5

426 79 31
                                    

(U)

' ဒါကိုယူပြီး ထွက်ပြေးရမယ် ...  '

အနက်ရောင်၀တ်ရုံ၀တ်ဆင်ထားသော လူနှစ်ယောက်ဟာ ည‌အမှောင်ထုကိုဖြတ်သန်း၍ ယိုယွင်းနေသော တဲစုပ်အိမ်ဆောင်တစ်ခုထဲ ၀င်ရောက်နားခိုနေတယ်။ မျက်နှာတွေကို မမြင်‌ေစရန်အလို့ငှာ ပိတ်စအနက်ဖြင့် နှာရိုးထက်မှ စီးနှောင်လို့ထားတယ်။

' ! ကျွန်တော်ထွက်မပြေးချင်ပါဘူး လူကြီးမင်း ... '

ငွေစထုတ်ကိုပိုက်ပြီး ရိုကျိူးမတက်တောင်းဆိုလာသော သားသတ်သမားအား အနက်ရောင်၀တ်ရုံ၀တ်ထားသော အမျိူးသမီးက ခပ်မာမာဆက်၍ပြောတယ်။

' နန်းတော်က မြေလှန်မတက်လိုက်ရှာနေတာ ... အသက်မသေချင်ဘူးဆိုရင် သွားမှဖြစ်မယ်လေ  '

ထိုအခါ ဆက်ကျော်သက်အရွယ်ကလေးမလေးတစ်‌ယောက်ငိုငိုယိုယိုနှင့်ထွက်လာပြီး သားသတ်သမားသူ့‌အဖေကို ဖျောင်းဖျတယ်။

' ဟုတ်တယ် အဖေ...သမီးတို့ ဒီလူကြီးမင်းနှစ်ယောက်ပြောတဲ့အတိုင်း သွားကြရအောင်နော် သမီးကြောက်တယ် အဖေ '

ထိုအခါ သားသတ်သမားက ထို၀တ်ရုံနက်လူနှစ်ယောက်ပေးသော ငွေစတွေကို လက်ခံယူက မျက်ရည်များနှင့် ခေါင်းညိတ်လိုက်တယ်။

' ကျွန်တော်တို့ သေချာပေါက်ခင်ဗျားတို့သားအဖကို ဂျိူဆွန်းပြည်ထဲပြန်ခေါ်ပါ့မယ် ... အခုခဏပဲ တခြားမှာရှောင်နေပေးပါ ကျွန်တော်ပြန်ခေါ်မယ်လို့ကတိပေးပါတယ် '

သိပ်မကြာခင်မှာတော့ တဲထဲမှပြန်ထွက်လာသော ၀တ်ရုံနက်နှင့်လူနှစ်ယောက်ဟာ အမှောင်ထုကိုဖြတ်၍ နန်းတော်ရှိရာဘက်သို့ တဖြည်းဖြည်းဉီးတည်လို့သွားတယ်။

' ရာသီဥတုက သာယာလိုက်တာ '

'......'

' နော် ဘင် ? '

ထိုအခါ သူ့အရှေ့မှ ခပ်မြန်မြန်လျှောက်နေသော ဘင်က စိတ်ပျက်နေသောအသံနှင့်ပြောတယ်။

' ‌ေ*ာက်ပေါလုပ်မနေနဲ့ !   .. '

သူ့စကားကို ပိတ်ပြောလာသော ဘင်ဂယောင်းအား စိတ်တိုတိုနှင့်အနောက်မှ ခပ်ပြင်းပြင်းရိုက်ချလိုက်တယ်။

𝖱𝖺𝗂𝗇𝗒 𝖣𝖺𝗒s  𝖨𝗇 𝖩𝗈𝗌𝖾𝗈𝗇  (VK)Where stories live. Discover now