3

493 89 42
                                    

( U )

အထိန်းတော်နှစ်ယောက်ခေါ်ဆောင်ရာသို့ ဂျွန် တပ်ကြပ်မကွာလိုက်ပါသွားတယ်။လမ်းတလျှောက်လုံး ဘာတစ်ခွန်းမှလှည့်ပြောလာခြင်းမရှိတဲ့ အထိန်းတော်နှစ်ယောက်က လူပျက်တဲ့အဆောင်၀န်း တနေရာအရောက်မှ သူ့ကိုလှည့်ကြည့်၍ အရိုအသေပြုလျက် စကားစ၍ပြောတယ်။

' အထဲမှာ အမတ်ကြီး စောင့်နေပါတယ် သခင်လေး ... ကျွန်တော်တို့အပြင်မှာစောင့်နေမှာမို့ စိတ်ချလက်ချ၀င်သွားလို့ရပါတယ်  '

ထိုအခါမှ ဂျွန်တစ်စုံတစ်ရာအား အသိ၀င်သွားဟန်နှင့် မျက်မှောင်ကြုံ့တီးတိုးဆိုမိတယ်။

' မင်းတို့က မိန်းမစိုးတွေမဟုတ်ဘူး ... '

' ဟုတ်ပါတယ် အရင်၀င်သွားလိုက်ပါ သခင်လေး '

ဂျွန်လည်း ဘေးဘက်ဝှေ့ဝဲကြည့်ကာ အဆောင်တွင်းသို့ ခြေချလိုက်မိတယ်။ မှိန်ပြနေသော နန်းဆောင်တလျှောက် ခပ်သွက်သွက်လမ်းလျှောက်၀င်သွားရင်း တနေရာအရောက်မှာ သူတံခါးကို ခွင့်မတောင်းပဲ ဖွင့်ချလိုက်တယ်။

ဝေါ ~

ပွင့်လျက်သွားသော တံခါးပြင်ကြီးအဆုံး တည်တံ့စွာထိုင်နေတဲ့ အသက်ခပ်ကြီးကြီး အမျိူးသားတစ်ယောက်ကို သူတွေ့လိုက်ရတယ်။

လက်ဝဲအမတ် ဂျောင်ဂီယုံ ...။ သူကဘုရင့်အပါးတော်မှာ အခစား၀င်နေတဲ့ ဘုရင်အယုံကြည်ရဆုံးသော ပုဂ္ဂိုလ်တစ်ယောက်... ဒါပေမယ့် တနည်းအားဖြင့် သူဟာ သူတို့နဲ့ပူးပေါင်းထားတဲ့ဘုရင့်သစ္စာဖောက်...။

' ရောက်လာပြီကိုး .... မဟုတ်ရင်တောင် မင်းရဲ့ခရီးလမ်းမဖြောင့်ဖြူးမှစိုးလို့ စိတ်ပူနေတာ '

' ကျွန်တော့ကို ခေါ်ရတဲ့အကြောင်းအရင်းက ? '

သူ့အမေးမှာ လက်ဝဲအမတ်ဂျောင်က ရွှင်ရွှင်ပြပြရယ်လျက်ပြောတယ်။

' ဒီတိုင်း အစ်ကိုကြီးဂျွန်ရဲ့ သားကိုတစ်ခါလောက်ဖြစ်ဖြစ် တွေ့ပြီး နှစ်ယောက်တည်းဆုံဖူးချင်လို့ ခေါ်လိုက်တာပါ ဟားဟားဟား မင်းက လူဖြောင့်ပဲ '

အမတ်ဂျောင်အပြောမှာ ဂျွန်ခပ်တန်းတန်းပဲ ပြန်လည်ဖြေဆိုလိုက်တယ်။

𝖱𝖺𝗂𝗇𝗒 𝖣𝖺𝗒s  𝖨𝗇 𝖩𝗈𝗌𝖾𝗈𝗇  (VK)Where stories live. Discover now