4

469 83 49
                                    

(U)

လောကကြီးမှာ ရှင်သန်လာရင်းနဲ့ အထိတ်လန့်စရာအကောင်းဆုံးအချိန်တွေကို လူတိုင်းကြုံဖူးကြမယ်မဟုတ်လား။ ?

သူ့အတွက်‌တော့ အဲ့ဒါက အခုလိုအချိန်ပဲ။ ပြဿနာအကြီးကြီးရှာမိသွားပြီလို့ ခံစားနေရတယ်။ တကိုယ်လုံးသွေးကြောတွေပြောင်းပြန်လှိမ့်ဆင်းသွားသလို ဦးခေါင်းခွံတွေလည်းထုံထိုင်းကုန်တယ်။ တလက်စတည်း အဲ့ဒီရဲ့မိုးရွာတဲ့နေ့တုန်းက အိမ်ရှေ့စံဆိုပြီး လျှာရိုးမရှိလျှောက်ပြောခဲ့တဲ့စကားတွေက မိုးချူန်းသံ‌ေတွလိုမျိူး သူ့အာရုံထဲ ပြန်လည်ပဲ့တင်ဝင်‌ေရာက်လို့လာတယ်။

{ ' ယုံလား မယုံလားတော့မသိပေမယ့် ဒါကအမှန်တရားပဲ...ဒါကြောင့် ငါကိုယ်တော်ကို မထီမဲ့မြင်မပြုနဲ့ အခုချက်ခြင်းအရိုအသေပြု '

' စိုးရွံ့မိပါတယ် အိမ်ရှေ့စံ !!! ဒါဆိုရင်တော့ ကျွန်တော်မျိူး အမှားပြုမိပါပြီ အရှင့်သားကပဲသနားညှာတာခွင့်လွှတ်ပေးပါဦး ' }

ဂျွန် ‌ခြေတွေယိုင် ဒူးတွေချောင်လာပြီး အနောက်ကို နှစ်လှမ်းနီးပါးလောက် အထိတ်တလန့်တိုးဆုတ်လိုက်မိတယ်။ ဒါဆို အဲ့ဒီနေ့က သူလိမ်တာကို ဒီလူကသိတယ်ပေါ့!!။ သိရဲ့သားနဲ့ သူ့ကိုအရူးဖြစ်အောင် စကားလိုက်ထောက်ပေးတာပေါ့။ ရူးချင်တာပဲ တကယ်။ ဒါခေါင်းပြတ်သွားမယ့် ကိစ္စပဲ။ အကြံအစည်တွေက စတောင်မစရသေးဘူးလို့ ကျေးဇူးပြုပြီး...။

' ရှာတွေ့ပြီ '

'........'

' မင်းကို '

နူတ်ခမ်းများကို တွန့်‌ကွေး၍ ကျေနပ်ဖွယ်ပြောလာသော အိမ်ရှေ့စံဆိုသူကြောင့် သူရင်တွေတလှပ်လှပ်တုန်လူပ်လာတယ်။ မဟုတ်လွဲရော ဒီတောအတွင်း သူ့အမည်နာမကို အလွဲသုံးစားလုပ်တယ်ဆိုပြီး ငါ့ကိုသတ်မိန့်ပေးဖို့ လိုက်ရှာနေခဲ့တာလား။ အဲ့တာကြောင့် ရှာတွေ့ပြီ လို့ပြောတာမဟုတ်လား။အခုလည်း သတ်ခံရတော့မှာမလား။ ကျားရှေ့မှ မှောက်လျက်ပစ်လဲသလို.. အသတ်ခံရဖို့ ကိုယ့်ခြေထောက်နဲ့ကိုယ်လာခဲ့မိသလိုဖြစ်နေပါပြီ ... ရူးတော့မှာပဲ တကယ်....။

ဂျွန်စိတ်နှလုံးတွေမချမ်းမမြေ့ဖြစ်လို့လာတယ်။ သူတကယ်သေရတော့မှာလား ? အကယ်၍သေရမယ်ဆိုရင်လည်း...သိက္ခာရှိရှိသေနိုင်ဖို့ လုပ်သင့်တာတော့လုပ်ရမယ်ထင်ပါတယ်။ ဘာပဲဖြစ်ဖြစ် သူလုပ်ပစ်လိုက်ရမလား !!!!

𝖱𝖺𝗂𝗇𝗒 𝖣𝖺𝗒s  𝖨𝗇 𝖩𝗈𝗌𝖾𝗈𝗇  (VK)Where stories live. Discover now