1

891 101 46
                                    

( U )

ခရမ်းရောင်ပိုးသားဖျော့ရင့်ပေါင်းစပ်ထားသော ဝတ်ရုံအား အဖြူရောင်အတွင်းဝတ်ပေါ်သို့လွှမ်းခြုံကာ သေသပ်စွာဝတ်ဆင်တယ်။ စည်းနှောင်ထားသောဆံထုံးတော်အပေါ်မှ အနက်ရောင်ခေါင်းဆောင်းဦးထုပ်အား အုံ့လွှမ်းကာ မေးရိုးထင်းထင်းဘေးတွဲလွဲကျနေသော ကြိုးနှစ်စကို မေးအောက်တွင်စုချည်၍ ကြေးမုံဝါထက်မြင်တွေ့နေရသည့်ကိုယ့်မျက်နှာတော်အား ကိုယ်ကြည့်ကာ နူတ်ခမ်းစွန်းလေး ကွေ့ချိူးကာပြုံးမိတယ်။ စားပွဲပေါ်တင်ရစ်ထားတဲ့ ယပ်တောင်ဖြူအားလက်ဖြင့်စုကိုင်ဖြန့်ချရင်း မျက်နှာနား တဖျက်ဖျက်ခပ်ကာ သစ်သားတံခါးအား တွန်း၍ဖွင့်ဟလိုက်စဉ် စူးရှနေသောနေရောင်ခြည်ခပ်နွေးနွေးက မျက်နှာပေါ်သို့ကပိုကရိုဝဲကာကျတယ်။ 

' နေမဝင်ခင်နန်းဆောင်ကိုပြန်လာခဲ့မယ်  ' 

သူ့စကားသံကိုကြားတော့ အထိန်းဂူကရူံ့မဲ့နေသောမျက်နှာထားနှင့်အရိုအသေတစ်ချက်ပေးတယ်။ 

' အိမ်...အိမ်ရှေ့စံ ဟို... '

' ဘယ်သူမေးမေး အိပ်နေတယ်လို့ပြောလိုက်ပါ။ အမိန့်ပဲ '

လတ်ဆတ်လွန်းသောလေငွေ့အား မျက်ဝန်းများကိုပိတ်ကားချရူရိူက်ရင်း ခြိမ်းခြောက်လိုက်သောစကားသံကြောင့် အထိန်းတော်ဂူကြီး အိုးတို့အန်းတန့်ဖြစ်သွားတယ်။ အရှင့်သားကလည်း လုပ်ချင်တာလုပ်မရရင်အာဏာတွေဇွတ်ပြတော့တာပါပဲ။ 

' အမိန့်တော်အတိုင်းပါ အိမ်ရှေ့စံခင်ဗျ '

သူ့စကားကြားတော့မှ အိမ်ရှေ့စံက ယပ်တောင်ဖြူအားတစ်ဖျက်ဖျက်ခတ်ကာ ခါးနောက်လက်တစ်ဖက်ပစ်ရင်း နန်းဆောင်ထဲမှခြေကျော်ထွက်သွားတယ်။ ဒီနေ့လည်း ဒီအိုကြီးအိုမက အိမ်ရှေ့စံပြန်မလာမချင်း ရင်တစ်မမနဲ့စောင့်ရပါဦးမယ်။ အတော်ပြောရခက်တဲ့ အိမ်ရှေ့စံ။

//

လူအသင့်တင့်စည်ကားလျက်ရှိသောဈေးလမ်းငယ်ထဲ လောကအရသာကိုအပြည့်အဝခံစားရင်းယပ်တောင်တစ်ချောင်းဝှေ့ဝဲကိုင်ကာလှည့်ပတ်ကြည့်နေမိတယ်။ နန်းဆောင်ထဲမှာနေရတာ ဘယ်လောက်တောင်မွန်းကြပ်တယ်မှတ်သလဲ။ တစ်ခါတစ်လေတော့လည်း တိုင်းပြည်ရဲ့အနာဂတ်မဟုတ်ပဲ သာမာန်လူတစ်ယောက်အနေနှင့်သာရှင်သန်ချင်ပါတော့တယ်။ ကုန်စည်ရောင်းမယ် ၊ စာအုပ်ဆိုင်လေးဖွင့်မယ်။ အင်း သိပ်ကိုရိုးရှင်းတယ်။ 

𝖱𝖺𝗂𝗇𝗒 𝖣𝖺𝗒s  𝖨𝗇 𝖩𝗈𝗌𝖾𝗈𝗇  (VK)Where stories live. Discover now