့ကြောင့် အဲ့လို မသာတွေနဲ့ပဲ သွားကြိုက်နေလိုက်...စိတ်မပူပါနဲ့...လေဒီယာနဲ့လည်း ဘယ်လောက်မှ နေရ‌တော့မှာမှ မဟုတ်တာ.."

"ဘာတွေ ပြောနေတာလဲ လေဒီယာ...သူတို့တွေကို မ.."

ငါတို့ တည်းတဲ့ အခန်းတံခါးကို လာခေါက်တဲ့ အသံကြောင့် နန်နန်းစကားပြောတာကို ရပ်လိုက်တယ်...

ငါလည်း သူ့လက်တွေ ခါထုတ်လိုက်တယ်...

နန်နန်းကတော့ အပြင်တံခါးကို သွားဖွင့်လိုက်တယ်...

တံခါးရှေ့ရောက်နေကြတဲ့ သူတွေက တည်းခိုခန်းရဲ့ လုံခြုံရေးတွေ..

"ဒီအခန်းထဲက ကျကွဲသံတွေ ကြားလိုက်လို့ပါ..တစ်ချက်လောက် ၀င်စစ်ပါရစေ..ညနေကလည်း အနားမှာ အခင်း ဖြစ်ထားတော့ အစစ်အဆေးလေးတွေမှာ ပူးပေါင်းပေးဖို့ မေတ္တာရပ်ခံပါတယ်..."

Ladia (လေဒီယာ)【Completed】Where stories live. Discover now