8

442 68 65
                                    

( U )

' သားသတ်သမားသားအဖကို အခုချိန်ထိရှာမတွေ့ပါဘူး အိမ်ရှေ့စံ '

မိုယွန်းအပြောမှာ အိမ်ရှေ့စံကမျက်မှောင်ကျူံ့လျက် အလိုမကျဟန်ပြောတယ်။

' ဆိပ်ကမ်းတွေမှာရော လူအပြည့်ချထားရဲ့လား ? '

' ဖမ်း၀ရမ်းထုတ်တဲ့နေ့ကတည်းက ထွက်ပြေးမှာစိုးလို့ လှေဆိပ်‌တွေမှာ လူတွေအကုန်ချထားပါတယ် '

ဂျွန် တည်တည်ငြိမ်ငြိမ်နားထောင်နေမိတယ်။ သူတို့သားအဖနှစ်ယောက် အဆင်ပြေနေရဲ့လား။ သေချာပေါက်ငွေတွေပေးလိုက်ပေမယ့် ဆိပ်ကမ်းမှာ လူအပြည့်ချထားတယ်ဆို‌ေတာ့ ထွက်ပြေးနိုင်တာရော ဟုတ်ရဲ့လား။ သူတွေးရင်းစိတ်တွေရူပ်လာတယ်။ ဖမ်းမိလို့‌တော့ မရဘူး အကယ်၍ဖမ်းမိသွားခဲ့ရင် နှစ်ယောက်စလုံးထိခိုက်ကုန်လိမ့်မယ်။ သူသူ့လူတွေကို မနာကျင်စေဘူး။

' ဒါဆိုဒီမှာရှိနေရမှာပဲ လုံး၀မလွတ်စေနဲ့ ... ပုန်ကန်သူတွေနဲ့ဆက်စပ်နိုင်မယ့်လူပဲ သေချာပေါက် ဖမ်းမိရမယ့်လူပဲ နားလည်လား '

' ဟုတ်ကဲ့ အိမ်ရှေ့စံ '

မိုယွန်းအရိုအသေတစ်ချက်ပေးပြီး အခန်းထဲမှာအမြန်ထွက်သွားတယ်။ ထိုအခါ အထိန်းတော်ဂူက ခေါက်စာရွက်ပါး‌ပေလိပ်လှလှလေးအား သေသေသပ်သပ်ယူလာပြီး အိမ်ရှေ့စံအားတင်ပြတယ်။

' ဂျယ်ဂျင်းအမတ်ရဲ့မွေးနေ့ဖိတ်စာသ၀ဏ်လွှာပါ အိမ်ရှေ့စံ ... '

ကင်မ် စာလိပ်အားဆွဲယူကာ ဖွင့်ချဖတ်တယ်။ မနက်ဖြန်ည‌နေဂျယ်ဂျင်းအမတ်ရဲ့မွေးနေ့စားပွဲကျင်းပမယ်တဲ့လား။ သစ္စာခံအမတ်ဆို‌တော့လည်း သူသွားရောက်ချီးမြင့်ပေးရမှာပေါ့။

' လက်ဆောင်အတွက် အကောင်းဆုံးပိုးသားပိတ်စ‌တွေပြင်ဆင်ထားလိုက်ပါ ကိုယ်တိုင်သွားရောက်ချီးမြှင့်မယ် '

' မှန်လှပါ အိမ်ရှေ့စံ '

' ပြီးတော့ မနက်ဖြန်အထိန်းတော်ဂူပဲ ငါနဲ့အတူသွားလိုက်ပါ ... ဂျောင်အွန်းကို ချန်ခဲ့လိုက်မယ် '

' အမိန့်အတိုင်းပါ အိမ်ရှေ့စံ...ကျွန်တော်မျိူး အကုန်အဆင်သင့်ပြင်ဆင်ထားလိုက်ပါ့မယ် '

𝖱𝖺𝗂𝗇𝗒 𝖣𝖺𝗒s  𝖨𝗇 𝖩𝗈𝗌𝖾𝗈𝗇  (VK)Where stories live. Discover now