11

518 74 67
                                    

( U )


...........။

လေဟုန်ဆန်၍မြှင့်တက်သွားသောမြှားဦးဟာ ‌ခပ်ဝေးဝေးအကွာတွင်ရှိသော ကောက်ရိုးတိုင်တွေအား တစ်ချက်ပြီးတစ်ချက်သွားရောက်စိုက်ထွင်းတယ်။ အိမ်ရှေ့စံဟာ မြှားပစ်ကွင်းမျှော်စင်အပေါ်မှာ လေ့ကျင့်ရေး၀တ်ရုံအပြည့်နဲ့ မြှားပစ်လေ့ကျင့်နေတယ်။

ထိုအချိန် မျှော်စင်ပေါ်လှေကားမှအမြန်ဆုံးရောက်အောင်ပြေးတက်လာသောမိုယွန်းက ကိစ္စတစ်ခုအား သတင်းအမြန်ပို့တယ်။

' သားအဖနှစ်ယောက်စလုံး နှုတ်ပိတ်နေပြီး အပြစ်ကို၀န်ခံဖို့စိတ်ကူးမရှိ‌ဘူးထင်ပါတယ် အိမ်ရှေ့စံ.... '

ကင်မ် တစ်ချက်ပြုံးလိုက်တယ်။ သေခြင်းတရားကိုရွေးချယ်မယ်ဆိုတဲ့သဘောပေါ့။ ဘယ်ဆိုးလိုလဲ သစ္စာဖောက်တွေဆိုပေမယ့် သူတို့အချင်းချင်းတော့ သစ္စာရှိသားပဲ။

' ....ပြီးတော့လည်း....အဲ့ဒီသားသတ်သမားက အနှိပ်စက်ခံလွန်ပြီး ဆက်တိုက်....'

မိုယွန်းစကားကိုဆက်မပြောဝံ့ပဲရပ်တန့်လိုက်တယ်။ ထိုအခါ အိမ်ရှေ့စံက ဆက်ပြောရန်ခပ်တင်းတင်းမျက်နှာဟန်ပြတယ်။

'.......'

မိုယွန်း သက်ပြင်းရှည်ချကာ စကားကိုဆက်ရန်ပြင်တယ်။ သူလည်း အိမ်ရှေ့စံအမျက်တော်ရှမှာကို စိုးရွံ့နေတာကြောင့်ဖြစ်တယ်။

' ဆက်တိုက် ညစ်ပတ်နေတဲ့ပလ္လင်ကိုဆေးကြောပေးပါ ဆိုပြီး အော်ဟစ်နေပါတယ် အရှင့်သား '

ကင်မ် ခပ်ညစ်ညစ်တစ်ချက်ပြုံးတယ်။ ညစ်ပတ်နေတဲ့ပလ္လင်ဟုတ်လား...။ ရာရာစစအတင့်ရဲလို့ ...။

' ငါ့အရှေ့ခေါ်လာခဲ့ '

ခက်ထန်လာတဲ့ အိမ်ရှေ့စံမျက်၀န်းတွေအား အထိန်းတော်ဂူ ရိပ်မိနေတယ်။မဟုတ်မှ အမျက်တော်ရှသွားတာမဟုတ်လား...။ သူအစိုးထိတ်ဆုံးအချိန်က အိမ်ရှေ့စံအမျက်တော်ရှပြီး ခက်ထန်သွားတဲ့ အချိန်ပါပဲ။

' နှစ်ယောက်စလုံးခေါ်လာရမှာပါလား အိမ်ရှေ့စံ '

မိုယွန်းအပြောမှာ အိမ်ရှေ့စံက ခက်ထန်လက်စမျက်၀န်းများနှင့် မာရည်ကြောရည်‌ပြုံးကာ တီးတိုးဆိုတယ်။

𝖱𝖺𝗂𝗇𝗒 𝖣𝖺𝗒s  𝖨𝗇 𝖩𝗈𝗌𝖾𝗈𝗇  (VK)Where stories live. Discover now