One

1.4K 116 22
                                    

"Ladies and gentlemen, welcomes you to Seoul. The local time is 1:00pm. For your safety and the safety of those around you, please remain seated with your seat belt fastened and keep the aisle(s) clear until we are parked at the gate."

မကြာမှီအချိန်အတွင်းမှာ Incheon International Airport ကိုလေယာဉ်ဆင်းသက်တော့မှာဖြစ်ကြောင်း အသိပေးလာသည်မလို့ Seokjinလက်ထဲကကြည့်လက်စဓာတ်ပုံလေးကို တစ်ခေါက်ပြန်ကြည့်ရင်း ပိုက်ဆံအိတ်ထဲပြန်ထည့်ရန်ပြင်လိုက်သည်...

ဓာတ်ပုံထဲက 13နှစ်အရွယ်ကောင်လေးက သူ့ကိုပြုံးပြနေသည်... ဝိုင်းစက်နက်မှောင်နေသော သမင်မျက်လုံးများကို ပြုံးရီနေသောနှုတ်ခမ်းပါးတို့ကအားဖြည့်ထားသောကြောင့် ဓာတ်ပုံထဲကထိုလူသားလေးဟာ ချစ်စဖွယ်အတိ... ဒီဓာတ်ပုံကလွန်ခဲ့တဲ့၂နှစ်ကရိုက်ထားခဲ့သည့်ပုံ... ပိုပြီးတိတိကျကျပြောရရင် သူဆွစ်ဇာလန်မှာကျောင်းသွားတက်ရန် အိမ်မှထွက်လာစဉ်ကတည်းက သူ့ပိုက်ဆံအိတ်ထဲမှာပါလာခဲ့သည့်ပုံလေးပင်....

"ချစ်စရာလေးနော် ကလေးလေးက"

ဘေးနားကအသံကြောင့် သူ့အတွေးတို့ရပ်တန့်သွားပြီး  ၁၃နှစ်သားလေး၏ပုံကို ပိုက်ဆံအိတ်ထဲသို့အမြန်ပိတ်သိမ်းလိုက်ရသည်...

"အဟင်းးးး... "

ဘေးနားကခပ်ညုညုရီသံကြောင့် သူကြည့်မိတော့...

ပန်းဆီရောင်နှုတ်ခမ်း ကာလာစုံခြယ်သထားသောမျက်နှာနုနု ရင်အစုံကိုလှစ်ဟပြသထားသလိုရင်ဟိုက်အင်္ကျီ ပေါင်ရင်းနားထိတိုတက်နေသောစကတ်ကိုဝတ်ဆင်ထားသည့် သူ့နှင့်အသက်မတိမ်းမယိမ်းအမျိုးသမီးတစ်ဦး... သူ့ကိုကြည့်နေသည့်အကြည့်တွေက ရွှန်းလဲ့ရီဝေနေသည်...

OMG! Kim Seokjinတို့တော့ Koreaမြေကိုခြေမချရသေးခင်ကို စွံနေပြီ...

"အာညော်"

သူ့ဖက်ကပင်စတင်နှုတ်ဆက်ကာ စကားစလိုက်တော့ ထိုမိန်းကလေးကရဲတင်းစွာပင် သူ့ပခုံးပေါ်ကိုမှီသယောင်ပြုကာ ပြန်လည်နှုတ်ဆက်လာသည်...

ဟူး... ဒီခေတ်ကာလမိန်းကလေးတွေမလွယ်ပါ့လား...

သူချောတာ သူကိုယ်တိုင်လည်းသိပေမဲ့ ဒီလောက်ဝိုင်းဝိုင်းလည်နေတာကြီးကြမဟုတ်သေးဘူးလေ...

Husband - to - beWhere stories live. Discover now