Ch 5

46 2 8
                                    

အနှောင့်အယှက်က ၀င်လာပြန်တယ်....

ငါ့ မျက်စိရှေ့က ခရီးသွားလိုလို စုံထောက် လိုလို မိန်းမကို ကြည့်ရတာ စိတ်မချမ်းမြေ့စရာကြီး...

ဒါမယ့် သူက စာရေးဆရာမတဲ့...နာမည်က Jill (ဂျေးလ်)ဒီနေရာလိုမျိုး ‌ဂျောင်ကျပြီး ဆန်းကြယ်တဲ့ အငွေ့အသက်တွေ ရတဲ့ နေရာမျိုးကို ရှာနေတာတဲ့...သူ စာရေးဖို့ အတွက် မှီငြမ်းစရာ လိုလို့ပါတဲ့.. ပုံစံကတော့ သူတောင်းစားနီးပါးပဲ..မွဲလိုက်တာ ၀တ်ထားတဲ့ စတိုင်က...မျက်မှန်လည်း ဖုန်လေးဘာလေးမသုတ်ဘူးလား မသိ... ထောင့်မှာလည်း ချေးတွေနဲ့..အပျိုကြီးဖြစ်တာလည်း မဆန်းဘူး..စပ်စုချက်..ဒီအိမ်ကိုမှ တည်းစရာ‌အနေနဲ့ ခွင့်တောင်းရဲတယ်လေ...ငါလည်း မြို့ပေါ်က သူတွေနဲ့ ထိတွေ့ကြည့်ချင်လို့သာ လက်ခံလိုက်တာ..အဲ့မှာ အကြီးအကျယ်မှားတာပဲ..

အိမ်မှာ ရှိနေတာ သုံးညရှိပြီ...သူ အကုန်နီးပါး သိနေပြီ...

ဟုတ်ဘူး...သိလို့ကို တဲ့ကြီး ရောက်ချလာတဲ့ အတိုင်းပဲ...

သိတာတောင် ဒီအိမ်မှာ အေးဆေး နေနိုင်သေးတယ် သူ...

"နန်နန်းရှင့်...ကျွန်မကို ကော်ဖီ တစ်ခွက်လောက် ညကျရင် အခန်းထဲ လာပို့ပေးပါဦး‌နော်.."

အိမ်ရှင်ရှေ့တည့်တည့်မှာ မျက်နှာ‌ပြောင်ပြောင်နဲ့ ထမင်းစားနေတဲ့ အပြင် အိမ်ရှင်ရဲ့ လူ‌ကိုတောင် သူ့အခိုင်းအစေအနေနဲ့ ခိုင်းနေပါလား..ပြီးတော့ နန်နန်းဆိုတာ ငါတစ်ယောက်တည်း ခေါ်တဲ့ နာမ်စားလေ!သူ့ကို ဘယ်လို အဆုံးသတ်ပေးရမလဲ စဉ်းစားနေတုန်းမို့သာ သည်းခံနေတာ...တော်တော်ကို စောက်မြင်ကပ်နေပြီ ဒီ မိန်းမကို..

"ဆိုတော့ လေဒီယာ...မွေးကတည်းက ဒီလိုလောကသားတွေနဲ့ နေလာရတော့ မကြောက်တော့ဘူးပေါ့နော်..."

ငါ့အဖြေကို သူသိပ်မ‌မျှော်..သူ့ကို အမြင်ကပ်နေပြီမှန်း သူလည်း သိနေလို့လေ.. ပန်းကန်ထဲက အမဲသားအပိုင်းလေးကို ဖဲ့ပြီး ပါးစပ်ထဲထည့်လိုက်တယ်...သူ ကြိုက်တဲ့ ပုံပဲ..ဒါပေမယ့် သူ မသိတာ.....

"ဒါဘယ်သူ့ ပေါင်သားလဲ..? အိနေတာပဲ...ကောင်မလေးထင်တယ်...."

ဂျေးလ် သူ ....ဒါတော့ မသိဘူး ထင်လို့ ငါပျော်နေတာလေ..! tskk..! ကိုးလ်ရဲ့ ကောင်မလေးတွေထဲကက တစ်ယောက်ရဲ့ ပေါင်းသားကို လှီးကျွေးထားတာလေ..

Ladia (လေဒီယာ)【Completed】Where stories live. Discover now