0

1.5K 112 8
                                    

( U )


ဝမ်းနည်းမူ့ကောင်းကင်ကြီးကနေမွေးဖွားလာတဲ့ မိုးစက်‌‌လေးတွေရဲ့တောင်းဆုတစ်ခုက ကောင်းကင်လွှာမှမြေပြင်လွှာကိုဆင်းသက်လာတဲ့ ကြားအလွှာပါးလေးအတွင်းမှာ ချစ်ရသောအခြားမိုးစက်ပေါက်လေးကိုရှာတွေ့နိုင်ဖို့ပဲတဲ့။ 

ဒါကြောင့် မိုးစက်တစ်‌ေပါက်ချင်းစီက သူတို့ပြိုကျဆင်းသက်လာတဲ့အချိန်တိုင်း ချစ်ခြင်းကိုဒီလိုမျိူးလေးနူးနူးညံ့ညံ့တောင်းခံတတ်ကြတယ်။  

| ချစ်သောမိုးရေစက်လေးရေ မင်းဘယ်မှာလဲ...ကိုယ့်ရဲ့လက်ကိုဆုပ်ကိုင်ပြီး မြေပြင်ပေါ်ကိုအတူဆင်းသက်ကြရအောင်...မြေပြင်ပေါ်ဆင်းသက်တဲ့အခါမင်းမနာကျင်ရအောင် ကိုယ်ကသေချာပေါက်အကာအကွယ်ပေးပါ့မယ်။ ကျေးဇူးပြု ပြီး ကိုယ့်လက်ကလေးကိုဆုပ်ကိုင်ပေးပါ.....ပြီးတော့ကိုယ့်ကိုယုံကြည်ပေးပါ။  |

အချစ်ကိုဒီလိုလှလှပပလေးတောင်းခံရင်း တိုတောင်းလှတဲ့အချိန်လေးမှာ ချစ်ရသူနှင့်အတူအဖော်ပြုရင်း မြေပြင်ပေါ်သို့ဆင်းသက်လာကြတာမဟုတ်လား။ ဒါကိုတစ်ချိူ့က မိုးရွာလျှင် မိုးအော်တယ်လို့ဆိုကြတယ်။ တကယ်တော့ မိုးစက်လေးတွေက လုပ်ထုံးလုပ်နည်းအတိုင်းချစ်ရသူကိုရှာဖွေနေခဲ့တာပါ။ မဟုတ်ရင် သူတို့ရဲ့မျက်စိတမှိတ်ဘဝလှလှလေးက ဘယ်အဓိပ္ပာယ်ပြည့်စုံပါတော့မလဲ။

လူသားအားလုံးက ရှင်သန်ခြင်းနဲ့သေဆုံးခြင်းအလွှာပါးလေးထဲမှာ ဆွေးဆွေးမြေ့မြေ့ဖြစ်တည်လာတယ်။ တမျိူးတဖုံနိူင်းယှဉ်ရမယ်ဆိုရင် မိုးစက်ပေါက်လေးတွေပေါ့.... သူတို့အားလုံးက မိုးစက်လေးတွေ...ဝမ်းနည်းမူ့ကောင်းကင်ကြီးကနေမွေးဖွားလာတဲ့မိုးစက်ပေါက်လေးတွေ။ မိုးစက်လေးတွေဆွေးမြေ့သွားတဲ့အခါ မြေပြင်ထဲပြိုဆင်းဝပ်အောင်းရသလို ရှင်သန်ခြင်းနဲ့သေဆုံးခြင်းကြားမှာ ခံစားချက်မျိူးစုံနဲ့လွင့်မြောနေရတဲ့လူသားတိုင်းဟာလည်း တစ်နေ့တစ်ချိန် မြေပြင်ထဲသို့ကိန်းအောင်းရမှာ မလွဲမသွေပါပဲ။ ဒါကြောင့် လူတစ်ယောက်ရဲ့ဖြစ်တည်မူ့က မျက်စိတခတ်အတွင်းပြိုကျလာတဲ့မိုးစက်လေးတစ်ပေါက်နဲ့ညီမျှတယ်လို့တွေးတောမိတယ်။ 

𝖱𝖺𝗂𝗇𝗒 𝖣𝖺𝗒s  𝖨𝗇 𝖩𝗈𝗌𝖾𝗈𝗇  (VK)Where stories live. Discover now